ယခုတလော သတင်းဂျာနယ်တွေ ဖတ်ရတာ ငြီးငွေ့လာတာရယ် ဖတ်စရာ စာအုပ်လဲ သိပ်မရှိတော့တာရယ်ကြောင့် အရင်ကတည်းက ဝယ်စုထားတဲ့ စာအုပ်တွေထဲ စာရေးဆရာ ဗိုလ်မှူးကြီးသောင်းဝေရဲ့ စစ်သားဘဝအမှတ်တရများဆိုတဲ့ စာအုပ်အတွဲလိုက် ပြန်ဖတ်ဖြစ်နေတယ်။ အဲ့ဒီစာအုပ်အတွဲ ဖတ်နေရင်းလက်စ တချိန်က ကြားဖူးခဲ့ တွေ့ဖူးခဲ့တဲ့ တပ်ထဲက ဖြစ်ရပ်မှန်ဟာသလေးတွေ ပြန်သတိရလို့ ဒီစာလေး ချရေးဖြစ်တာပါ။ သိပ်တော့ ရယ်စရာ မဟုတ်ပေမဲ့ ကျနော်တို့နဲ့ မနီးစပ်တဲ့ လောကက အဖြစ်တွေကို စာဖတ်သူများအတွက် တဆင့်ပြန်လည် ဝေငှလိုက်ပါတယ်။ ကာယကံရှင်တွေလဲ ဒီစာကို ဖတ်မိရင် တချိန်ကအကြောင်းလေးတွေကို ပြန်တွေးရင်း ပြုံးရယ်ဖြစ်မယ် အမှတ်တရဖြစ်မယ် ထင်ပါတယ်။ အင်း ….. ဟယ် ( ပေါက်ကွဲလို့မရဘူး ကြေကွဲလို့ပဲရတယ် ) အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ ခြေမြန်တပ်ရင်းတစ်ရင်းမှာပေါ့ဗျာ ကျောင်းဆင်းခါစ ဒုဗိုလ်လေးတဦး […]