ရွှေအကြောင်းဖတ်လိုက်ရတော့ ငယ်ငယ်တုန်းက ဖေဖေပြောဖူးတဲ့ ပုံပြင်လေးတစ်ခုသတိရတယ်။ ကြားဖူးကြပြီးသားဖြစ်မယ်ထင်တယ်။ ရွှေကပြောတယ် ငါ့ကို ငရဲမီးထဲတည့်လဲငါမမှုဘူး…ငါ့ကိုယ်ပေါ်က ချေးညှော်တွေတောင်ကင်းသွားသေးတယ်…. လုံ ထဲမှာထည့်ပြီး ရဲရဲနီနေတဲ့မီးနဲ့ ဖုတ်လည်းငါမမှုဘူး ….လုံးလုံးလေး ကျုံ့ပြီးနေလိုက်ရုံပဲ… ပေတုံးပေါ်တင်ပြီး တူနဲ့ထုလည်းငါမမှုသေးပါဘူး…ြ့ပားပြားလေး ပုံစံပြောင်းပြီးနေလိုက်မှာပေါ့…. သံလုံး ရိုလာနှစ်ခုကြားငါ့ကိုထည့်ညှပ်ပြီး ဆွဲလိုက်ပါဦး…ငါကရှည်မျောမျောလေးနေလိုက်မယ်လေ….. ပန်းတိမ်ဆရာက ငါ့ကို ငရဲမီးထဲထည့် ၊မီးနဲ့ဖုတ်၊တူနဲ့ထု၊နန်းဆွဲ အမျိုးမျိုး ပညာပြပြီးပုံစဲမျိုးစုံလုပ်ဦးမှာလား… ငါက ဆံထိုးဖြစ်ရင် ကောင်မလေးရဲ့ဦးခေါင်းပေါ်မှာ ငါ နေရတယ်…. ငါက နားဆွဲဖြစ်ရင် ကောင်မလေးရဲ့နားရွက်လေးမှာ ရီးလေးခိုနေမှာပေါ့… ငါဆွဲကြိုးဖြစ်ရင် ကောင်မလေးရဲ့ လယ်တိုင်ကြော့ကြာ့လေးမှာခိုပြီး ရင်နှစ်မွှာကြားမှာအခန့်သားလေးပေါ့.. လက်စွပ်ဖြစ်ရင်လဲ ကောင်မလေးရဲ့ ဖော့ဖယောင်းလို ပျော့ပြောင်းတဲ့ သူကြွယ်ဆိုတဲ့လက်ချောင်းလေးပေါ်နေရာယူလိုက်မယ်….. နောက်ဆုံး ခြေကျင်း ဖြစ်ခဲ့ရင်တောင် ကောင်မလေးရဲ့ သလုံးသားဖွေးဖွေးလေးအောက်က ခြေကျင်းဝတ်မှာတော့နေလို့ရသေးတယ်လေ… ဒါပေမဲ့ …ငါတစ်ခုတော့ တော်တော် ခံစားရတယ်…. […]