fattyMarch 24, 20111min1498
မြန်မာ့အလင်း တို့ ကြေးမုံတို့မှာ သတင်းဖေါ်ပြတာနဲ့ပတ်သက်လို့ပါ …။ ခေတ်တွေပြောင်းကုန်ပါပြီ။ အတွေးအခေါ်တွေလဲ ပြောင်းသင့်တာပြောင်းကြရင်ကောင်းမယ် ..။ မျက်နှာဖုံးစာမျက်နှာမှာ လူကြီး VIP သတင်းတွေတင်ထားတာ ထားပါတော့ …။ ကမ်းရိုးတန်းမုန်တိုင်းကြောင့် လူ ၃၀၀ဝ ကျော်လောက် ကယ်လိုက်ရတဲ့သတင်းမျိုး ပင်လယ်ထဲမှာ ငါးဖမ်းဖေါင် ၁၀ဝ လောက် မျောပါသွားတဲ့သတင်းမျိုးကို မသိမသာ သတင်းအတိုလေးအနေနဲ့ ကြော်ငြာတွေကြား မဖြစ်သာလို့ ညှပ်ပြီးထဲ့လိုက်ရတဲ့ပုံစံမျိုးကတော့ မကောင်းပါဘူး ..။ မလုပ်ကောင်းပါဘူး ..။ တကယ်က မြန်မာပြည်မှာ မဆလ ခေတ်ကအတိုင်း ပြည်သူတွေကြောက်လန့်ကုန်မှာစိုးလို့ အဖြစ်မှန်တွေ သတင်းထဲမထဲ့ဘူး .. မထည့်သင့်ဘူးဆိုတာ ကို အရင်ကတော့ အဟုတ်မှတ်တာပေါ့ဗျာ ..။ ကျနော်သိရသလောက်လူကြီးတွေကတော်တော်ပါ ..။ အောက်ကလူတွေကြည့်လုပ်တာပိုဆိုးနေသလားလို့ …။