alinsettAugust 3, 20121min1015
ဆပ်ကိုမေးရမှာ ကြောက်တယ်ဗျာ။ ဟိုအိမ်ထဲမှာ ဘာတွေဖြစ်ခဲ့သလဲဟင်။ ဆပ်နဲ့ ဟိုတာလီဘန် ဘာတွေဖြစ်ခဲ့သလဲ” ”နှစ်ယောက်စလုံး ကိုယ့်ထိုက်နဲ့ကိုယ့်ကံပါပဲ” ဖာရစ်ဒ်ခေါင်းညိတ်သည်။ ထပ်မမေး။ ပက်ရှဝါမှ အာဖဂန်နစ္စတန်လာ သည့်လမ်းတွင် ဖာရစ်ဒ်နှင့်ကျွန်တော် မိတ်ဆွေဖြစ်ခဲ့ပြီဟူသော အတွေးဝင်လာသည်။ ”ကျွန်တော်လည်း ခင်ဗျားကိုမေးရမှာကြောက်နေတယ် ဖာရစ်ဒ်” ”ဘာများလဲ” ကျွန်တော်မမေးချင်။ အဖြေကြားရမှာ ကြောက်နေသည်။ ”ရာဟင်ခန် …” ”သူသွားပြီ ဆပ်” ကျွန်တော်နှလုံးခုန်မှားသွားသည်။ ”သူ-” ……   … _____________________________ ”သူ-” ”မဟုတ်ဘူး ဆပ်။ ထွက်သွားတာကိုပြောတာ” ဟု ဖာရစ်ဒ်အဖြေပေး ပြီး စာရွက်ခေါက်လေးတစ်ခုနှင့် သော့တံသေးသေးလေးတစ်ချောင်းပေးသည်။ ”ကျွန်တော် သူ့ကိုသွားရှာတော့ အခန်းပိုင်ရှင်ကပေးလိုက်တာ။ ကျွန်တော်မလာ ခင်တနေ့ကတင် ရာဟင်ခန်ထွက်သွားတာတဲ့” ”သူဘယ်သွားတာလဲ” ဖာရစ်ဒ်ပခုံးတွန့်သည်။ ”အခန်းပိုင်ရှင်က သူမသိဘူးတဲ့။ စာနဲ့သော့ကို ဆပ်အတွက်ထားခဲ့ပြီး […]