manawphyulayFebruary 20, 20111min882
မနော ငယ်ငယ်တုန်းကတော့ ကံစမ်းမဲဆိုတာ ရှိသလား မရှိသေးဘူးလားဆိုတာ မမှတ်မိတော့ပေမယ့် သိတတ်စထဲက ဈေးကွက်စီးပွားရေးအတွက် စီးပွားရေးသမားများရဲ့ ရောင်းကုန်များကို မဝယ် ဝယ်ချင်အောင် လုပ်ဆောင်လာမှုတွေဟာ ခုချိန်ထိ ပိုမို ကျယ်ပြန့်လာတာကို တွေ့မြင်နေရပါတယ်။ တချို့ကတော့ ကုန်ပစ္စည်းအတွက်၊ တချို့ကတော့ ရွှေဆိုင်တွေမှာကျတော့ ဝယ်တဲ့ပစ္စည်းပေါ် မူတည်ပြီး ဗလာမပါ ကံစမ်းမဲဆိုပြီး လုပ်ကြတယ်။ လက်ဆောင်သဘောမျိုးလည်း ဖြစ်အောင် ဝယ်သူတွေလည်း စိတ်ဝင်စားပြီး ထပ်ပြီး ဝယ်ချင်အောင် ဆွဲဆောင်တဲ့နည်းတစ်မျိုးပဲလားဆိုတာ စီးပွားရေးသမားတွေအတွက် တွက်ခြေကိုက်တဲ့ နည်းတစ်မျိုးလားဆိုတာ ထင်စရာပါပဲ။ နောက် ဘာနေ့မို့လို့ လျော့ဈေးနဲ့ရောင်းတယ်ဆိုပြီး တစ်ခုဝယ် တစ်ခုလက်ဆောင်ဆိုပြီး နှစ်ခုစာ ဈေးနှုန်းတင်ထားသလားဆိုတာ ဝယ်သူတစ်ယောက်အနေနဲ့ မြင်မိမှာ မဟုတ်လောက်ဘူးထင်ပါတယ်။ မနောလည်း လူတွေထဲ လူတစ်ယောက်မို့ ဒီလို ကံကို စမ်းတဲ့အရာလေးတွေကို စိတ်ဝင်စားမိပါတယ်။ ဒါဟာ […]