who whoNovember 3, 20111min134
ကျနော်တို့၏ မိဘများသည် ဘာသာရေး၌ အထူးလေးစားကြသော ပုဂ္ဂိုလ်များ ဖြစ်သည့် အလျှောက် ကျနော်တို့အား ရတနာသုံးပါးနှင့် မိဘဆရာသမားတို့အပေါ် အရိုအသေပြုတတ် အောင် အမြဲသင်ကြားပေးပါသည်။ ထိုသို့ သင်ကြားပေးသည့်အတွက် ညစဉ်တိုင်း အနန္တောအနန္တ ငါးပါးကို အမြဲရှိခိုးကန်တော့ပြီးမှ အိပ်ယာဝင်ခြင်းအကျင့်သည် ကျနော်တို့အတွက် နေ့စဉ်လုပ်နေ ကျ ကုသိုလ်ဝတ်တစ်ခုပင် ဖြစ်ပါသည်။ ထိုအထဲတွင်မှ မိဘနှစ်ပါးအား အိပ်ယာဝင်ခါနီးတိုင်း ကိုယ်ထိလက်ရောက် ရှိခိုးခြင်းသည်လည်း တစ်ခု အပါအဝင် ဖြစ်ပေသည်။ “သာဓု…သာဓု…သာဓု…သက်ရှည် ကျန်းမာ စိတ်ချမ်းသာ လိုရာဆုတွေ ပြည့်စုံပါစေ…..” ။ ထုံးစံအတိုင်း အဖေနဲ့ အမေတို့မှ ညစဉ် ကန်တော့တိုင်း ဆုပေးနေခြင်းဖြစ်သည်။ ထိုသို့ ဆုပေးတိုင်းလည်း ကျနော့စိတ်မှာ တွေးမိသည်။ ဟင် …ဘာလို့ အသက်ရှည် စေချင်တာလဲလို့…။ ကျနော် ခဏခဏ […]