လွန်ခဲ့သော ကာလများစွာက ကျွန်တော်သည် အမှန် နှင့် အမှား ဝင်ရိုးတန်းတစ်ခုပေါ်မှနေပြီး လူတို့ရဲ့ ရိုးသားမှုကို တိတ်တိတ်လေး ထိုင်ကြည့်နေခဲ့ဖူးပါတယ်။ သေးငယ်သော အစိတ်အပိုင်းတို့၏ ခါးသီးသော အဖြစ်အပျက်အချို့ကြောင့် ကျွန်တော်ဟာ တစ်ခါတစ်ရံ တရားမရှိတဲ့သူတစ်ယောက်လို ပရမ်းပတာဖြစ်ခဲ့ရတယ်။ အဲ့ဒီအခါ ကျွန်တော်ဟာ မာကျောရိုင်းစိုင်းမိတယ်။ ယဉ်းကျေးသိမ်မွေ့မိမယ်။ အရာရာကို ဥပေက္ခာပြုထားမယ်။ အကြောက်အလန့်ကင်းချင်ယောင် ဟန်ဆောင်ထားမယ်…။ ကျွန်တော့်ကို လက်ညိုးထိုး ဟားတိုက်ရယ်မောတဲ့အခါ ဂုဏ်ယူလိုက်ပါရဲ့။… နောက်တော့ ကျွန်တော်ဟာ ရိုးသားမှုကလွဲပြီး အားလုံးကို ရယ်သွေးသွမ်းပစ်လိုက်တယ်…။ ထို့ကြောင့် ကျွန်တော်သည် ကြောင်တစ်ကောင်ဖြစ်ပါသည်။ သေချာတိကျစွာ ပြောရလျှင် ကိုယ့်အမြီးကိုယ် ကိုက်ဖြတ်ထားသော ကြောင်တစ်ကောင်ဖြစ်ပါသည်။ လက်ရှိခေတ် ကမာ္ဘပေါ်တွင် လူ့အခွင့်အရေးဟု တကြော်ကြော်ဖြင့် အော်ဟစ်တောင်းဆိုနေကြသောအခါ ကျွန်တော်သည်လည်း ကျွန်တော်ကဲ့သို့ ကြောင်လောကကြီး […]