ကြောင်လေးAugust 27, 20121min1707
တရံရောအခါ ငကြောင်သည် မခံနိုင်ရွေ့ ထွက်သွားပြီးလျှင် အမတ်မင်းထံ သွားရွေ့ခုံလှုံအိ၊ အမတ်မင်းလည်းသနားသဖြင့်ဒရိုင်ဘာခန့်လေအိ။ အမတ်မင်းသည်လည်း ကားဂိုထောင်သို့ မိန်းမအားမကြာခဏ ခေါ်လာပြီး မကြာခင်ကမှ ပါမစ်ရထားသော ချယ်ရီကားလေးအား ပြကာပြကာကြွားလေအိ။  တနေ့သနှိုက် အမတ်မင်းသည် ဒရိုင်ဘာငကြောင်ကိုခေါ်ကာ အီသို့ မိန့်အိ။ အီကားအား သန့်ရှင်းလေးနေ့စဉ်လုပ်ရွေ့ ဆီရေလေဝိုင်စစ်ဆေးထားရန်၊ မနက်မိုးလင်းတိုင်း ဘက်ထရီချာချင် ဝင်စေရန် စက်နှိုးပြီး နာရီဝက်တစ်နာရီထားရန်၊ကားအင်ဂျင်အား တောက်ဝူး အဆင့်ရောက်အောင် အမြဲ တမ်း ဆောင်ရွက်ထားရန်၊ဘရိတ်အားနေ့စဉ်စစ်ဆေးပြီး တိကနဲနင်းရင် တုံ့ကနဲ မိအောင် ဆောင်ရွက်ထားရမည်ဟု မိန့်တော်မူအိ။ ဒရိုင်ဘာလည်းအမတ်မင်းဆိုသည့်အတိုင်း ကလိ (အဲ)လုပ်အိ။ အခါတစ်ပါးနှိုက် အမတ်မင်း၊ဇနီးနှင့်ခယ်မတော် တို့သည် ရှော့ပင်းထွက်ရာ ဒရိုင်ဘာမှ မောင်းပို့ရအိ၊ လမ်းသို့ ရောက်သော် ကားမောင်းသင်ပြီးစဇနီးသည်က မောင်းလိုပါသည်ဟု တစာစာ ပူစာအိ။ အမတ်မင်းလည်း အလိုလိုက်အိ၊ […]


ကြောင်လေးAugust 27, 20121min2329
ဆီးဖြူ ငကြောင် အိပ်မက် အကြောင်း။ ဇလုံပြည် ဇွန်းဂရာဇ်မင်း။ ဃ-စ- ပဌ္စာ-ကြိမ်း ငေါရာခရောက်ဆီ ကို ဖြို ကြွင်း ရခိုင်မုနိ ကြိမ်း သဂရာဇ်   နှစ်ရာခရောက်ဆီရွှတ်ခုနှစ်၊ ဇလုံပြည်မှာ မင်းဖြစ်တော်မူသော စလေငကြောင် အိပ်မက်အကြောင်းကား အနှီသို့တီး။ ဆီးဖြူအရပ်နှိုက် ၊ငကြောင်မိဘတို့သည် စားမကုန်သောက်မကုန်အလွန်ချမ်းသာသည့်အတွက် ငကြောင်ကို   ပေါက်ဖော်ထံသို့ရောင်းလေအိ။ ထိုငကြောင်ဝါသနာကား ကွမ်းစားသောဆေးရွက်ကြီးအနံ့မွှေးမွှေးကို  အလွန်ကြိုက်ရွေ့ငုံအိ။ နံငယ်ပိုင်းအစုတ်ကိုနှစ်သက်အိ။ တနေ့လုံး ပေါက်ဖော်ဘီအီးကိုခိုးသောက်ရွေ့မူးသောဟူအိ။ တရံရောအခါ ပေါက်ဖော်သည် တုတ်တစ်ချောင်းထိပ်တွင် သံချွန်တတ်ရွေ့ငကြောင်အား ပလပ်စတစ်ကောက်ရန် ဇလုံပြည်သို့လွှတ်လေအိ။ ဇလုံသို့သွားရင်း တညတွင်ငကြောင်သည်    ဘီအီးသောက်ပြီး  ဇလုံ ပြည် ကို တပတ်ပတ်ရွေ့ရှူရှူးပေါက်ရင်းလမ်းလျှောက်သည်ဟုအိပ်မက်မက်လေအိ။ မနက်မိုးလင်းသော် လမ်းတွင် ဈေးဝယ်ရင်းဘေးတွင်ချထားသောမနော ဦးထုပ်ကို သံချွန်ဖြင့် ထိုးယူလေ၏။  ဦးထုပ်ကိုကြည့်ရာ ဘီအီးတစ်လုံးဖိုးပင် […]


ကြောင်လေးJuly 25, 20121min25615
အချုပ်ခန်း အချုပ်ခန်းတစ်ခုအတွင်းသို့ လူငယ်လေးတစ်ယောက်ကုတ်ချောင်းချောင်းနဲ့ရောက်လာတယ်၊ အထဲမှာရှိနှင့်သူတစ်ယောက်က လှမ်းမေးတယ်။ “ဟေ့ကောင် မင်းဘာမှုလဲ ” “ဆဲမှုပါ” “သွား ဟိုထောင့်မှာသွားထိုင်နေ” “ဟုတ်ကဲ့” ထိုသို့ဟောက်လိုက်သူကိုအခြားတစ်ယောက် ကခပ်တည်တည်နဲ့ပြောတယ်။ “မင်းကကော ဘာမှုမို့ သူများကိုဟောက်နေရတာလဲ” “ရန်ဖြစ်မှုပါ” “သွားမင်းပါ အဲဒီထောင့်မှာသွားထိုင်”   ဆိုပြီးအမိန့်ပေးလိုက်တော့ “ဟုတ်ကဲ့”  ဆိုပြီး သွားထိုင်နေပါတယ်။ အဲဒီအမိန့်ပေးသူကို အခြားတစ်ယောက်ကလှမ်းမေးပါတယ်။ “မင်းကကော ဘာမှုမို့ အမိန့်ပေးနေတာလဲကွ” “ခိုးမှု” “ဒါဆို လာစမ်း ငါ့ကို ယပ်ခတ်ပေးစမ်း” လို့မျက်နှာထားတင်းတင်းနဲ့လှမ်းငေါက်ပါတယ်။ သူခိုးလဲ “ဟုတ်ဟုတ်ကဲ့ခင်ဗျ” ဆိုပြီး ယပ်တောင်လေးယူပြီးယပ်ခတ်ပေးလိုက်ပါတယ်။ အဲဒီဇိမ်ခံနေတဲ့သူကို နောက်တစ်ယောက်ကမေးပါတယ်။ “မင်းကကောဘာမှုလဲကွ” “ငါရန်ဖြစ်ပြီး ဒါးထိုးမှုနဲ့ရောက်လာတာကွ” လို့ ခပ်ဆတ်ဆတ်ပြန်ပြောပါတယ်။ “အောင်မာမင်းလိုကောင်ကဇိမ်ခံနေရသေး၊ လာငါ့ကိုဇက်ကြောဆွဲပေးစမ်း” “မင်းကဘာမို့လို့ ငါ့ကို အမိန့်ပေးရတာလဲ” လူမိုက်က အခြားလူတွေလိုမဟုတ်ပဲ မိုက်ဂုဏ်လေးနဲ့ပြန်မေးလိုက်ပါတယ်။ဒီအခါပထမမေးသူက ငါက […]


ကြောင်လေးJuly 13, 20121min52325
“ဇမ္ဗူဒီပါ လယျာ်တောင်ကျွန်းနမိတ်ထွန်း”  တဲ့ “ဇမ္ဗူဒိတ် နမိတ်”  တဲ့ ကျနော်တို့မြန်မာတွေဟာအတိတ်တဘောင်တွေကို အတော်ယုံကြည်ကြပါတယ်။ ရှေးလူကြီးတွေ အဆိုထားရှိခဲ့တဲ့အတိတ်တဘောင်တွေဟာတော်တော်များပါတယ်။ သူဟာနဲ့သူပြန်ရှင်းပြတော့လည်း ဟုတ်နေသလိုလိုပါပဲ။ မှတ်မိသလောက်ပြောရရင် …… “အင်းကို (သိပ်မသေချာပါ၊ကျနော်ဇဝေဇဝါဖြစ်နေတယ်) ဟင်္သာ နားလိမ့်မည်၊ ဟင်္သာကိုထီးရိုးရိုက်လိမ့်မည်၊ ထီးရိုးကို မိုးကြိုးပစ်လိမ့်မည်”  တဲ့ နယ်ချဲ့အုပ်ချုပ်မှုကို ဆိုထားတာဆိုလားပဲ။ နောက်တမျိုးက……. “လူပျိုအမေ ဆန်တစ်စိပ်နဲ့ ရွှေမန်းတောင်ပေါ် အလုံပိတ်လို့ ပုန်းအိပ်ရမယ်”  တဲ့… ဒါလည်းဟုတ်သလိုလို…… “ဥသျှစ်တစ်တင်းနှမ်းတစ်တင်းနဲ့၊ ဒန့်ကျွဲပင် ပုခက်ဆင်” ဆိုတာမျိုးတွေ ကလည်း ဖြစ်လာတော့မယောင်။ အခြားဟာတွေလည်းရှိဦးမှာပါ၊ကျနော်တော့သိပ်မမှတ်မိတော့ဘူး……. မကြာသေးခင်က အုတ်အော်သောင်းနင်းကိစ္စဖြစ်သွားတော့မှ တဘောင်နှစ်ခုကိုသတိရသွားမိတယ်။ ကျနော်ဒီပို့စ်ကိုရေးသားရာမှာ ဘယ်သူဘယ်ဝါ၊ဘယ်ကိစ္စအကြောင်းအရာကိုမှမရည်ရွယ်ပါဘူး။ မြန်မာ့တဘောင်တွေကိုသာဝေဖန်စဉ်းစားမိတာပါ။ ကျနော်မသိတဲ့မရှင်းတဲ့ အကြောင်းကိုလည်းမေးချင်တာပါတာပေါ့။ တစ်ခုကတော့ဒါလေးပါ………… “တရုတ်ကဖိ၊ရှမ်းကအိ၊ရှိသည့်ဗမာ၊အနောက်မှာ”၊(မူကွဲ)တောင်ရိုးမှာ… ဇွန်လ အရေးအခင်းမဖြစ်ခင်အထိတော့ ဒီတဘောင်သိပ်မှန်တာပေါ့။ သိကြတဲ့အတိုင်းမန္တလေးကို ပြည်ကြီးပေါက်တရုတ်တွေ သိမ်းပိုက်လုလုဖြစ်နေတာ […]