လင်းဝေFebruary 3, 20121min25019
“တောက်တီးတောက်တဲ့ ပဲနံ့သာ နံ့သာအောက်က ဆီမီးခွက် လက်တစ်ဖက် ထွက် ” ဘာမှန်းတော့ မသိဘူး ကိုယ်လည်း ငယ်ငယ်တုန်းက ကစားခဲ့တာပဲ။ အခုလည်း ကလေးတွေကစားကြတုန်းပဲ။ တော်တော်တော့ တောက်တီးတောက်တဲ့နိုင်တာပဲ။ တွေ့ကရာကောက်ရွတ်ပြီး လက်တစ်ဖက်ထွက် ခိုင်းလိုက်တာပဲ။ အေးရော။ အဆီအငေါ်မတည့် ဟုတ်မှ ဟုတ်ပါ့မလားဆိုရင် ကြီးတော် က “ဟဲ့ကလေးတွေ တောက်တီးတောက်တဲ့ ဘာတွေတုန်းဟဲ့” လို့လည်း မြည်တွန်တတ်ကြသေးတာပဲ။ အခုလည်း တောက်တီးတောက်တဲ့… တောက်တဲ့ တစ်ကောင် သိန်းတစ်ထောင် ဆိုပါလား။ တောက်တီးတောက်တဲ့တော်။ ဟုတ်တယ် ကြီးတော်ရေ တောက်တဲ့တစ်ကောင် သိန်းတစ်ထောင် ပေးမတဲ့။ တောက်တဲ့ က အလေးချိန် အစိတ်သားတော့ ရှိရမတဲ့။ အာ…. ဟုတ်ပါ့မလား မောင်ကာလူးရယ် ( မောင်ကာဠု မဟုတ်ဘူး နော် ဝင်ပြင်ဖို့ […]