နွေဦးNovember 8, 20132min40524
“သားတို့ထမင်းစားတော့မယ်ဒွေးလေးးရေ” “အေး..လာကြလာကြ..ထမင်းပွဲက အဆင်သင့်ပါဘဲကွယ်” “အဲ ဒွေးလေးကလဲ ကြက်ဥပြုတ်ကြီးနဲ့ စားရမှာလား…” “ဟဲ့ ငပိရည်နဲ့ဗူးညွှန့်ပြုတ် တို့စရာလည်းလုပ်ထားပေးတယ်လေ..” “ဒီဟင်းချိုကလည်း ဗူးညွှန့် ဟင်းချိုဘဲ မဟုတ်လားဒွေးလေးရဲ့” “ဒွေးလေးရယ် ..တကယ်ဆို ခြံထဲကထွက်တဲ့ ဗူးသီးနဲ့ အိမ်အောက်က ကြက်မဒန်းလေး ချက်စားရရင်ကောင်းမှာ..” “အံမယ် နင်က ကောင်းမယ်လို့ဘဲတွေးနေ… နင့်အဘ ငရွှေ က ခုလောက်ဆို စားပြီးလို့ ထမင်းလုံးတောင် စီနေလောက်ပြီ..” “ဘယ်လို ဘယ်လို ဒွေးလေးရဲ့ အဘက ဘယ်မှာထမင်းလုံးစီနေမှာလဲ…” “နင့်အဘ ငရွှေရယ်လေ…ဟိုကောင် ငတေဆိုတဲ့ကောင် နဂိုကမှ “ဇ”ကလည်းပါပြီးသားဆိုတော့ အဲကောင်နဲ့ပေါင်းပြီး ဒို့ဘိုးဘွားအမွေတွေခိုးပြီး ရောင်းစားလိုက် သောက်စားမူးရူးနေလိုက်ကြတာ ကြာပြီ..နင်တို့သိတယ်မလား..”   “ဟုတ်တယ်လေ ဒွေးလေးရဲ့..ခုဟာက သားတို့ထမင်းစားမဲ့ ကိစ္စလေ..” “အေး နင်တို့စားဖို့အတွက် ခြံထဲစိုက်ထားတဲ့ ဗူးသီးလေး..မွေးကင်းတောင် […]