အစိုင်အခဲတစ်ခု၏အပိုင်းအစတစ်ခု မိုက်အိုက်ဖ်ရဲ့ ဒီဇိုင်းပိုင်းဆိုင်ရာလွမ်းမိုးမှုက သူ့ရဲ့ကလေးကို အိမ်သုံးပစ္စည်းတွေကြားမှာပဲ အရွယ်မတိုင်ခင် ရင့်မှည့်စေခဲ့ပါတယ်… မိုက်ဟာ ငွေပန်းတိမ်ဆရာအဖြစ်ရော အိပ်ဆက်စ် (Essex)ရဲ့ ဆရာတစ်ယောက်အဖြစ်ရော နှစ်ပေါင်းများစွာလုပ်ကိုင်ခဲ့သူလဲဖြစ်ပါတယ်… မိုက်ရဲ့လုပ်ဖော်ကိုင်ဖက် တစ်ဦးရဲ့ပြောပြချက်အရ သူဟာ ကြီးမားပြီးသိမ်မွေ့တဲ့လူ့ဘီလူးကြီးပါတဲ့… သူဟာနှစ်သက်ဖွယ်ကောင်းပြီး သူ့ရဲ့လက်ရာမြောက်မှုက လေးစားစရာကောင်းပါတယ်တဲ့… သူ့ရဲ့ဖန်တီးနှိုင်မှုစွမ်းရည်ဟာ သူ့ကိုလက်မှုပညာသည်တစ်ယောက်အဖြစ်အသက်မွေးဖို့ ဆုံးဖြတ်စရာတစ်ခုဖြစ်လာပါတယ်… ဒါပေမယ့် နောက်ပိုင်းမှာတော့ သူ့ကိုပညာရေးက ကျယ်ကျယ်ပြန့်ပြန့် လွှမ်းမိုးသွားပါတော့တယ်… မိုက်ဟာ ပညာရေးဝန်ကြီးဌာနက သီးသန့်ရွေးချယ်ခံရတယ့် ဆရာတစ်ယောက် ဖြစ်လာပြီး Her Majesty’s Inspector လို့ခေါ်တဲ့ ဘွဲ့တံဆိပ်တစ်ခုချီးမြှင့်ခံခဲ့ရပါတယ်… သူဟာ ခရိုင်တွင်း မှာရှိတဲ့ ကျောင်းတွေရဲ့သင်ကြားမှုအရည်အသွေးကို စောင့်ကြည့်လေ့လာမှုလုပ်ဖို့ တာဝန်ပေးအပ်ခြင်းခံရပါ တော့တယ်… သူအဓိကစောင့်ကြည့်ရမယ့်ဘာသာရပ်ကတော့ ဒီဇိုင်းနှင့် နည်းပညာဖြစ်လာပါတယ်… အဲဒီအချိန်မှာ ဗြိတန်ကျောင်းတွေဟာ အလုပ်အကိုင်အခွင့်အလန်းနှင့်သက်ဆိုင်သောပညာရေးစနစ် ဖွံ့ဖြိုးတိုးတက်အောင်ကြိုးစားနေချိန်ဖြစ်ပါတယ်… သင်ရိုးညွှန်းတန်းအခြေခံပညာရေးနဲ့ လက်တွေ့ အသုံးချပညာရေးတို့ကြားမှာရှိတဲ့ […]


အချိန်က မှတ်မှတ်ရရ… ၂၀၁၄ခုနှစ် တပ်မတော်နေ့… အလုပ်ပိတ်ရက်မို့… မိန်းမနားကပ်… မိန်းမချက်ကျွေးတဲ့ထမင်းလေးစားပြီး အဆီလေးရစ်နေတုန်း.. နေ့လည် (၁)နာရီလောက်မှာ စစ်တွေရုံးက Logisitc တစ်ယောက် ကျွန်တော့်ဖုန်းကို ဆက်လာတယ်… ပိတ်ရက်တွေကို ရုံးကဖုန်းဆက်တော့ လေးတိလေးကန်စိတ်နဲ့ပဲ ဖုန်းကိုကိုင်လိုက်မိတယ်…   တစ်ဖက်က… အစ်ကိုရေ… ကွန်ပျူတာတွေ ဘယ်လိုလုပ်ရမလဲတဲ့… ခပ်နောက်နောက် ကျွန်တော်က ရေဆေးပြီး နေလှန်းထားလိုက်လို့ ပြောလိုက်မိသေးတယ်… ပြီးတော့မှ… တစ်ဖက်နေ ဘယ်ဟာတွေဖြုတ်သယ်လာရင်ရမလဲ ဆက်မေးပါတယ်… ဒီလိုထူးဆန်းတဲ့မေးခွန်းကို ဖြေဖို့ ကျွန်တော်မေးခွန်းတစ်ခုထပ်မေးရပါတော့တယ်…   “စစ်တွေမှာဘာဖြစ်လို့လဲဟင်…” ဖြစ်တာကတော့ တပ်မတော်နေ့မတိုင်ခင်ညပိုင်းက စစ်တွေမြို့ပေါ်မှာရှိတဲ့ NGO တွေ UN တွေရဲ့ ရုံးတွေ… ကုန်လှောင်ရုံတွေကို ဒေသခံလူတွေက အင်အားသုံးပြီး ဖျက်ဆီးလိုက်တဲ့အကြောင်းနဲ့… ကျွန်တော်တို့ ရုံးလဲ ပျက်ဆီးမှုရှိပြီး အရေးကြီးဒေတာတွေ ပြန်သယ်ဖို့အကြောင်းကို […]


ဒီနေရာမှာ… ကွယ်လွန်သွားပြီဖြစ်တဲ့… ဆရာကြီးဦးသုခရဲ့ စကားအဖွင့်လေးကို ယူသုံးခွင့်ပြုပါခင်ဗျာ… အာဒံနဲ့ဧဝကပဲစတယ်ပြောပြော… ဗြဟ္မာကြီးလေးဦးကပဲစတယ်ပြောပြော ခြေနှစ်ဖက်… လက်နှစ်ဖက်နဲ့ ပုခုံးနှစ်ဖက်ကြားမှာ ခေါင်းရှိပြီး ဘာသာစကားတစ်မျိုး သို့တည်းမဟုတ် တစ်မျိုးထက်ပိုပြီး ပြောဆိုနိုင်သော သတ္တဝါကို လူဟုခေါ်ပါသည်လို့ အဖွင့်လေးမှာ ကျွန်တော်ဆိုချင်သဗျ… နိုင်ငံခြားအဘိဓာန်တချို့ရဲ့အလိုကျတော့ Having human form or attribute တဲ့ဗျား… လူသားပုံစံ သို့ လူသားဆန်သောပင်ကိုယ်အရည်အချင်းတွေရှိရင် လူသားလို့ဆိုလိုပါတယ်တဲ့… ကဲ…ဟုတ်ပါပြီဗျာ… ဒီတော့ လူဆိုတာနဲ့ လူသားပုံစံဝင်ရမယ်… ခြေနှစ်ဖက်ပေါ်ရပ်ပြီးလမ်းလျှောက်ရမယ်… လက်နှစ်ဖက်နဲ့ ဦးခေါင်းပါဝင်ပြီး လူသားတို့အရည်အချင်းတွေဖြစ်တဲ့ စကားပြောဆိုဆက်ဆံတာတို့ ပေါင်းသင်းဆက်ဆံရေးတို့ မွေးဖွားခြင်း၊ သေဆုံးခြင်းတို့ တည်ရှိဖြစ်ပျက်နေရင် မြို့ကြီးသားပဲဖြစ်ဖြစ်… တောနေလူပဲဖြစ်ဖြစ်… လူသူအရောက်အပေါက်နဲတဲ့နေရာက လူရိုင်းပဲဖြစ်ဖြစ်… အားလုံးကို ခြုံကြည့်လိုက်တော့ လူဟာ လူပါပဲ… ဒီနေရာမှာ ဘာသာတရားတွေမပါဘူး… ဘာသာစကားတွေမရှိဘူး… ဓနဥစ္စာတွေ […]


ကြောင်ဝတုတ်December 19, 20131min26512
လူ့လောကဆိုတော… ဘုတ်ငှက်တို့ ကျေးငှက်တို့ ပျံသလို… နိမ့်တုံမြင့်တုံရှိသတဲ့… ကျွန်တော် တက္ကစီကားဆရာအလုပ်ကို ဘဝဆိုတဲ့လေထန်လှိုင်းထန်တွေကြားထဲမှာ တစ်လကျော်ကျော်ခန့်လုပ်ခဲ့ရဖူးပါသည်… ထိုစဉ်တုန်းက ရယ်စရာမကောင်းပေမယ့်… ယခုအချိန်ပြန်တွေးတဲ့အခါမတော့… ခဏတာအမောတွေကြားထဲက…တဒင်္ဂအပြုံးလေးတွေဖြစ်လာခဲ့ရပါပြီ… ဘဝတစ်ကွေ့က… ရယ်သံခေါင်းတစ်ဝှေ့လို့ပဲဆိုလိုက်ချင်ပါတော့သည် ခင်ဗျား…   တက္ကစီကားတစ်စီးလက်ထဲရောက်တဲ့အချိန်… ပထမဆုံး ကားမောင်းရင်းခရီးသည်ရှာရတာ… ခရီးသည်တွေ့ပြန်တော့ ကိုးလိုးကန့်လန့်နေရာကတားသမို့… နောက်ကားကို ညှာတာမိရင်း ခရီးသည်မရတာတို့… ရုပ်ပျက်ဆင်းပျက်တန်းမစီချင်လို့ ခရီးသည်မတင်တာတို့နဲ့မို့… စီးပွားဖြစ်ခဲ့လားလို့မေးရရင်… စီးပွားမပျက်ရုံတမည်ပါ… အဲ… အုံနာကျေးချန် ဆီဖိုးနှုတ်ပြီးရင်တော့ဖြင့်… တစ်ခါတစ်လေ ၂၀၀၀- ၃၀၀ဝ လောက်တော့ ခပ်ပါးပါးကျန်သမို့… သိပ်မဆိုးလို့ပြောရမပေါ့… ကားခမကုန်ဘဲ… အလုပ်ရောက်သလို… သုံးစရာစွဲစရာအတိုအစလေးရသမို့… အမြတ်မထွက်ရင်တောင် အရင်းမစိုက်ရဘူးဆိုရမပေါ့… ဒါတွေထားပါလေ… အရင်ဆုံးအမှတ်တရဖြစ်တဲ့ ခရီးသည်တစ်ယောက်ကိုပြောပြပါ့မယ်…   ဒီလိုဗျာ… တစ်နေ့… တနင်္ဂနွေတစ်ရက်… ကျွန်တော်ကားမောင်းလာတုန်း တာမွေအဝိုင်းနားမှာ စုံတွဲတစ်တွဲကားငှားပါတဲ့… ယောင်္ကျားလေးဖြစ်သူက ကျွန်တော့်ကို […]


ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကန်ထရိုက်စနစ်တွေအတော်ခေတ်စားပါသတဲ့… လမ်းတံတားအသုံးပြုခတို့၊ ဈေးတွင်းစီမံခန့်ခွဲခြင်း၊ အများသုံးသန့်စင်ခန်း စသည်စသည်တွေမှာ ကန်ထရိုက်စနစ်နဲ့ လူပုဂ္ဂိုဟ်တစ်ဦးတစ်ယောက်ခြင်းသော်လည်းကောင်း… ကုမ္ပဏီအစုအဖွဲ့တစ်ခုခုကိုယ်သော်လည်းကောင်း ကန်ထရိုက်ပေးကြပါတယ်… ယုတ်စွအဆုံး… ရွှေတိဂုံဘုရားကအလှူငွေတွေကိုတောင် ကန်ထရိုက်စနစ်နဲ့ပေးကြပါတယ်… အဲဒီတော့ မြန်မာနိုင်ငံမှာ ကန်ထရိုက်စနစ်တွေခေတ်စားသပေါ့…                 ကျွန်တော်နားလည်ထားတဲ့ ကန်ထရိုက်စနစ်ဆိုတာလေးကိုပြောရရင်… ဥပမာ… လမ်းမိုင် (၁၀၀)ရှိသောလမ်းအပိုင်းကို… အစိုးရက လမ်းခင်းရင် သိန်း (၁၀၀၀)ကျမယ်ဆိုပါစို့… ကုမ္ပဏီတစ်ခုကို လမ်းခင်းခိုင်းလိုက်တယ်… ပြီးတော့ လမ်းတံတားအသုံးပြုခကို နှစ်ကာလအပိုင်းအခြားအလိုက် ကောက်ခံခွင့်ပေးလိုက်တယ်ဆိုပါတော့… နှစ်ကာလအပိုင်းအခြားတစ်ခုမှာ ကုမ္ပဏီကစိုက်ထုတ်ထားတဲ့ကုန်ကျငွေအရင်းကျေရုံမကဘဲ… အမြတ်ထွက်နိုင်တဲ့ပမာဏကိုရရှိနိုင်ပါတယ်… ဈေးအတွင်းတယ်လီဖုန်းလိုင်းများ… အများသုံးသန့်စင်ခန်းများလဲ ထိုနည်းလည်းကောင်းပါပဲ… ဒါက နည်းလမ်းတစ်သွယ်…               […]


ပြီးခဲ့တဲ့ တနင်္လာနေ့က Apple ကနေပြီးတော့ သူ့ရဲ့နောက်ထပ် iOS Update တစ်ခုဖြစ်တဲ့ iOS6.1 ကို တရားဝင်ထုတ်ပြန်လိုက်ပါတယ်…   ထုတ်ပြန်လိုက်တဲ့ iOS 6.1 မှာ Apple ရဲ့ထုတ်ကုန်တွေဖြစ်တဲ့ iPhone 3Gs, iPhone 4, iPhone 4S, iPad2, iPad3, iPad4 နဲ့ iPad Min အားလုံးအတွက် အကျုံးဝင်ပါတယ်… အဲဒီလို Apple ကနေ iOS6.1 ကိုထုတ်ပြန်လိုက်တာနဲ့အတူ iOS Jailbreak Hacker အဖွဲ့ဖြစ်တဲ့ Pod2g ကလဲ အခု လာမယ့် တနင်္ဂနွေနေ့၊ ၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီလ (၃)ရက်နေ့မှာ Apple ရဲ့ Security အရမ်းကောင်းတဲ့ iOS ရဲ့ […]