သတင်းစာမှ သတင်းဖေါ်ပြပုံတချို့ …..

fattyMarch 24, 20111min1478

မြန်မာ့အလင်း တို့ ကြေးမုံတို့မှာ သတင်းဖေါ်ပြတာနဲ့ပတ်သက်လို့ပါ …။
ခေတ်တွေပြောင်းကုန်ပါပြီ။ အတွေးအခေါ်တွေလဲ ပြောင်းသင့်တာပြောင်းကြရင်ကောင်းမယ် ..။
မျက်နှာဖုံးစာမျက်နှာမှာ လူကြီး VIP သတင်းတွေတင်ထားတာ ထားပါတော့ …။
ကမ်းရိုးတန်းမုန်တိုင်းကြောင့် လူ ၃၀၀ဝ ကျော်လောက် ကယ်လိုက်ရတဲ့သတင်းမျိုး
ပင်လယ်ထဲမှာ ငါးဖမ်းဖေါင် ၁၀ဝ လောက် မျောပါသွားတဲ့သတင်းမျိုးကို
မသိမသာ သတင်းအတိုလေးအနေနဲ့ ကြော်ငြာတွေကြား မဖြစ်သာလို့
ညှပ်ပြီးထဲ့လိုက်ရတဲ့ပုံစံမျိုးကတော့ မကောင်းပါဘူး ..။ မလုပ်ကောင်းပါဘူး ..။
တကယ်က မြန်မာပြည်မှာ မဆလ ခေတ်ကအတိုင်း ပြည်သူတွေကြောက်လန့်ကုန်မှာစိုးလို့
အဖြစ်မှန်တွေ သတင်းထဲမထဲ့ဘူး .. မထည့်သင့်ဘူးဆိုတာ ကို အရင်ကတော့
အဟုတ်မှတ်တာပေါ့ဗျာ ..။ ကျနော်သိရသလောက်လူကြီးတွေကတော်တော်ပါ ..။
အောက်ကလူတွေကြည့်လုပ်တာပိုဆိုးနေသလားလို့ …။

8 comments

  • kai

    March 24, 2011 at 9:34 pm

    နိုင်ငံပိုင်သတင်းစာမှာ ဓါတ်ပုံတပုံ… ကိုယ်ရေးကိုယ်တာ .. အာဏာရပါတီရဲ့ ပရိုပဂျင်တာသတင်းတခုပါလာရင်.. နိုင်ငံတော်က ကုန်ကျခံသွားရတဲ့စရိတ်ကို တွက်ချင်သား..။
    အဲဒီသတင်းစာ ပုံနှိပ်ခ..ဘက်ဂျက် ဘယ်ကယူသုံးနေသလဲ… သိချင်သား..။

    စာရင်းချုပ်တော့ ..
    လူတွေက မကြိုက်ရင် ဝယ်မဖတ်ကြဖို့ပါပဲ..။
    ပုဂ္ဂလိက… မီဒီယာတွေကိုသာ အားပေးသင့်တယ်..။

  • phantom

    March 25, 2011 at 2:57 am

    တိုင်းခန်းလှည့်လည်တဲ့ သတင်းက လွဲလို့ ဖတ်စရာမပါတဲ့ သတင်းစာအမည်ခံ ခရီးသွားမှတ်တမ်းကို မဖတ်ဖြစ်တာ ဟိုးအရင်ကတည်းကပဲ ဘုရင်ရူးကြီးက ရူးမယ့်ရူး မင်းတုန်းမင်းလို့ ငါမကောင်း ငါ့အကြောင်းရေး ငါ့မိဖုရားမကောင်း မိဖုရားအကြောင်းရေးလို့တော့ မရူးရဲဘူး ငါမကောင်း မသိချင်ယောင်ဆောင် ငါ့မိဖုရားမကောင်း ရေးတဲ့ကောင် ထောင် ပဲရှိတယ်

  • ယောလေး

    March 25, 2011 at 3:23 am

    အင်း မကျေနပ်လဲ ကိုယ်တိုင်သာ သွားပြောပေရော့လဟယ်….

  • nozomi

    March 25, 2011 at 3:26 am

    သူကြီးက ပုဂ္ဂလိက မီဒီယာဘဲ အားပေးပါ ဆိုပေမဲ့ သတင်းစာကတော့ မဖတ်လို့မရသေးဘူးဗျ
    ”အသိဘယ်သူသေလဲ၊အသိဘယ်သူမင်္ဂလာဆောင်လဲ၊ကန့်ကွက်နိုင်ကြောင်းထဲမှာ ကိုယ်နဲ့ပတ်သတ်တာ ဘာပါလဲ ” ဆိုတာတွေက မြန်မာပြည်ကလူတွေ သတင်းစာဖတ်နေရတဲ့အကြောင်းတွေပါ
    ပြည်သူတွေသိချင်တဲ့သတင်းအားလုံးကတော့ ဂျာနယ်တွေမှာဘဲပါတယ်
    (မနေ့က သတင်းတစ်ခုတွေ့လိုက်ပါတယ် တပ်မတော်နေ့က စပြီး မြဝတီ နေ့စဉ်သတင်းစာထုတ်မယ်ဆိုဘဲ)

  • intro

    March 25, 2011 at 9:40 am

    သတင်းစာမှာက သာရေးရယ်၊ နာရေးရယ်၊ ညာရေးရယ်၊ ကြော်ငြာရယ်ပဲ ပါတယ်လေ…

  • လင်းဝေကျော်

    March 25, 2011 at 10:37 am

    သတင်းစာ အစစ်မှ မဟုတ်တာပဲလေ။
    ကြော်ငြာနဲ့ ထုတ်ပြန်ချက်များ ဖော်ပြသော စာရွက် ကိုး…

  • unclegyi1974

    March 25, 2011 at 5:04 pm

    သတင်းစာမှာအဲလိုသတင်းတွေဘာဖြစ်လို့အမှန်
    မဖော်ပြတာလဲလို့ကျွန်တော်လူတယောက်ကိုမေး
    ဖူးပါတယ်
    သူတို့လုပ်ထားတာတွေပေါ်ကုန်မှာစိုးလို့နေမှာ
    လို့ဖြေပါတယ်

  • kai

    March 25, 2011 at 10:03 pm

    ဆိုတော့..
    တိုင်းပြည်ဘဏ္ဍာကို .. အလွဲသုံးစားလုပ်နေတာ တမျိုးပဲ..။
    ပုဂ္ဂလိက စာနယ်ဇင်းတွေ… မီဒီယာတွေမှာ .. ကြော်ငြာခ ငွေမပေးပဲ… ပရိုပဂင်ဒါတွေအတင်းထည့်ခိုင်းနေတာလည်း.. မှတ်တန်းကျန်တဲ့.. အလွဲသုံးစားမှုတွေပဲ..။

    အခြေခံဥပဒေအရ. အခု(လာတော့မယ့်)အစိုးရမတိုင်ခင်..တပ်မတော်ကလုပ်ခဲ့တာတွေ..အပြစ်မယူနိုင်ဘူးဆိုပေမဲ့.. အခုလာမဲ့အစိုးရက ဒီအတိုင်း.. ပုံစံတူလုပ်နေရင်တော့ .. လူထုက အစိုးရကို.. တရားစွဲလို့ရနိုင်ပါတယ်..။
    အနည်းဆုံးတော့ .. ဒို့တာဝန်အရေးသုံးပါးလိုမျီုးတွေကို .. ကြော်ငြာခမပေးပဲ.. အတင်းထည့်တာတွေ.. အတိုးနဲ့ပြန်တောင်းနိုင်ပါလိမ့်မယ်..။ 🙂

Leave a Reply