ဒီနေ့ ကျွန်တော်လဲ မန်းဂေဇက်ရဲ့ ထင်ရှားသောပုဂ္ဂိုလ်ကြီးများနှင့်အင်တာဗျူးကဏ္ဍအတွက် အဘကို ရက်ချိန်းယူထားသဖြင့် ဖုန်းလှမ်းဆက်ရာ အကြိမ်၅၀ဝခန့် ခေါ်ဆိုသောလည်း အဆက်သွယ်ကမရ ကိုယ်ကဗျူးပါမယ်ဆိုမှ ပြန်မေးတဲ့ မေးခွန်းပေါင်းက ၈သောင်းလောက်ရှိမည် ထင်သည်၊ နောက်မှ မထူးသည့်အဆုံး တယ်လီပသီနည်းသုံး၍ လှမ်းဆက်မှဘဲ ရတော့သည်၊ ဒါတောင် အဘက ရှရန့်ဇာတ်ကားမှ ကြောင်ကလေးအကြောင်း ပွတ်စ်အင်ဘုစ် ဆိုတာကြည့်တာ မပြီးသေး၍ ခဏစောင့်နေရသေးသည်၊ အတော်လေးကြာမှ အေးရပြီကွ ဆိုလို့ စပြီးမေးဖြစ်သည်……………….။ ရဲစည်။    ။အဘ အခုတစ်လော အကောင်အထည်ဖေါ်ဖြစ်သွားတဲ့ အပြောင်းအလဲလေး အကြောင်းရှင်းပြပါအုံး ခင်ဗျ။ အဘ ။    ။အိမ်း….ဒီလိုကွ လွန်ခဲ့တဲ့ ၅နှစ်လောက်ကပေါ့ အဘအိပ်မက်တာ သိပ်မကောင်းဘူး၊ မနက်ကျ အဘရဲ့ဂမီ္ဘရအကြံပေးကို ပြောပြတော့ တိုင်းပြည်ထူးခြားမယ်တဲ့ ဒါနဲ့ဘဲ မင်းတို့ကြီးတော်ကြီးက ယတြာချေမယ် လုပ်ရော အဘကတော့ […]