ကျော်ဘသစ်January 6, 20141min39915
(၁) တစ်နေ့သ၌ ရန်ကုန်မြို့၊ ရွှေဘုံသာလမ်း၊ အမေရိကန်ဗီးရှင်းမျက်မှန်ဆိုင်ထဲသို့ ကြောက်ရွံ့ရွံရှာဖွယ် အသွင်အပြင်ရှိသော ဘိုးတော်တစ်ဦး ဝင်လာသည်။ မွဲထပ်ထပ်ဆံပင်၊ ဖရိုဖရဲမုတ်ဆိတ်၊ အညိုရောင် ညစ်ထေးထေးဝတ်ရုံကို ဝတ်ဆင်ထားသည့်အပြင် တစ်လုံးက အာလူးသီးလောက်၊ တစ်လုံးက ခရမ်းချဉ်သီးလောက်၊ မညီမညာ အသတီချင်စရာ အပြင်ကို ပြူးထွက်နေသော သူ့မျက်လုံးကြီးများကို ကြည့်ရင်း တုန်တုန်ရီရီ ဖြစ်နေသည့်ကြားက အရောင်းစာရေးမလေးတစ်ယောက်က တာဝန်အရ အရဲစွန့်ပြီး မေးရှာသည်။ “ဟုတ်… ဟုတ်.. ဟုတ်ကဲ့၊ ဘာ… ဘာ.. ဘာအလိုရှိပါသလဲရှင်” “မျက်မှန်တစ်လက် လိုချင်တယ်” “မျက်..မျက်… မျက်မှန်က အမျိုး..မျိုး..မျိုး..မျိုးမျိုး ရှိပါတယ်၊ ဘ… ဘ.. ဘယ်လိုမျက်မှန်မျိုး လိုချင်ပါသလဲရှင်” “နေကာမျက်မှန်” “နေ…နေ.. ကာမျက်မှန်ကလည်း အမျိုးမျိုး ရှိတယ်၊ ဘယ်လိုအမျိုးအစား ယူမလဲ..လဲ..လဲ..ရှင်” “ဘာပဲရရ၊ ငါ့မျက်နှာပေါ်က […]


ကျော်ဘသစ်December 28, 20131min62013
(က) “ယုံကြည်မှုတွေ ရမယ်နော်.. ယုံကြည်မှုတွေ.. ယုံကြည်မှုတွေ” “တစ်ဆယ်သားမှ ငါးရာတည်း၊ တစ်ဆယ်သားမှ ငါးရာတည်း” “အလျားနဲ့ ဝယ်မယ်ဆိုရင် တစ်ပေကို ရှစ်ရာ၊ ပုလင်းနဲ့ဆိုရင် တစ်ပုလင်း ခုနှစ်ရာ၊ သုံးမျိုးပေါင်းယူရင်တော့  တစ်ထောင့်ငါးရာနဲ့ ရမယ်၊ ယုံကြည်မှုတွေ  ယုံကြည်မှုတွေ” “ကဲ ကဲ.. လာထား လာထား.. အရောင်အသွေးစုံ၊ ကာလာစုံတယ်နော်” “အဓိပ္ပါယ်မျိုးစုံ၊ စိတ်ကူးမျိုးစုံ၊ အကြောင်းအရာမျိုးစုံပါတဲ့ ယုံကြည်မှုတွေ၊ ဝယ်မလား.. ဝယ်မလား၊ ဦးရာလူနဲ့ ထိုက်ရာလူပဲ ရမယ်နော်” နေအလွန်တရာပူပြီး အိတ်ကပ်ထဲ ဘီယာသောက်စရာ ပိုက်ဆံ တစ်ပြားမှမရှိတဲ့ တစ်နေ့မှာ ကျွန်တော်ဟာ  လူစည်းကားရာ မဟာဗန္ဓုုလပန်းခြံထောင့် တစ်နေရာမှာ ယုံကြည်မှုတွေ ဖြန့်ခင်း ရောင်းချနေပါတယ်။ လက်တစ်ဖက်နဲ့ ယုံကြည်မှုတွေကို အဆုပ်လိုက် အဆုပ်လိုက် ကိုင်မြှောက်ပြ၊ တစ်ဖက်ကလည်း […]


ကျော်ဘသစ်November 26, 20131min38913
(၁) မျောက်အဘိုးကြီးတစ်ကောင် သူ့နဖူးပေါ်သူ ဒူးပေါ်စိုက်ရင်း သစ်ပင်ခွကြားမှာ စိတ်ပျက်လက်ပျက် မှိုင်နေတယ်။ သူလို သက်ကြီးရွယ်အိုတစ်ယောက်ရဲ့ ပင်ပင်ပမ်းပမ်း ရှာဖွေစုဆောင်းထားတဲ့ ငှက်ပျော်သီးကိုမှ သင်းတို့က ခဏခဏ ခိုးစားရက်ကြသတဲ့။  သူတို့အုပ်စုမှာက မျောက်အားလုံးပေါင်းပါမှ လက်တစ်ဆုပ်စာ။ ခိုးနေတာလည်း ဒီအထဲကကောင်တွေပဲလေ။ သူကိုယ်တိုင်လည်း သူဝှက်ထားတဲ့ ငှက်ပျောသီးကို ၂၄ နာရီလုံးလုံး မျက်လုံး ဒေါက်ထောက် ကြည့်မနေနိုင်၊ နောက် သူလို တုန်တုန်ချည့်ချည့် အဘိုးအိုတစ်ယောက်ကို ဘာ ဂရုစိုက်စရာ လိုလဲဆိုပြီး မျောက်ငယ်တွေ အတင့်ရဲကြတာလည်း ပါမှာပေါ့။ ဒါကြောင့်ပဲ သူ့ငှက်ပျောသီးတွေ အမြဲတမ်းလိုလို ပျောက်နေတာ။ မျောက်အိုကြီးဟာ ဟိုဟိုဒီဒီ လျှောက်သွားလိုက်၊ တစ်ခါ ငုတ်တုတ် ပြန်ထိုင်လိုက်၊ ဒူးနှစ်ဖက်ပေါ် နဖူးစိုက် အကြံအိုက်လိုက်၊ တုံးတုံးလှဲပြီး နဖူးပေါ်လက်တင်လိုက်၊ ဒီလိုနဲ့ သူ့ခမျာ […]


ကျော်ဘသစ်November 23, 20131min3426
(နိဒါန်း) ကောင်မလေးရေ… လူဆိုတာ အမှားတစ်ခုကို နှစ်ခါထပ်မလုပ်မိဖို့ သူ့အတွေ့အကြုံ၊ ကိုယ့်အတွေ့အကြုံတွေကနေ သင်ခန်းစာ ယူတတ်ရမယ်တဲ့။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကိုယ် မင်းကို ပုံပြင်တစ်ပုဒ် ပြောပြမယ်။ ဟိုရှေးရှေးတုန်းက ဗာရာဏသီပြည်မှာ လူတစ်ယောက် ရှိခဲ့သတဲ့ကွယ်။   ၆၀၀၂ ဘီစီ၊ ဗာရာဏသီပြည်၊ ဗြဟ္မဒတ်မင်းကြီး သူ့နာမည်အရင်း၊ နာမည်ပြောင်၊ ငယ်နာမည်၊ ကျောင်းနာမည်စသည်ကိုတော့ မှတ်တမ်းအတိအကျ မရှိလို့ ဘယ်သူကမှ အတိအကျ မမှတ်မိကြဘူးတဲ့။ ဒါပေမယ့် နှောင်းခေတ်လူ အများစုကတော့ သူ့ကို ဗြဟ္မဒတ်ဆိုတဲ့နာမည်နဲ့ အသိများကြသတဲ့လေ။ ဗြဟ္မဒတ်ရဲ့ အလုပ်အကိုင်ကလည်း နယ်နယ်ရရ မဟုတ်ဘူးတဲ့၊ ဗာရာဏသီဆိုတဲ့ တိုင်းပြည်ကြီးကို စီမံအုပ်ချုပ်ရတဲ့ ဘုရင်မင်းကြီးအလုပ်တဲ့လေ။ တစ်နေ့ (နန်းတော်ထဲမှာ ရုံးပိတ်ရက်နဲ့ တူပါတယ်) မှာ အဲဒီဗြဟ္မဒတ်ဘုရင်ကြီးဟာ နန်းပလ္လင်ပေါ် ဒီအတိုင်း […]


ကျော်ဘသစ်November 21, 20131min47811
(၁) လကွယ်ညလည်း ဖြစ်၊ ညဉ့်ကလည်း သန်းခေါက်ထက် နက်နေတဲ့အချိန်။ ညကြီးက ဆင်တစ်ကောင်လုံး ဝင်လာရင်တောင် မမြင်ရအောင် မှောင်မဲပြီး ပုရွက်ဆိတ် ချောင်းဆိုးသံတောင် ကြားရလောက်အောင် တိတ်ဆိတ်နေတယ်။ ခါတိုင်းအော်နေကျ တောက်တဲ့တွေ၊ အိမ်မြှောင်တွေ၊ ပုရစ်တွေ ဒီည ခွင့်ယူထားသလား အောက်မေ့ရရဲ့။ တစ်ရွာလုံးမှာ ဘာဆိုဘာသံမှ မကြားရ။ တစ်ရွာလုံးက ရှိသမျှလူတွေ ပိုးစိုးပက်စက် အိပ်မောကျနေချိန် သူမှာတော့ မအိပ်နိုင် မမောနိုင်သေး၊  ရွာလယ်လမ်းမပေါ်မှာ ခပ်သုတ်သုတ် လျှောက်လိုက်၊ မကျီးပင်တွေအောက် ဝင်ပုန်းလိုက်၊ တစ်ခါ ထပြေးလိုက်၊ တစ်ယောက်တည်း တူပုန်းတမ်း ကစားနေသလိုမျိုး ပြေးလိုက်ပုန်းလိုက် ဖြစ်နေတယ်။ အမှန်တော့ သူ ကစားနေတာ မဟုတ်။ သူ့ရှေ့က သွားနေတဲ့ အရာဝတ္ထုတစ်ခုနောက် တိတ်တဆိတ် နောက်ယောင်ခံလိုက်နေတာ။ သူ့ရှေ့က အရာဝတ္ထုဆိုလို့ […]


ကျော်ဘသစ်October 2, 20131min3195
သက်ရောက်မှုများ Effects …………………………….. လိပ်ပြာသက်ရောက်မှု Butterfly Effect လူတစ်ယောက် တောစပ်တစ်နေရာ ရောက်လာသည်။ သစ်ပင်တစ်ပင်အောက် အမောပြေ ထိုင်နေတုန်း သူနဲ့ မလှမ်းမကမ်း မြက်ပင်ဖျားမှာ လိပ်ပြာတစ်ကောင် အတောင်ပံ တဖျတ်ဖျတ် ခတ်ရင်း ဂဏာမငြိမ်ဖြစ်နေသည်ကို သူ သွားတွေ့၏။ ပျံတာလည်း မဟုတ်၊ နားတာလည်း မဟုတ်၊ မြက်ပင်ဖျားမှာ ကြိုးခုန်သလို ခုန်ဆွခုန်ဆွ လုပ်နေတဲ့ လိပ်ပြာကို ကြည့်ရင်း နားမလည်နိုင်တဲ့အဆုံး ထိုလူက လိပ်ပြာကို သွားမေးသည်။ “ခင်ဗျား.. အားနေရင်လည်း ဒီအတိုင်း နားနေလို့ မရဘူးလား၊ ဘာဖြစ်လို့ မလိုအပ်ဘဲ အတောင်တဖျတ်ဖျတ် ခတ်နေတာလဲ” “ဪ.. ဒါလား၊ အလကား ခတ်နေတာ မဟုတ်ဘူးဗျ၊ နောက်တစ်ပတ်မှာ တိုက်ဖို့ လေဆင်နှာမောင်းကြီးတစ်ခု ဖန်တီးနေတာ” လိပ်ပြာ […]


၁။   “ကဲ…… ရော့ မင်းအတွက်ကမာ္ဘကြီးကို ဂတ်စ်ထည့်ပြီး ညှိထားတဲ့ စီးကရက်တစ်လိပ်” “အို…. ရှင်ကျွန်မကိုယ်တိုင် လောင်ကြွမ်းနေတာ မသိဘူးလား” “လာပါ … ကိုယ်တို့ကမ်းစပ်ဘက်သွားရအောင် … လာ” သူမက ကျွန်တော်တည်ဆောက်ထားတဲ့ကမ်းစပ်အတုကို မျှော်လင့်တကြီး လှမ်းကြည့်လိုက်တယ်။ အိပ်မက်။ ခင်ဗျားတို့သိလိုက်လား။ခံစားလိုက်ရလား။ အဲဒီကမ်းစပ်က တိုက်တဲ့ လေတွေထဲမှာ သူမအတွက် မျှော်လင့်ခြင်း အိပ်မက်တွေပါတယ်။ ပါတာမှ အများကြီးပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော် မသိပါဘူး။ မရှိပါဘူး။ လုပ်ချင်တာတွေများလာတယ်။ ရူးသွပ်ခြင်းထက်မက ရူးသွပ်တယ်။ တိမ်တွေထဲက လျှပ်စီးတွေနဲ့ သူမကို ထွန်းလင်းပေးခဲ့ချင်တယ်။မီးညှိထားတဲ့ စီးကရက်တစ်လိပ်ကို သူမ တစ်ရှိုက် ဖွာလိုက်တယ်။ မီးခိုးတွေက အချစ်ကို စာတန်းထိုးကြလိမ့်မယ်။အဲလိုလည်း မထင်နဲ့။ လူ့ဘဝဆိုတာ ဘယ်လိုတီးတီး အသံမထွက်တော့တဲ့ တူရိယာတစ်ခုပဲ။ ခု […]


  “မာလူးဟန်က ပြောခဲ့တယ် ရေကို ဘယ်သူ စတွေ့ရှိခဲ့လဲဆိုတာ မသိပေမယ့် သေချာတာက ရေကို စတင်တွေ့ရှိသူဟာ ငါးတော့ မဖြစ်နိုင်ဘူးတဲ့” ပရော်ဖက်ဆာကြီးစကားဆုံးတော့ ဂျက်တစ်ယောက် ငူငူကြီးထိုင်နေလိုက်တယ်။ ပရော်ဖက်ဆာကြီးက ဆက်ပြောတယ်။ “အချိန်ဆိုတာ လူတွေဘယ်တော့မှ လိုက်မမှီတဲ့ နောက်ဆုံး ဒိုင်မန်းရှင်းပဲကွ ရုပ်ရှင်တစ်ကားဟာ တစ်စက္ကန့်ကို ဖရိန် သုံးဆယ်လောက်ပြလိုက်ရင် အရည်အသွေးမြင့်တဲ့ ဇာတ်ကားတစ်ခုကို လူတွေဟာ မြင်ကြရပြီ တကယ်တော့ ငါတို့လိုက်မမှီတဲ့ တစ်စက္ကန့်အတွင်းမှာ အကြိမ်ပေါင်း သန်းနဲ့ချီ ပြောင်းလဲနေကြတာ မင်းတို့ ငါတို့ လူတွေ မသိလိုက်တဲ့ ပြောင်းလဲခြင်းတွေပေါ့” ပရော်ဖက်ဆာစကားကို ဂျက်တစ်ယောက်သေချာ နားထောင်ပြီး အဲဒီညက ပြန်လာခဲ့တယ်။ “အလင်းနှစ်တွေ … အလင်းနှစ်တွေ … တကယ်မရှိတော့တဲ့ ကြယ်တွေကို ငါတို့ မြင်နေရတာကိုက သဘာဝတရားကြီးရဲ့ […]


  ၁။ သုတ လမ်းလျှောက်ရင်းဖြင့် ရပ်နေသည်။ သုတ စိတ်ထဲမလုံ။ တစ်ခုခုတော့ လွဲနေပြီ။ သုတ ရပ်နေရင်းဖြင့် လမ်းဆက်လျှောက်ဖြစ်သည်။ သို့သော် သုတ စိတ်ထဲ ထပ်မလုံ။ တစ်ခုခု သို့မဟုတ် တစ်ခုခုထပ် ပို၍ လွဲနေပြီဟု သုတ ထင်သည်။ ထိုအထင်ဖြင့် သုတ ရှေ့ကို လျှောက်နေရင်းဖြင့် နောက်ကို ပြန်လှည့်လိုက်သည်။ ထင်သည့်အတိုင်း တကယ် လွဲနေခြင်း ဖြစ်သည်။ သုတ စိတ်ညစ်သွားသည်။   ၂။ သုတ လမ်းလျှောက်ရင်း ဖြင့် ရပ်နေသည်။ သုတ စိတ်ညစ်ရင်းဖြင့် နောက်လှည့်နေခြင်းဖြစ်သည်။ သုတ အနောက်တွင် နေနိုင် ကပ်လျက်ပါလာခြင်းက သုတကို စိတ်ပျက်စေခြင်း ဖြစ်သည်။ “မင်း ဒီလိုကြီးပဲ လိုက်နေတော့မှာလား” နေနိုင်က […]


ကျွန်တော့်အလုပ်က အစိုးရဌာနတစ်ခုက ရုံးအကူဝန်ထမ်း။ရပ်ကွက်ထဲမှာတော့ အမေက “အိမ်ကစိုးလေးရုံးစာရေးအလုပ်ရနေပြီလေ” ဟု ရောချပြောလေ့ရှိသည်။သိပ်စိတ်မဝင်စားတဲ့လူတွေကတော့။ “အင်းအင်းကောင်းတာပေါ့” ဟု မှတ်ချက်ချတတ်ပြီး၊စပ်စပ်စုစုနဲ့မနာလိုစိတ်မွေးတတ်သူတွေကတော့ “တော့်သား ဆယ်တန်းတောင်မအောင်ပဲများ ရုံးစာရေးဖြစ်တယ်ရယ်လို့ ပြာတာ နေမှာပါ” ဟုမဲ့ကာရွဲ့ကာ အားမနာလျှာမကျိုးဆိုတတ်သေးသည်။ ဘာပဲပြောပြော ကျွန်တော့်လို ဆယ်တန်းတစ်ဘုံးဘုံးကျထားတဲ့ကောင်အခုလို ရုံးဌာနတစ်ခုအလုပ်ရတာကိုက ကျွန်တော်တို့မိသားစုအတွက် အင်အားတစ်ရပ်ပါ။ မနက်ဆိုရင် နေမြင့်မှအိပ်ယာထ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ လ္ဘက်ရည်ဆိုင်မှာ လမ်းထဲကလူတွေနဲ့တော်ကီပွားဖို့အရေး ဘယ်သူ့ဆီကလက်ဖြန့်တောင်းရမလဲ စဉ်းစားနေရမယ့်အစား၊အမေစီစဉ်ပေးတဲ့ ထမင်းဗူးလေးဆွဲလို့ အိတ်ကပ်ထဲ ငွေလေး၊ငါးရာ ထည့်ပြီး ရုံးသွားရတာဟာ ကျေနပ်စရာပါ။ လမ်းထဲမှာ ကျွန်တော်လို ဆယ်တန်းတစ်ဘုံးဘုံးကျပြီး လတ်လျားလတ်လျားဖြစ်နေတဲ့ ယောကျာ်းလေး၊မိန်းကလေး တော်တော်များတာကြောင့် အခုလို ကျွန်တော်အလုပ် ကလေးအကိုင်ကလေးနဲ့ဖြစ်သွားတာကို အားကျနေကြသည်။ တစ်ချို့ကလဲ ကျွန်တော့်ထက်အရင် ကုမ္ပဏီတွေ၊စတိုးဆိုင်တွေ၊ဝပ်ရှော့တွေမှာ အလုပ်ရနေပြီးဖြစ်ပေမယ့်၊ကျွန်တော့်လို အစိုးရဌာနဆိုင်ရာမှာတော့မည်သူမှ မဝင်နိုင်သေး။အမေကကြံဖန်ကြွားတတ်သေးတာက “ကုမ္ပဏီအလုပ်ဆိုတာအစိုးရတာမဟုတ်ဘူးတော့ တော်ကြာဒေဝါလီခံရင် အလုပ်ကပြုတ်ဦးမယ်” […]


  ၁။   “ရှင့်ခြေဖဝါးအောက်မှာ ဘာရှိလဲ” “ဗျာ .. ” “မဗျာနဲ့ .. ရှင့် ခြေဖဝါးအောက်မှာ ဘာရှိလဲ မေးနေတာ” “ဟင် …. မြေကြီး .. မြေကြီးရှိတာပေါ့” “မှားတယ် .. ရှင့်ခြေဖဝါးအောက်မှာ ဖိနပ်ရှိတယ် … ရှင်တို့ ယောက်ျားတွေက အဲလိုပဲ .. ကိုယ်နဲ့ အနီးဆုံးတွေကို ဘယ်တော့မဆို ဂရုမစိုက်တတ်ကြဘူး ..” “ဟင် .. ဘာဆိုင်လို့လဲ” “ဆိုင်တာပေါ့ .. ခုပဲ ကြည့်လေ .. ခြေဖဝါးအောက်က ဖိနပ်ကို ကျော်ပြီး ရှင်ကိုယ်တိုင် မြေကြီးလို့ ဖြေခဲ့တယ်မဟုတ်လား ..” ကျွန်တော်ဖိနပ်ချွတ်၍ ပြန်လာဖြစ်ခဲ့သည်။ ပြန်လာခဲ့ခြင်းမှာ သူမကို နိုင်အောင် မပြောနိုင်၍ ဖြစ်ကာ […]


  စားပွဲပေါ်တင်ထားတဲ့ လူများကို ပြန်ဖတ်ကြည့်တော့ စာအုပ်နံ့ထွက်နေတယ်။ ဘေလီကိုလင်နဲ့ ကျွန်တော်က လက်ဖက်ရည်ဆိုင်မှာ စကားများနေတုန်း နတ်သျှင်နောင်ရဲ့ ရတုက တိုးတိုးလေးနဲ့ ဆူညံလွန်းခဲ့တာတော့ မမေ့ဘူး။ ဝေးသွားပြန်ပြီ။ ဘာလို့လဲဆိုတော့ မနီးစပ်တော့လို့ပေါ့။ ရန်ကုန်-မန္တလေး ကားလမ်းအသစ်ကြီးဘေးမှာ ခင်ဗျား မစင်စွန့်ဖူးပါသလား။ ဟစ်တလာက ဘာလို့ နယူကလီးယားကို မရသွားတာလဲ။ ကျွန်တော်ချစ်သူက ကျွန်တော့်ကို တောက်တစ်ချက်ခေါက်ပြီး မိုးရွာတယ်။ ကျွန်တော့်လမ်းတွေ ဗွက်ထကုန်တာပေါ့။ ဂရေဟမ်ဘဲလ် ကို ခေါ်ပေးပါ။ ဆက်သွယ်မှု ဧရိယာကို သူမသိသေးရင် သင်ပေးရအောင်။ ရယ်လီဘလတီ သီအိုရီကို ပန်းကန်ထဲထည့် မြန်မြန်စား။ တော်ကြာ အိုင်းစတိုင်းလာတော့မယ်ဗျ။ ကျန်တာကတော့ ခင်ဗျားသဘော။ အေမွန်ရဲ့ အရှေ့ဘက်က မနက်ခင်းတွေ မိုးမလင်းတော့ဘူး။ ကဲပါ။ ပြန်ရအောင်ပါဗျာ။ ခြင်ကိုက်တယ်လေ။ မျက်နှာများတိုင်း မကောင်းဘူးတော့ […]


  (က) “ဘာကွ မင်းက ဘာကို အပေါင်ထားမယ် ပြန်ပြောစမ်းပါဦး” “ဟုတ်. ကျွန်တော် မနက်ဖြန်ကို အပေါင်ထားချင်ပါတယ်” “မနက်ဖြန်က ဘယ်လောက်တန်လို့လဲကွ” “တန်ပါတယ်… ခင်ဗျား လုပ်ရပ်အတိုင်း အတိုင်းအဆမဲ့ တန်ပါလိမ့်မယ်” “အေး.. ငါက အိပ်နေရင်ရောကွာ” “ခင်ဗျားအိပ်နေရင်တော့ ခင်ဗျားအိပ်ယာလောက်ပဲ တန်ပါလိမ့်မယ်” “ဟေ.. တော်ကွာ.. အလုပ်ရှုပ်တယ် အပေါင်မခံနိုင်ဘူး… ရွှေပဲ အပေါင်ခံတယ် ဒါပဲ .. သွားတော့” ကျွန်တော် ဘာမှ ပြန်မပြောတော့ဘဲ ထွက်ခဲ့လိုက်ပါတယ်။   (ခ) “အနေအထိုင်သင်ချင်လို့ပါ ဆရာ” ဗေဒင်ဆရာကြီးက မျက်မှန်ကနေ ပြူးပြတယ်။ “နေပါဦး .. မင်းက အနေအထိုင် မတတ်လို့လားဟ” “ဟုတ်ပါတယ်” “ဆိုပါဦး .. ဘယ်လို အနေအထိုင်မတတ်တာလဲ” “ဟုတ်ကဲ့… […]