ဒီကောင့်အကြောင်း ပါးစပ်ထဲထည့် မပြောချင်ပေမဲ့ နောက်လာနောက်သားတွေအတွက် ဆင်ခြင်နိုင်အောင်လို့ ကျွန်တော် ပြောရအုံးမယ်။ ဒီကောင်ဆိုတာက ကျွန်တော့ရဲ့ အိမ်နီးချင်း မောင်မောင်။ ကျွန်တော်တို့ ရွာလေးမှာ ငရဲအရှာဆုံးလူကို ပြောရရင် ဒီကောင်ဟာ ဂရင်းနစ်စံချိန်တောင် ချိုးမဲ့ကောင်။ မိုးလင်းတာနဲ့ မောင်မောင် ဘာလုပ်လဲ မမေးနဲ့။ အရင်ဆုံး အရက်နဲ့ မျက်နှာသစ်တော့တာပဲ။ သောက်လည်း သူ့ဘာသာသူ အေးဆေးနေမယ်မှတ်လို့လား။ ဝေးသေး..မအေကို အရင်ဆုံး ဆဲဆိုကြိမ်းမောင်း နေတော့တာပဲ။ ပြောပုံကိုလည်း ကြည့်ပါအုံး။ “ခင်ဗျားကြီးက မနက်စောစောစီးစီး ဘုရားရှိခိုးတာ ကျယ်ကျယ်မဆိုစမ်းပါနဲ့ ကျွန်တော် အိပ်ယာကနေ လန့်..လန့် နိုးတယ်ဗျ” အမေက… “သားရယ်.. မိုးလင်း နေပြီပဲဟာ ထပါတော့လား” “ဟာဗျာ…ဒီအဘွားကြီးကလည်း တော်တော် လျှာရှည်နေပါလား မနေ့က အရက်ရှိန် အကင်းမသေသေးလို့ ခေါင်းကိုက်နေရတဲ့ကြားထဲ ပါးစပ်ပိတ်ထားစမ်းဗျာ” […]


Linn LettSeptember 28, 20101min960
မင်္ဂလာဆောင်ပြီးစ သူတို့ဇနီးမောင်နှံရဲ့ဘဝက လူတိုင်းအားကျဖို့ ကောင်းအောင် ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်နေခဲ့တယ်။ သားတစ်ယောက် မွေးခဲ့ပေမယ့် တစ်သားမွေး တစ်သွေးလှဆိုသလို သူမ လှပနေခဲ့တယ်။ ခန္ဓာကိုယ် အချိုးအစားကို အပျိုလေးတစ်ယောက်လို့ သူမ ထိန်းသိမ်းထားနိုင်ခဲ့တယ်။ လင်ယောက်ျားနဲ့ တွဲသွားသည့်တိုင် ပုရိသတို့ရဲ့ အကြည့်စက်ကွင်းမှာ သူမ မလွတ်ခဲ့ဘူး။ အိမ်သူသက်ထားရဲ့ ဆွဲဆောင်မှုအပြည့်ရှိတဲ့ အလှကြောင့် အပေါင်းအသင်းတွေကြားမှာ သူ လက်မထောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် လင်နဲ့မယား၊ လျှာနဲ့သွား ဆိုသလို အိမ်ထောင်သက် ရင့်လာတာနဲ့အမျှ သူတို့မှာ ကတောက်ကဆတ်တွေ ရှိလာခဲ့တယ်။ နေ့လယ်အလုပ်မှာ သူ ပင်ပန်းခဲ့တယ်။ ညမှာ သူမ ကလေးပြုစု စောင့်ရှောက်ရတယ်။ သူတို့ဇနီးမောင်နှံ နှစ်ယောက်ကြားက ကြင်နာယုယမှုတွေ တစ်နေ့ထက်တစ်နေ့ လျှော့နည်းလာခဲ့တယ်။ သူတို့ရဲ့ ဆက်ဆံမှုက တစ်ခါတလေမှာ ရေခဲမှတ်ထိတောင် အေးစက်သွားခဲ့တယ်။ […]


zayyarchawSeptember 4, 20101min1141
ပိတောက်ပင်ကြီးထက်မှာပိတောက်ဖူးဖူးတွေကလေတိုးတိုင်းတရှဲတရှဲမြည်နေကြသည်။ တစ်မိုးလောက်ရွာလိုက်လျှင်ပင်သည်ပိတောက်တို့သင်္ကြန်မတိုင်မီပွင့်ကြမည်သာ။ အတွေးတွေကတစ်စစီပြန့်လို့ကျဲလို့။ ပိတောက်တွေကသာမိုးမျှော်နေကြတာ ငုဝါတွေကတော့တစ်ပင်လုံးရွှေဝါရောင်လွှမ်းလို့။ “ပိတောက်နှင့်ငု ဘယ်ပန်းကိုမောင်ပိုချစ်လဲ“ “ပိတောက်လည်းအဝါ၊ငုလည်းအဝါ အရောင်ကတော့အတူတူပဲကွာနေတာကရနံ့။ ပိတောက်ရနံ့ကိုပိုချစ်တယ်၊ ဒါပေမဲ့ ငုတွေရဲ့ပွင့်ချိန်ရောက်ရင်မိုးရွာတာကိုမစောင့်ပဲခပ်ရဲရဲပွင့်တတ်တဲ့ သတ္တိကိုလည်းမောင်ကြိုက်တယ်“ “မောင်ကလည်းကဗျာဆန်တတ်နေရန်ကော“ “အချစ်ကတော့ဘယ်ပန်းမှမကြိုက်ဘူးမောင်“ ေဩာ်..သင်္ကြန်ရောက်လာလေအုံးတော့မည်..ဒီနှစ်မှာတော့ ပိတောက်နှင့်ငု ဘယ်ပန်းကိုပိုချစ်လဲလို့ မေးခဲ့ဘူးသူက နီးလျက်နှင့်ဝေး၊ချစ်လျက်နှင့်ပြေးခဲ့ပြီလေ…. အတိတ်ကပျော်စရာတွေကအခုတော့လွမ်းစရာတွေဖြစ်လို့နေပေါ့ နောက်ဖက်ဆီမှာသည်ပခုံးထက်ဆီသို့ကျလာလေသော လက်တစ်စုံကြောင့်အတွေးစတို့ဖြတ်လိုက်ရသည်။ “ဟာ ကိုဇော်…လာထိုင်ဗျာ“ “ပုံမှန်တစ်ခွက်ဟေ့“စားပွဲထိုးလေးဆီသို့လှမ်းမှာလိုက်သည်။ “ညီချောကိုအစ်ကိုတစ်ခုလောက်မေးချင်လို့ကွ“ “အချစ်ဆိုတာကိုဘယ်လိုနားလည်ထားသလဲ“ “ဟာ..ဘယ်သိပါ့မလဲဗျာ..ဒီမှာချစ်လို့မှမဝခင်အစိမ်းခြွေ ခြွေခံလိုက်ရတဲ့ပန်းတစ်ပွင့်လိုပဲ…“ “အေး..ဟုတ်တယ် တစ်ချို့အမျိုးသမီးတွေကအချစ်နှင့်ဦးနှောက်ကို ကောင်းကောင်းခွဲခြားတတ်တယ်ကွ အခုညီချောရဲ့မမကလဲ အဲဒီအထဲမှာပါတယ်“ သူ့တို့အခေါ်မမ ကျွန်တော်ကတော့အချစ် ဟုပင်ခေါ်ခဲ့သည်။ အချစ်နှင့်ပြတ်ပြီးနောက်လမ်းမှာမကြာခဏဆုံဖြစ်ကြသည်.. အချစ်ကတော့မောင့်ကိုအမြဲပြုံးပြနှုတ်ဆက်လေ့ရှိသည်။ မောင်ကသာနာကြည်းစွာဖြင့်ခပ်စိမ်းစိမ်းပြန်ကြည့်တတ်ခဲ့သည်။ အချစ်သည်သူ့ယုံကြည်ချက်တစ်ခုကြောင့် အတ္တကြီးစွာမောင့်ကိုထားခဲ့တာလား..ပါးပါးနပ်နပ်ထားခဲ့လေသလားမသိ။ အခုလောလောဆယ်မှာတော့.. အချစ်ကိုမောင်အရမ်းချစ်ပါသည်… ထို့အတူတမြေ့မြေ့လည်းနာကြည်းပါသည်။ “ညီချောဒီနှစ်သင်္ကြမတိုင်ခင်အစ်ကိုဇော်နယ်ဘက်ကိုခရီးထွက်မယ်.. ယဉ်ကျေးလိမာ္မသင်တန်း ပို့ချပေးမလို့ကွ..အားလုံးစီစဉ်ပြီးပြီအဲဒါညီချောလိုက်မလား.. စိတ်ပြေလက်ပျောက်ပေါ့ကွာဒီအချိန်မှာ အပြောင်းအလဲတစ်ခုခုတော့လုပ်သင့်နေပြီ.. ခံစားမှု့အလွမ်းတွေထဲမှနစ်မနေသင့်တော့ဘူး“ “ဘယ်တော့စထွက်မလဲ“ “သဘက်ခါ“ “ဒါပေမဲ့ကျွန်တော်က […]