အပိုင်း (၁) ဒဏ္ဍာရီလာအရပြောရမယ်ဆိုရင် ဆယ့်ခုနစ်ရာစုနှောင်းပိုင်းအချိန် ဘုရင်ချားလ်-၂ က သူ့ရဲ့မူးမတ်တစ်ပါးရဲ့ အိမ်တော်မှာကျင်းပတဲ့ စားသောက်ပွဲကြီးမှာ တည်ခင်းဧည့်ခံတဲ့ အသားဟင်းလျာကို ကျေနပ်နှစ်သက်မှု ကြီးစွာဖြစ်ပြီး The hunk of meat Sir Loin လို့ ဘွဲ့အမည်တပ် ပေးခဲ့ရာကစလို့ အမဲခါးအသားကြော် Sirloin Steak ဟာ လန်ဒန်မြို့ရဲ့ ဆင်ခြေပုံးဒေသ ချင်းဖိုဒ့် (Chingford) ရဲ့ နာမည်ကျော် ထုတ်ကုန်ဟင်းလျာ တစ်ခုအဖြစ် ထင်ရှားစေခဲ့ပါတယ်… ချင်းဖိုဒ့် (Chingford) ကမွေးထုတ်ပေးလိုက်တဲ့ နောက်ထပ်နာမည်ကျော်တစ်ခုကတော့… ၁၉၆ရခုနှစ်၊ ဖေဖော်ဝါရီလ (၂၇)ရက်နေ့မှာမှ ဂျိုနသန် ပေါလ် အိုက်ဖ် (Jonathan Paul Ive) ဟာ လူ့ဘုံလောကာကြီးထဲကိုရောက်ရှိလာခဲ့တယ်… အဆင်ပြေချောမွေ့လျက်ရှိသောအိပ်ခန်းပေါင်းများရှိနဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းတွေနဲ့ လန်ဒန်မြို့ရဲ့ မြောက်ဘက်အစွန်းဆုံး… မြို့ပြနဲ့ဆက်စပ်နေတဲ့ […]


ကြောင်ဝတုတ်November 14, 20131min61936
လမ်းသွယ်ထဲမှာ ဆူဆူညံညံနဲ့ ဒီဂျေသံကြားနေမိတယ်… မီးတွေလဲ ထိန်ထိန်လင်းလို့… နိုင်ငံခြားက နိုက်ကလပ်တစ်ခုကိုတောင် သတိသွားရမိပါသေး၏… အိုင်ရင်းဇင်မာမြင့်ဆိုလဲ ဟုတ်ရဲ့… နီနီခင်ဇော်ဆိုလဲတမူ… ဖြူဖြူကျော်သိန်းလဲ ချန်မထားခဲ့ကြ… ဒီဂျေသံများနှင့် လမ်းကြိုလမ်းကြား… လမ်းမကြီးငယ်… အသွယ်သွယ်မှာ… မြင်နေကြားနေရသမို့…  အမြင်မပါ…အသံနှင့်ဆုံးဖြတ်ကြမည်ဆိုလျှင်… ရန်ကုန်မြို့လုံးကျွတ်… ကပွဲဆင်နွဲနေသလား… ရာဇဝင်ထဲက နက္ခတ်သဘင်ဆင်ယင်နေသည့်အလား အထင်ကိုမှောက်မှားစေနိုင်ပါ၏… တကယ်တော့ ဒါဟာ… ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ထားရာ… ကထိန်သင်္ကန်းကပ်လှူပွဲအတွက်… အလှူခံနေခြင်း… ပဒေသာပင်များကို ဆိုက်ကားများနှင့်တသွယ်… လူများထမ်းလို့တမူ… လမ်းမများ… လမ်းထိပ်များ…လူသွားလမ်းဘေးများမှာ ချပြထားပြီး… အလှူခံနေကြခြင်းပါတဲ့… ဒါဟာ… အလှူခံနေခြင်းပါတဲ့… နိဗ္ဗာန်သွားရာလမ်းဖြောင့်ဖြူးဖို့ အထောက်အပံ့တွေအတွက်… အော်… အလှူခံနေခြင်းတဲ့လား… ရပ်ကွက်ထဲကအလှူခံ… မိုးလင်းတာနဲ့ညံလို့… မရပ်မနား မိုက်ခွက်နားမှာ စေတနာရှင်… အလှူခံပေးသူများ… ဇာတ်တော်များကတဖုံ… တရားတိုတရားစများတသွယ်နဲ့… လှူဒါန်းမည့်သူများရဲ့ နှလုံးသားက စေတနာသဒ္ဒါတရားကို ချွေချနိုင်ဖို့… […]


ကိုသုရှင်ရဲ့ ၉၆၉ ပိုစ့်လေးထဲက – စင်စစ်သော်ကားမြန်မာနိုင်ငံတွင် ၉၆၉ ဟူသောအဖွဲ့မရှိပါ။ ( မရှိသေးပါ) လွန်ခဲ့သော ၁ဝ စုနှစ် နှစ်ခုလောက်က သာသာနာရေးဒုဝန်ကြီး ဦးကျော်လွင် မှ တီထွင်ထားသော ဂဏာန်းဖြစ်ပြီး ၊ မွတ်စလင်တို့၏ ၇၈၆ ဟူသော ကိန်း ဂဏာန်းကို အတုခိုးထားခြင်းဖြစ်ကြောင်း မစိုးရိမ်ဆရာတော်ဦးဝီရသူ က the voice daily newspaper နှင့်အင်တာဗျူး တစ်ခုတွင် ပြောကြားသည်ကို ဖတ်လိုက်ရပါသည်။ မည်သို့ပင်ဖြစ်စေ ၉၆၉ သည် ဘုရားဂုဏ်တော် နှင့်ဆိုင်သော တရားဂုဏ်တော်နှင့် ဆိုင်သော ၊ သံဃာ ဂုဏ်တော်နှင့် ဆိုင်သော သင်္ကေတ တစ်ခုဖြစ်သည်ကို မှု မြန်မာတို့ရင်ထဲတွင်ရှိသည့်အတွက် မွတ်စလင်တို့ ၏ အကြောင်းမဲ့စွတ်စွဲထင်မြင် နေမှုများသည် ပဋ္ဋိပက္ခများကို […]


ကျွန်ုပ်တို့သည် ငယ်စဉ်ဘဝကစ၍… အိုမင်းရင့်ရော်သေဆုံးချိန်အထိ… တွင်းပေါင်းများစွာတူးခဲ့ကြသည်…. ကောင်းသောတွင်းများရှိသလို… မကောင်းသောတွင်းများလဲရှိခဲ့၏… လူသားတို့အတွက် အကျိုးပြုသောတွင်းများရှိသလို… အကျိုးမပြုသောတွင်းများလဲရှိခဲ့ဖူးသည်… လူသားတို့အတွက် ပျော်ရွှင်စရာတွင်းများ ဖန်တီးခဲ့သလို… စိတ်အနှောက်အယှက်ဖြစ်စရာတွင်းများကိုလဲ ဖန်တီးခဲ့ဖူးပြီးဖြစ်ကြသည်…             သို့သော်… လူသားတို့အတွက်… တွင်းများသည်… မရှိမဖြစ်…အရာများဖြစ်ကြသည်… ဤကမ္ဘာလောကတွင်နေထိုင်သူများသည် အသက်ရှင်ရပ်တည်ရေးအတွက်… ကမ္ဘာမြေကြီးပေါ်တွင် တွင်းများတူး၍ မိမိတို့အကျိုးဆောင်ရွက်ကြ၏… မော်တော်ကား၊ လေယာဉ်ပျံ၊ သင်္ဘောအစရှိသည့် သွားလာရေးယာဉ်များ တည်ဆောက်ရာတွင်လိုအပ်သော သံသတ္တုများလိုအပ်သည့်အတွက်… တွင်းကြီးများတူးပြီး… သတ္တုများကို ရှာဖွေကြကုန်၏…   ဤလူသားတို့သည်ပင်လျှင်… သွားလာရလွယ်ကူစေရန် လှိုဏ်ခေါင်းများ…တူးခြင်း… မြေအောက်ရထားများအတွက် တွင်းများတူးခြင်းဖြင့်… မိမိတို့အကျိုးအတွက်… ကမ္ဘာမြေကြီးအား… ဒုက္ခပေးကြသည်… ထို့အတူ… လူသားတို့၏ စွန့်ပစ်ပစ္စည်းများစွန့်ပစ်ရန်အတွက် ကမ္ဘာမြေကြီးအား တွင်းများတူး၍မြှုပ်နှံကြသူများဖြစ်ကြသည်… ကျွန်ုပ်တို့လောကသားများသည် အကြောင်းအမျိုးမျိုးကြောင့် ကမ္ဘာမြေကြီးပေါ်တွင် […]


၂၀၁၃ခုနှစ် မတ်ချ်လ (၁၂)ရက်နေ့… ပူပြင်းသောနေရောင်အောက်မှာ… တစ်ကိုယ်တည်းစဉ်းစားမိသည်… နောက်တစ်လတင်းတင်းပြည့်ချိန်မှာတော့… အတာကူးသောလ… ထန်းခူးသောလဟုဆိုသော မြန်မာ့ရိုးရာတန်ခူးလသင်္ကြန်မဟာရောက်ရှိတော့ပေမည်… သာသနာ့ဘောင်ဝင်ကြမည့်သူများလဲ… ပြင်ဆင်လျက်ရှိသလို… ပျော်စရာတွေကြားထဲ စီးမြောကြမယ့်သူများလဲ… ငွေစများစုကြသလို… အလျိုလျိုစည်းရုံးစုရုံးလျက်ရှိကြပေသည်… ဘဝတာဝန်တွေကြား အိမ်နဲ့ဝေးနေသူများလဲ… အားလပ်ရက်အိမ်ပြန်ချိန်ကို… မျှော်လင့်လျက်…                     ကျွန်ုပ်အိပ်မက်တစ်ခုရှိခဲ့ဖူးပါသည်… မဏ္ဍာပ်လေးတစ်ခုလုပ်ချင်မိ၏… ချစ်ခင်ရင်းနီးကြသော သူများ၏စုပေါင်းအင်အားဖြင့် မဏ္ဍာပ်လေးတစ်ခုလုပ်ချင်မိ၏… ရရှိမည့်ငွေကြေးအမြတ်အစွန်းထက်… ပိုမိုသောနွေးထွေးသော မိသားစုစိတ်ဓာတ်များကို လိုချင်မိ၏… ဤသည်ကား ကျွန်ုပ်၏အလှမ်းဝေးကွာလှသော အိပ်မက်တစ်ခုဖြစ်ပေတော့သည်… xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx စားပွဲပေါ်တွင်တင်ထားသော တယ်လီဖုန်းမှ Ringtone အသံလေးကြားလိုက်ရ၏… ” ဘယ်မဏ္ဍာပ်မှမဖိတ်ခဲ့ဘူး… ရေတွေရွှဲလို့ တစ်ယောက်ထဲမူး… ဟိုဒီသွားရင်း… သွားရင်း သင်္ကြန်ရက်ထဲမှာ…. ရေများရွှဲကိုယ့်တစ်ယောက်ထဲ…” ဖုန်းကို […]


လှော်လေသည့်လှေ… သစ်ဆွေးတစ်ပိုင်း တက်မရိုင်းဖြင့်… အစွန်းအစွယ်… ရေပေါ်ထွက်မျှ… ဂရုမထား… ကိုယ့်အင်အားဖြင့်… အားသွန်ခွန်စိုက်… လှော်ခဲ့သည်…   လှော်လေသည့်လှေ… ရေစိမ့်ဝင်လဲ ခပ်ထုတ်အားဖြင့်… လှိုင်းလေရေအောက်… ရောက်မသွားအောင်… အကြောက်မထား ကိုယ့်သွေးသားဖြင့်… တင်းခါအံကျိတ်… လှော်ခဲ့သည်…   လှော်လေသည့်လှေ… တက်မကျိုးလဲ… ခန္ဒာလက်အားဖြင့်… ခရီးရောက်အောင်… အင်အားကုန်ခမ်း… သေလမ်းမသွားအောင်… ဝိရိယဖြင့်… ဇွဲဖြင့်တင်းခါ လှော်ခဲ့သည်…   လှော်ပင်လှော်ငြား… ရှေ့သို့သွားဖို့… လမ်းမမြင်သည်… ခန္ဒာခြောက်ခမ်း… အားအင်ခမ်း၍… သေမင်းနှုတ်ခမ်း… ဆီသို့လှမ်းလေ… လှော်သောလှေသည်… ကြမ်းသောရေဆန်… လှေဆန်ဖြင့်… ပြင်းစွာချီတက်… လှော်ခဲ့သည်…   ခင်မင်လျက်- ဖက်ဖက်ကက်


” ဒို့အရေး… ဒို့အရေး… “ ” စာပေလွတ်လပ်ခွင့်ရရှိရေး… ဒို့အရေး… ဒို့အရေး… “   ဂဇွတ်ကျေးရွာအုပ်စုသူကြီးမင်းကတော်… အတင်းနှိုးသဖြင့် သူကြီးမင်းဦးခိုင် အိပ်မုံစုံမွားနှင့်ထလာသည်… ဘာမပြောညာမပြောနှင့် သူကြီးသမီးလေးချာချာ အိပ်နေသောအခန်းကို ပြေးသွားသည်… “ငါ့သမီးလေးမှရှိလေစ… ဘယ်ကောင်အလစ်သုတ်သွားပြီလဲမသိ…” သူကြီးမင်းကတော်နောက်မှ နားရွက်လှမ်းဆွဲမှသတိပြန်ဝင်လိုက်၏…   ” ဒီမှာ ဦးခိုင်… အခုကိုင်လှုပ်နေတာ ရှင့်သမီးချာချာကို မဟုတ်ဘူး… ရှင့်ထိုင်မယ့်ထိုင်ခုံကို ကိုင်လှုပ်နေတာ… “   ” ဘယ်လို… ကျုပ်ထိုင်ခုံကို ကိုင်လှုပ်နေတယ်… ဘယ်သူတွေတုန်း… ရွာထဲက ဟိုစပ်စပ်ဒီစပ်စပ်နဲ့ လက်သမား… မောင်ဇာလား…”   ” ဒီမယ် ဦးခိုင်… ရှင့်မလဲတစ်နေ့တစ်နေ့ အအိပ်ပဲမက်နေတယ်… ရှင်အအိပ်မက်လို့ ရှင့်သမီးရွာကို အိမ်သာနက်ကြီးစီးပြီးလာလည်တဲ့ တစ်ရွာသားနောက် ကောက်ကောက်ပါအောင်လိုက်သွားတာမမှတ်သေးဘူးလား… “   ” […]


ကြောင်ဝတုတ်February 18, 20131min38824
မနေ့က သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်ရှေ့… ခရီးသည်ရလို့… တောင်ဒဂုံဘက်ကို လိုက်ပို့မယ်ဆိုအသွား… ညနေ (၆)နာရီကျော်ကျော် (၇)နာရီနီးနီး… သံသုမာလမ်းပေါ်မှာ ကားတွေပိတ်လို့… သင်္ဃန်းကျွန်းဘက်ကို ပြန်ထွက်ရတယ်… ပြီးတော့မှစံပြဈေးဘက်ကနေ တောင်ဒဂုံဘက်ကို ပြန်ဆင်းရတယ်… ဒီဘက်မရောက်ခင်… ကျောက်မြောင်းကိုဖြတ်တော့လဲ…  သဌိပဌာန်လမ်းကို ကားတွေသွားမရလို့… လမ်းကကျဉ်းကျဉ်း… ကားကများများနဲ့ လမ်းကြိုလမ်းကြားထဲက ဖြတ်မောင်းခဲ့ရသေးတယ်… ရန်ကုန်မှာ ကားတွေများလာလို့ ကားတွေကြပ်လာတာ ယာဉ်ကျောပိတ်ဆို့တာဖြစ်လေ့ဖြစ်ထရှိတဲ့ဖြစ်ရပ်ပေမယ့်… မနေ့က တွေ့ရတဲ့အကြောင်းကိုတော့ဖြင့် မပြောချင်ပေမယ့် ပြောရမလိုပါ့… ဒီလိုဗျာ… သဌိပဌာန်လမ်းကိုပိတ်ပြီး… သံသုမာလမ်းကို တစ်ဖက်ဆို့ပြီး… သံသရာရေအလျဉ်ကြောက ရုန်းထွက်ဖို့ မဂ္ဂင်ဖောင်ကြီးတွေဖွဲ့ကြပါတယ်… တနည်းပြောရရင်… အများပြည်သူသွားလာမယ့်လမ်းတွေကို ပိတ်ပြီးတော့ တရားပွဲတွေကျင်းပကြပါတယ်…   သေချာပြန်စဉ်းစားကြည့်ရအောင်… ကျောက်မြောင်းထဲမှာ လူနေထူထပ်ပေမယ့် တရားပွဲလုပ်နိုင်လောက်အောင်ကျယ်တဲ့ မြေကွက်လပ်တချို့ရှိပါတယ်… ဒါပေမယ့် ဘယ်သူမှအရေးတယူရှင်းလင်းပြီး လူအများအသုံးပြုဖို့ ကိုယ်ထူကိုယ်ထမဖန်တီးကြသလို… ရန်ကုန်မြို့တော်စည်ပင်ကလဲ… အခုမှ လမ်းပြင်၊ […]


ကြောင်ဝတုတ်December 11, 20128min34416
၁၉၈ဝ ပြည့်လွန်နှစ်များမှာ ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးကိုအပြောင်းအလဲဖြစ်စေခဲ့တဲ့ သူနှစ်ဦးရှိခဲ့ပါတယ်… သူတို့နှစ်ဦးလုံးဟာ ယခုအချိန်အထိ လူသားတို့အပေါ်မှာကျေးဇူးရှိခဲ့သူများဖြစ်သလို… လူသားအားလုံးကိုလဲ သူတို့ရဲ့တီထွင်ဆန်းသစ်မှုတွေနဲ့ ပိုမိုကောင်းသော… ပိုမိုလွယ်ကူသောဘဝကို ပို့ဆောင်ပေးခဲ့သူနှစ်ဦးပါ… ယခု ၂၀၁၂ နဲ့ ၂၀၁၃ အကူးအပြောင်းကာလမှာတော့ အကျိုးအကြောင်းတိုက်ဆိုင်လို့ပဲဆိုဆို… ရင်ထဲကခံစားနေရ လို့ပဲဖြစ်ဖြစ် ဒီစာကိုရေးမိပါတယ်… ဒီစာလေးနဲ့ ထိုသူနှစ်ဦးကို ဂုဏ်ပြုမှတ်တမ်းတင်ပါတယ်… အဲဒီလိုပဲ ဒီစာလေးက နည်းပညာနဲ့ပတ်သက်တဲ့စာတစ်ပုဒ်ဖြစ်လို့ မှီငြမ်းရေးသားခြင်းထက် ကိုယ်ပိုင်ထိတွေ့ လေ့လာခဲ့မှုပေါ်မှာမူတည်တဲ့ ခံစားမှုကိုထုတ်ဖော်ရေးသားလိုရင်းဖြစ်ပါတယ်… တကယ်လို့ အမှားများဖြစ်ခဲ့မယ် ဆိုရင်လဲ စာရေးသူကျွန်ုပ်၏ညံ့ဖျဉ်းမှုသာဖြစ်ပါတော့တယ်ခင်ဗျား… ထိုသူနှစ်ဦးကတော့ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ပန်းသီးကွန်ပျူတာကုမ္ပဏီကိုတည်ထောင်ခဲ့သူ Steve Jobs နဲ့ Microsoft အပျော့ထည်(Software)ကုမ္ပဏီကို တည်ထောင်ခဲ့သူ Bill Gate တို့ပါပဲ…               […]


ကျွန်တော်တို့ ငယ်ငယ်တုန်းက ကျောင်းမုန့်ဈေးတန်းမှာ လာလာပြီးရောင်းတတ်တဲ့ ဂျုံနဲ့လုပ်တဲ့အရုပ်ကလေးတွေကို သတိရကြဦးမယ်ထင်ပါတယ်… အဲဒီအရုပ်ကလေးတွေကို ကျွန်တော်မတွေ့တာအတော်လေးကြာနေပါပြီ… ကိုယ်တိုင်ကျောင်းမတက်တော့တာလဲပါသလို… ကျောင်းသွားပို့ရမယ့် တာဝန်လဲမရှိတော့ မတွေ့ဖြစ်တယ်ထင်ပါတယ်… ဒါပေမယ့် ပြီးခဲ့တဲ့တနင်္ဂနွေနေ့က အောင်ရတနာဆေးခန်းကို အမေ့ကျန်းမာရေးကိစ္စနဲ့ရောက်တော့… ကလေးအထူးကုဆေးခန်းထိုင်ချိန်ကလေးတွေလဲများတဲ့အချိန်မို့ အဲဒီအရုပ်သည်ကို အမှတ်မထင်… မထင်မှတ်တဲ့နေရာမှာတွေ့လိုက်ရတော့… ငယ်ဘဝအမှတ်တရလေးလဲဖြစ်… သူတို့ရဲ့လက်မှုပညာအရည်အချင်းကို သေသေချာချာအားပေးမှတ်တမ်းတင်ခဲ့ပါတယ်… ကိုယ်တိုင်လဲလိုချင်တာကတစ်ကြောင်း… မကြီးမငယ်နဲ့အရုပ်ဝယ်တယ်လို့ စီစစ်သူအမေဆူမှာလဲကြောက်ရသည်မို့… အိမ်နားက ကလေးလေးနဲ့ ဆွေမျိုးထဲက တူ၊ တူမလေးများကို အကြောင်းပြပြီး အရုပ်လေးများဝယ်ဖြစ်ခဲ့ပါတယ်… ခေတ်ကာလပြောင်းလာတာနဲ့အမျှ အရုပ်ပုံစံအသစ်အဆန်းလေးများနဲ့ ဒစ်စနေးက ကာတွန်းဇာတ်ကောင်လေးများကို လက်မှုပညာလေးနဲ့ ပုံဖော်ရောင်းချတာကို နှစ်နှစ်သက်သက်တွေ့မြင်ခဲ့ရပါတယ်… အဲဒီလိုပဲ… ဝယ်လိုသူတွေများလွန်းလို့ ထိုင်စောင့်ရလောက်အောင် ရောင်းရလက်မလည်တာကို တွေ့မြင်ခဲ့ရတယ်… ခေတ်နဲ့အညီ အသုံးပြုတဲ့ကုန်ကြမ်းတွေပြောင်းလဲပြီး လက်မှုပညာပစ္စည်းလေးတွေအဖြစ်ရောင်းချစေချင်မိလောက်အောင် လက်ရာမြောက်တာကိုလဲ တွေ့ခဲ့ရပါတယ်…           […]


ကြောင်ဝတုတ်November 27, 20121min26117
ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့… ကားမှတ်တိုင်နောက်က ကြွေကျထားတဲ့သစ်ရွက်တွေလဲ ခြောက်ကပ်လို့… နှုတ်ခမ်းတွေလဲခြောက်နေတယ်… ရင်ထဲမှာဘာလိုနေမှန်းမသိတာတော့အမှန်ပါပဲ… မိဘမျက်နှာအိုးမည်းသုတ်တဲ့ သားဆိုးသားမိုက်ဖြစ်ချင်ဖြစ်မယ်… ဒါပေမယ့် ကိုယ့်ဘဝကို ကိုယ့်စိတ်နဲ့ကိုယ်… ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ဘာမှန်းမသိသေးတဲ့ဘဝတစ်ခုကိုတည်ဆောက်မယ်ဆိုတဲ့ သူရဲကောင်းစိတ်ဓာတ်ကြီးအရင်းခံလို့ လူကြီးတွေအလစ် ကျောပိုးအိတ်တစ်လုံးကို လက်မှာဆွဲပြီး ဘတ်(စ)ကားဂိတ်ကို ပြေးထွက်လာခဲ့တယ်… “အချစ်ရေ… မောင်လာနေပြီ… မောင်တို့နှစ်ကိုယ်တူဘဝအတွက်…” ကောင်းကင်ကိုမော့ကြည့်တော့ တိမ်တွေကင်းနေတယ်… နေမင်းကလဲ သူ့ရဲ့နံနက်ခင်းမှာစွမ်းအားတွေ အပြည့်… ကျုပ်ကလဲ သူ့စွမ်းအားတွေကို အချစ်အင်အားနဲ့တုံ့ပြန်ဖို့အသင့်… ဒါပေမယ့် ဘဝဆိုတဲ့ အဓိပ္ပာယ် ဘာမှန်းလားလားမှမသိ… ဇော်ဝင်းထွဋ်သီချင်းထဲကလို… “ခံစားကြည့်အချစ်စွမ်းအင်များ” ဆိုတာပဲသိတယ်… စောင့်နေတဲ့ (၁၂)ကားကလဲမရောက်လာ… အိမ်က အစ်မတော် ပျောက်သွားတာသိရင် အကျိုးနည်းရချည့်… နှုတ်ခမ်းတွေလဲခြောက်နေတယ်… ရင်ထဲမှာ စိုးရိမ်ပူပန်နေတာတော့အမှန်… “ကိုယ်မင်းနဲ့မခွဲနိုင်ဘူး….” ကားသုံးစီးလောက် လာသွားပြီ… (၁၂)ဟီးနိုးကြီးကို မျှော်ရတာမောလှပေါ့… ချစ်သူနှင်းပြောတဲ့ (၁၂)ကြီးကို မျှော်နေတယ်… […]


ကြောင်ဝတုတ်November 20, 20122min68957
ချစ်ခင်လေးစားရပါသော မန်းဂဇက်မှစာဖတ်သူများခင်ဗျား… Professional & Personal ဆိုတဲ့ပိုစ့်က ကျွန်တော်ကြောင်ဝတုတ်ကို အတော်လေးလူသိများလာစေတဲ့ ပိုစ့်လို့ ပြောရရင်မမှားဘူးလို့ဆိုရမယ်ထင်ပါတယ်… အခုရက်ပိုင်း ဒီ Professional နဲ့ Personal နဲ့ပတ်သက်ပြီးပြောနေကြတာ… ဆွေးနွေးနေကြတာတွေ့တော့… ကျွန်တော်ထပ်ပြီးခံစားရတာလေးတစ်ခုအကြောင်းကို ပြောချင်ပါသေးတယ်… အဲဒီအကြောင်းကတော့ Privacy & Transparency ဆိုတာပါပဲ… ရွာထဲမှာစာတွေရေးကြတဲ့လူတွေအများကြီးရှိပါတယ်… ဒါပေမယ့် အဲဒီအထဲမှာ ဘယ်သူကတော့ဖြင့် ဘာအလုပ်လုပ်ပါတယ်… ဘယ်မှာနေပါတယ်… ဘယ်လိုပုံစံပါဆိုပြီး ရွာထဲမှအတိအလင်းနေကြတဲ့မန်ဘာ တွေရှိသလို… ရွာသူားတွေနဲ့ မတွေ့ဆုံကြဘဲ၊ မျက်နှာမပြဘဲ စာရေးတယ်… စာဖတ်တယ်… ကော်မန့်လေးတွေပေးတယ်… အဲဒီလိုမန်ဘာတွေလဲရှိပါတယ်… ကောင်းပြီး… သူတို့ဘာလို့မျက်နှာမပြတာလဲ… အင်တာနက်ပေါ်မှာရေးတဲ့လူတွေအနေနဲ့ မိမိရဲ့ဘဝမှန်ကို ဖုန်းကွယ်ပိုင်ခွင့်ရှိပါတယ်… ပြောရမယ်ဆိုရင် Privacy ပေါ့… မိမိလျှို့ဝှက်ချက်ကို လူတိုင်းထိန်ချန်ပိုင်ခွင့်ရှိတာ သည်လူတိုင်းမှာရှိတဲ့ အခွင့်အရေး… တနည်းအားဖြင့် လူ့အခွင့်အရေးပါ… အဲဒီလိုပဲအဖွဲ့အစည်းတိုင်း၊ […]


ဒီအကြောင်းအရာလေးတွေ ကျွန်တော့်ခေါင်းထဲစိမ့်ဝင်နေတာကြာပြီလို့ဆိုရင်လဲ မှန်သလို… ဒီစာကိုရေးဖို့အတွက် အချက်အလက်တွေနဲ့အချိန်အခါတွေလိုနေသေးသမို့ အချက်အလက်စုရင်း အချိန်အခါစောင့်ရင်း… ပျင်းနေရင်းနဲ့ အချိန်တွေဆွဲဆန့်ထားတာလဲ တော်တော်ကြာနေပြီပေါ့… ပြီးခဲ့တဲ့လကုန်နဲ့ ဒီလဆန်းတစ်ရက်နေ့မှာ တက်ခဲ့တဲ့ပိုစ့်နှစ်ခုက ကျွန်တော့်အတွေးတွေကို ပိုပြီးတွေးမိစေ တယ်လို့ဝန်ခံရမှာပဲ… တစ်ခုကတော့ အစ်ကိုကျော်သိန်းရဲ့ ဘယ်ကျောင်းထားမှာလဲနှင့် ကျောင်းဒုက္ခ… https://myanmargazette.net/150390/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories သူကြီးကိုယ်တိုင် Sticky ပေးထားတဲ့ပိုစ့်ပါဗျာ… နောက်တစ်ခုကတော့ ကိုပေါက်ပေါက်ရေးထားတဲ့ မည်ကာမတ်တ Ph.D ဘွဲ့တွေနဲ့ ဦးဆောင်နေမယ်ဆိုရင်ဖြင့် https://myanmargazette.net/150680/education ကဲ… ကျွန်တော်စပြီး နှမ်းဖြူးပါတော့မယ်… ကျွန်တော်အမြဲပြောတတ်သလို Change ပေါ့ဗျာ… Change လို့ပြောတိုင်း သူငယ်ချင်းမယ်ပုချ်ရဲ့ အကြွေစေ့ပုံပြင်လေးကို သတိရမိလို့ အကြွေစေ့နဲ့အပေါက်ခံရမှာ စိုးသေး… Change လို့ပြောတဲ့နေရာရဲ့နောက်ကွယ်မှာ Update & Upgrade ဆိုတာက ကပ်ပြီးလိုက်ပါလာပါတယ်… အခု ကျွန်တော်တို့နိုင်ငံရဲ့ အုပ်ချုပ်ရေးစနစ်နဲ့ ၎င်းအောက်မှာရှိတဲ့ပညာရေးစနစ်ကို […]