Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဂေဇက်သို့…. ကြောင်အခွင့်အရေး တောင်းဆိုခြင်း

koyin sithuOctober 4, 20111min49815

လွန်ခဲ့သော ကာလများစွာက ကျွန်တော်သည် အမှန် နှင့် အမှား ဝင်ရိုးတန်းတစ်ခုပေါ်မှနေပြီး လူတို့ရဲ့ ရိုးသားမှုကို တိတ်တိတ်လေး ထိုင်ကြည့်နေခဲ့ဖူးပါတယ်။ သေးငယ်သော အစိတ်အပိုင်းတို့၏ ခါးသီးသော အဖြစ်အပျက်အချို့ကြောင့် ကျွန်တော်ဟာ တစ်ခါတစ်ရံ တရားမရှိတဲ့သူတစ်ယောက်လို ပရမ်းပတာဖြစ်ခဲ့ရတယ်။

 

အဲ့ဒီအခါ ကျွန်တော်ဟာ မာကျောရိုင်းစိုင်းမိတယ်။ ယဉ်းကျေးသိမ်မွေ့မိမယ်။ အရာရာကို
ဥပေက္ခာပြုထားမယ်။  အကြောက်အလန့်ကင်းချင်ယောင် ဟန်ဆောင်ထားမယ်…။

 

ကျွန်တော့်ကို လက်ညိုးထိုး ဟားတိုက်ရယ်မောတဲ့အခါ ဂုဏ်ယူလိုက်ပါရဲ့။… နောက်တော့ ကျွန်တော်ဟာ
ရိုးသားမှုကလွဲပြီး အားလုံးကို ရယ်သွေးသွမ်းပစ်လိုက်တယ်…။

 

ထို့ကြောင့် ကျွန်တော်သည် ကြောင်တစ်ကောင်ဖြစ်ပါသည်။ သေချာတိကျစွာ ပြောရလျှင် ကိုယ့်အမြီးကိုယ် ကိုက်ဖြတ်ထားသော ကြောင်တစ်ကောင်ဖြစ်ပါသည်။ လက်ရှိခေတ် ကမာ္ဘပေါ်တွင်
လူ့အခွင့်အရေးဟု တကြော်ကြော်ဖြင့် အော်ဟစ်တောင်းဆိုနေကြသောအခါ ကျွန်တော်သည်လည်း
ကျွန်တော်ကဲ့သို့ ကြောင်လောကကြီး တစ်ခုလုံး ကောင်းစားရေးအတွက် ကြောင်အခွင့်အရေးကို ဂေဇက်သို့ တောင်းဆိုပါ့မယ်ခင်ဗျာ.။ စင်စစ်အားဖြင့် ကျွန်တော်လို ဖြစ်စေရန် ယုတ်မာမှု၊ မနာလိုမှုကြောင့် မဟုတ်ပဲ ကြောင်လောကကြီး တစ်ခုလုံးကို ကယ်တင်ရန် အတွက်ဖြစ်ပါသည်။

 

ကြောက်စရာတွေ့လျှင် အမြီးကုပ်၍ အမွှေးဖွာခြင်း၊ ရန်လိုလျှင်လျှင် အမြီးထောင်၍ မာန်ဖီခြင်း၊ ပျော်ရွှင်စရာတွေ့လျှင် တညောင်ညောင်ဖြင့် အမြီးနန့်တတ်ခြင်း တို့သည် ကျွန်တော်တို့လို ကြောင်များ၏ ဟန်မဆောင်တတ်သည့် အားနည်းချက်ဖြစ်ပါသည်။ မြင်ဖူးကြလားတော့ မသိဘူး… ချောင်းပိတ်အရိုက်ခံနေရတဲ့ ကြောင်တစ်ကောင်က ရိုက်တဲ့ လက်ကို ပြန်လျက်ပေးနေတယ်ဆိုတာလေ။

 

လူတွေကတော့ ဒီလိုမဟုတ်ပါ။ ကြောက်ရွံ့သော်လည်း မကြောက်ချင်ယောင် ဟန်ဆောင်ထားနိုင်၏။ ပျော်ရွှင်ဝမ်းမြောက်နေသော်လည်း နှုတ်ခမ်းများကို မဲ့ထားနိုင်၏။ သူတစ်ပါးကို ဒုက္ခရောက်အောင် အကောက်ကြံနေသော်လည်း ထိုသူရှေ့တွင် မျက်နှာကို ပျားသကာ လောင်းထားသည့်အလား ဟန်ဆောင် ပြုံးရွင်နိုင်ကြ၏။ အဲ့သည်လို စွမ်းရည်ထူးကဲသော ဟန်ဆောင်မှုမျိုး ရချင်လျှင် ကျွန်တော်တို့ ကြောင်များတွင် အမြီးမရှိမှ ဖြစ်ပေလိမ့်မည်။

 

တကယ်ပင် လူအချို့တို့သည် ရိုးသားမှုကို နေရာမပေးလိုကြပါ။ ထိုလူများသည် မယားငယ်၏
ချိုင်းမွှေးတစ်ပင်လောက်တောင် “ရိုးသားခြင်း” ကို အမြတ်တနိုး အလေးအနက်ထားရကောင်းမှန်း မသိကြပေ။
ထိုလူများသည် ကျွန်တော့်ကဲ့သို့ ကြောင်များ၏ ခံစားချက်ကို ကျေးဇူးပြုပြီး နားလည်ပေးစေလိုပါသည်။ “အမြီး” သည် ကြောင်တစ်ကောင်၏ ရိုးသားမှုဖြစ်သည် ဆိုသောအချက်ကို အသိအမှတ်ပြုပေးဖို့ လိုပါသည်။

 

 

ကျွန်တော်လို ကိုယ့်အမြီးကိုယ် ကိုက်ဖြတ်ထားသော ကြောင်အနေဖြင့် အခြား ကြောင်ငယ်များ၏ ရှေ့ရေးကို ကယ်တင်ရန်အတွက် ကျွန်တော့် တိုက်တွန်းနှိုးဆော်ချက်ကို သဘောပေါက်လောက်မည်ထင်ပါသည်။

ထိုကြောင့် အမြီးရှိ ကြောင်များ နောင်ရေးကောင်းစားရန်အတွက် အမြီးထောင်၊ အမြီးကုတ်၊ အမြီးဖွာ၊ အမြီနန့်တတ်သော တညောင်ညောင်နဲ့ တစာစာအော်တတ်သော ဟန်မဆောင်တတ်ကြသော ရွာထဲမှ ကြောင်များကို ကိုယ်အမြီးကိုယ် ကိုက်ဖြတ်ထားသော ကျွန်တော့်နည်းတူ အမြီးအားလုံးကို ဖြတ်ပစ်ပေးပါရန် ဂေဇက်သူကြီးမင်းထံသို့ တောင်းဆိုအပ်ပါသည် ခင်ဗျာ…။

 

(သဂျီးသို့ တိုင်ကြားစာ)

ထို့အပြင် ရွာထဲတွင်လည်း (ယုန်ထောင် ကြောင်မိ) ဆိုတဲ့ စကားပုံအတိုင်း အခြား သတ္တဝါများအတွက် ထောင်ချောက်များ ထောင်ထားခြင်းကို မသိပဲနဲ့ အကြားအာရုံကောင်းသော ကျွန်တော်တို့ ကြောင်များခမျာ ပြေးပြေးကြည့်ရသဖြင့်  မကြာခဏ ထောင်ချောက်မိနေကြောင်း သဂျီးထံသို့ တိုင်ကြားအပ်ပါသည်။

 

ချစ်ခင်စွာဖြင့်

ကိုရင်ကြောင်

 

 

15 comments

  • aungnng87

    October 4, 2011 at 3:11 pm

    ဘယ်လိုယောက်ကျားတွေကများ မယားငယ်ရဲ့ ချိုင်းမွှေးတွေကိုအမြတ်တနိုးရှိနေပါလိမ့်….?

  • nikita

    October 4, 2011 at 3:27 pm

    စာဖတ်ရင် ယောင်ပြီးကိုယ့်အနောက်ကိုယ် ပြန်ကြည့်လိုက်မိတယ်……….
    တော်သေး အမြီးမပါလို့…….:)

  • manawphyulay

    October 4, 2011 at 6:01 pm

    ကဲ ကြောင်အဖွဲ့အစည်း ကြောင်ဂိုဏ်းချုပ်မှ ကြောင်များ အစည်းအဝေးကို ပြုလုပ်မည် ဖြစ်ပါသဖြင့် ကြောင်များ ကြားရာ ရောက်ရာအရပ်မှ အမြန်လာရောက် စုရုံးကြပါရန် ရွာတွင်း မောင်းထုအကြောင်းကြားအပ်ပါသည်။

    ပုံ/
    ကြောင်ဂိုဏ်းချုပ်
    ကိုရင်ကြောင်

  • rapperlay

    October 4, 2011 at 8:41 pm

    အနော် ကြောင်တစ်ကောင် အပြေးလေး ရောက်လာပါသည်၊
    ကြောင် ဌက်ကထ ကို သတင်းပို့ ပေးကြပါ ။

    • small cat

      October 6, 2011 at 9:40 am

      ကြောင်မှတ်ပုံတင်ချင်ရင် နာမည်ကို rappercat လို့ပြောင်းလိုက်ပါ၊
      (မပြောင်းတတ်ရင် သူကြီးကိုမေးလိုက်)
      ဦးစီးမှူး ဦးကြောင်ကြီးကိုတင်ပြလိုက်ပါ့မယ်။ ထုံးစံအတိုင်း
      တစ်ပုလင်းတော့ပေးရမယ်နော်…ဟဲဟဲ။ (blue label)။

      အကိုကြောင်ကြီးရေ လက်ခံလိုက်ရမလား?

  • ပေါက်ဖော်

    October 4, 2011 at 9:40 pm

    ကြောင်မျိုးနွယ်တွေများလာရင် သဂျီးအာဏာ တက်လုကြရအောင်…ဗျို ့..
    😀

  • ကြောင်ကြီး

    October 5, 2011 at 11:51 am

    သဂျီးက ဖြတ်ရင် ရှေ့နောက်ကြည့်တာ မဟုတ်ဘူး။ အဖြတ်မတော်ရင် ကိုပုလို ဖြစ်သွားအုံးမယ်။

  • Shwe Ei

    October 5, 2011 at 11:59 am

    ဒါလေးနဲ့လုပ်စားနေရတာကို ဖြတ်စရာလားလို့။ (အမြီးကိုပြောပါတယ်) 😀

  • True Answer

    October 5, 2011 at 1:25 pm

    ရွာထဲမှာ ကိုကြောင်ကြီး တို့ မျိုးနွယ်တွေ လည်း တဖြည်းဖြည်း များပြားလာပြီး
    တဖြည့်ဖြည်း လူမျိုးနွယ်တွေကို လိုက်အတုခိုးနေပါပြီကောလား။ း)

  • thit min

    October 5, 2011 at 1:58 pm

    ကိုရင်စည်သူကပေါက်ကွဲသံစဉ်ကိုကြောင်အမြှီးပြတ်ပုံနဲ့
    ပြောသွားတာ၊ကိုပေါက်ရဲ့ကြောင်ဒိုဘာမင်ဓာတ်ပုံကိုသွားသတိရမိသေး။
    အင်း သင့် “ကြောင်” မီးမလောင်ပါစေနှင့်ပေါ့နော်။

  • min min san

    October 5, 2011 at 5:43 pm

    You are not a cat,,,,so you dont really know how they feel,,,,you are only pretend to be a cat,,,,,,,,,,,if you really want to be a cat,,,you must have a tail like them,,,,,,,,,,,,i hope you get my point. Anyway your post quiet fundenmental for all the cat and humen being.

  • ရာဇဝင်လူဆိုး

    October 5, 2011 at 10:28 pm

    —–ကျနော်သည် ကြောင်တစ်ကောင် ဖြစ်ပါသည်။ ပိုပြီးတိတိကျကျပြောရလျှင် ကျနော်သည် ကိုယ်.ကို ချစ်ခင် ယုယသူများ၏ လက်ပေါ်တွင် အပျင်းကြီးနေသည်. ကြောင်တစ်ကောင်ဖြစ်ပါသည်။ ခြင်္သေ့များ၊ ကျားများနှင်. ကျားသစ်များသည် ‘ကြောင်ကြီး မျိုးနွယ် အုပ်စု” ထဲတွင် ပါဝင်သည်ဟူသော သတ္တဗေဒ ပါရဂူတို.၏ အဆိုအရ ကျနော်သည် “အကောင်ကြီး” များနှင်. အလိုလိုနေရင်း ဆွေမျိုးတော်စပ်သူလည်း ဖြစ်ပါသည်။သို့သော်…. ကြောင်တစ်ကောင်သည် ဘယ်တုန်းကမှ ခြင်္သေ့လို ဟိန်းရန် ဟောက်ရန် ကြိုးစားခဲ့ဖူးခြင်း မရှိသည်ကို သင်သတိထားမိပါသလား…..စကားစပ်မိ၍ ပြောရလျှင် သင်ကော ကျွန်တော်ပါ နပိုလီယန်ကို ကောင်းစွာ သိကြသော်လည်း ‘နပိုလီယန်၏ ယောက်ဖ’ အမည်ကို (ဘယ်….. သမိုင်းစာမျက်နှာကမှ မော်ကွန်း မထိုးခဲ့သောကြောင့်) မသိခဲ့ကြပါ။ ထို့အတူ “အိုင်းစတိုင်း” ကို သိသော်လည်း အိုင်းစတိုင်း၏မယားဘက်ကပါသော တူတစ်ဝမ်းကွဲ၏ အမည်ကို ဘယ်သူကမှုကြားဖူးလိမ့်မည် မဟုတ်တာ သေချာပါသည်။ (ကျွန်တော့် အယူအဆကို သင် နားထောင်လိုမည် ဆိုပါက လောကတွင် လူတို့ မလိုအပ်ဘဲ လျှောက်လုပ်နေကြသော ကိစ္စများအနက် ဆွေမျိုးစပ်ခြင်းအလုပ်သည် မင်္ဂလာဆောင် အခမ်းအနား ကျင်းပပုံမျိုးနှင့် ခပ်ဆင်ဆင်တူကြောင်း ပြောပြလိုပါသေးသည်။ အတော်ရှုပ်ရှုပ်ထွေးထွေး လုပ်ရသော ကိစ္စဖြစ်ပြီး နောက်ပိုင်းတော့လည်း ဘာမှမဟုတ်ပါ။) နပိုလီယန်နှင့် ဆွေမျိုးတော်စပ် ရရုံမျှဖြင့် နပိုလီယန်လို ဟိန်းဟောက်တတ်ကြသော “လူ’’ များ၊ အိုင်းစတိုင်းနှင့် ဆွေမျိုးတော်စပ် ရရုံမျှဖြင့် အိုင်းစတို်င်းလို ဟိန်းဟောက်တတ်ကြသော ‘လူ’ များသည် လမ်းမှာ ကြောင်တစ်ကောင်နှင့် ဆုံလျှင် ဦးညွှတ် ရိုအသေပေးသင့်သည်။

    —–ကျွန်တော် အမြီးပြတ်နေသည့် ခွေးတစ်ကောင် ဖြစ်ပါသည်။ အီစွတ်ပုံပြင်များကို ဖတ်ဖူးလျှင် သင်…… ကျွန်တော့်ကို သိပါလိမ့်မည်။ မိမိတွင် အမြီးပြတ်နေသည့် အတူတူ တခြား ခွေးတွေကိုပါ အမြီးတွေ ဖြတ်ပစ်လိုက်ဖို့ရန် တိုက်တွန်းခဲ့သောပုံပြင်ထဲမှ ခွေးသည် ကျွန်တော် ဖြစ်ပါသည်။ စစ်စစ် ထိုကိစ္စသည် ကျွန်တော်၏ ယုတ်မာ မနာလိုမှု တစ်ခုမဟုတ်ဘဲ ခွေးဘောင်လောကကြီး တစ်ခုလုံးကို ကယ်တင်ရန် ကြိုးပမ်းခဲ့သော ကျွန်တော်၏ အားထုတ်မှုတစ်ရပ်သာ ဖြစ်သည့်အကြောင်း ဤနေရာမှ နေ၍ ဖြေရှင်းပါရစေ။
    ကြောက်ရွံ့့စရာတွေ့လျှင်အမြီးကုပ်ခြင်း၊ပျော်ရွှင်ဝမ်းးမြောက်စရာတွေ့လျှင် အမြီးနန့်ခြင်းတို့သည် ကျွန်တော်တို့ ခွေးများ၏ဟန်မဆောင်တက်သည့်အားနည်းချက် ဖြစ်၏။
    လူတွေကတော့သည်လိုမဟုတ်ပါ။ကြောက်ရွံ့သော်လည်းမကြောက်ရွံ့ချင်ယောင် ဟန်ဆောင်ထားနို်င်ကြ၏။ ပျော်ရွှင်ဝမ်းမြောက်သည့်တိုင် သူတို့၏် နှုတ်ခမ်းများကို မဲ့ထားနိုင်စွမ်းရှိကြ၏။
    အဲသည်လိုစွမ်းဆောင်ရည်ထူးကဲသော ဟန်ဆောင်မှုမျိုးရချင်လျှင်ခွေးများတွင် အမြီးမရှိမှဖြစ်ပေလိမ့်မည်။ မယားငယ် ချိုင်းမွေးကိုသာမြတ်နိုးရိုသေတတ်ကြပြီး ‘ရိုးသားခြင်း’ ကို အလေးအနက်ထားရကောင်းမှန်း မသိသော ‘လူများ’ အတွက် ခွေးတစ်ကောင်၏ ခံစားချက်ကို ကျေးဇူးပြု၍ နားလည်ခွင့်လွှတ်ပေးစေလိုပါသည်။ တကယ်ပင် လူတွေက ရိုးသားခြင်းကို နေရာမပေးချင်ကြပါ။ “အမြီးသည် ခွေးတစ်ကောင်၏ ရိုးသားမှု ဖြစ်သည်” ဆိုသည့်အချက်ကိုလည်း အသိအမှတ် မပြုကြပါ။ ခွေးမြီးကောက် ကျည်ထောက်စွပ် ဟူသည့် စကားပုံကို သင်ကြားဖူးသည် မဟုတ်လား။ ပြုပြင်သွန်သင် ဆုံးမ၍ မရသော ‘လူ’ များကို ခွေးမြီးနှင့် ခိုင်းနှိုင်းထားခြင်း ဖြစ်ပါသည်။ ခွေးအမြီးကို ဝါးကျည်ထောက်စွပ်ပြီး ဖြောင့်အောင် ကြိုးစားကြည့်သော်လည်း နဂိုအတိုင်း ကောက်မြဲ ကောက်နေသည်ဟု ဆိုုလိုပုံ ရ၏။ တကယ်ဆိ်ုလျှင် သည်ကိစ္စတွင် ခွေးအမြီးကို တရားခံ လုပ်စရာ ဘာအကြောင်းမှ မရှိပါ။ အမြီးကောက်နေသည်ကို ဖြောင့်ပေးဖို့ရန် အလှပြင်ဆိုင် သွားအပ်သည့် ခွေးဟူ၍ သင် ကြားဖူးပါသလား။ သူ့ဘာသာသူ ရိုးရိုးသားသား ကျေကျေနပ်နပ် ကောက်နေသည့် အမြီးကို မနေနိုင်၊ မထိုင်နိုင် ဖြောင့်ပေးဖို့ရန် လက်ဆော့ပြီး ဝါးကျည်ထောက် သွားစွပ်သူမှာသာ အပြစ် ရှိပါသည်။ ကမ္ဘာဦး အစကတည်းက ကောက်နေသည့် ခွေးအမြီးသည် (ကျွန်တော် သိရသလောက် ) မည်သူ့ကိုမှ ဒုက္ခပေးခဲ့ဖူးခြင်းမရှိပါ။ ခွေးငယ်များ၏ ရှေ့ရေးကို ကယ်တင်ရန်အတွက် ခွေးအပေါင်းတို့ မျက်နှာငယ်စရာ ဖြစ်စေသည့် အမြီးများကို ဖြတ်တောက်ပစ်ဖို့ ကျွန်တော် တိုက်တွန်းနှိုုးဆော်ခဲ့ရသည့် အကြောင်း သဘောပေါက်လောက်ပြီ ထင်ပါသည်။ အကယ်၍ သင်သာ ဘဝတစ်ခုခုတွင် ခွေးဖြစ်ရပါက သင့်အမြီးကို ဖြတ်ပစ်ပါမည်ဟု ကျွန်တော်အား ကတိပေးနိုင်ပါမည်လား။

    (မင်းခိုက်စိုးစံ ၏ သူတစ်စိမ်း ဝတ္ထုတိုမှ တိုက်ရိုက်ကြီး ကျုပ်ကူးချလိုက်ပါသည်။)

  • minmahar

    October 6, 2011 at 1:26 am

    ပါတဲ့ အမြှီးလေးတော့ ကုပ်ထားမှ ..
    သဂျီးတွေ့လို့ မဖြစ်ဖူး … ။

  • ညီလေး

    October 9, 2011 at 1:38 am

    ညောင်…ညောင်…ညောင်….

Leave a Reply