ဦးပြုံးမောင်မောင်ဆိုတဲ့ နာမည်က ကျွန်မဂျပန်တစ်ယောက်ကို ပေးခဲ့တဲ့ နာမည်။ကျွန်မအဖေကို မတွေ့ချင်ဘူးလို့ ပြောလို့ငိုရတာ လည်း သူ့ကြောင့်ပဲ။ရယ်ရင် မလှဘူး ငိုရင် ပိုဆိုးတယ်လို့ ပြောလို့ ဗြဲခနဲ ကျွန်မရန်ထောင်ခဲ့တာလည်း သူ့ကြောင့်ပါပဲ။ …. ၂၀၁၄ခုနှစ်ကနဲ့ တူပါရဲ့ရုံးကပေးတဲ့တာဝန်က မြန်မာပြည်ကို ရုံးခွဲလာဖွင့်မယ့် ဂျပန်စီးပွားရေး သမားတစ်ယောက်ကို ကူညီဖို့တဲ့။သာမာန်လေ့လာရုံသက်သက်မဟုတ်ဘဲ ရုံးခွဲဖွင့်ဖို့ လာတာဆိုတော့ မြန်မာပြည်ကို သူလာတိုင်း အမြဲတမ်း ကျွန်မနဲ့ပဲသွားရာက ခင်သွား ကြတယ်။မြန်မာနာမည် သူ့ကိုပေးပါလား ဆိုတော့ သူ့ပုံစံက ပြုံးနေတတ်တာရော၊ကြာသပတေးသားတယောက် ဖြစ်နေတာရောကြောင့် ကိုယ့်ဟာကိုယ်ဗေဒင်ဆရာ လုပ်ပြီး ဦးပြုံးမောင်မောင်လို့ နာမည်ပေးဖြစ်ခဲ့တယ်။ ရုံးဖွင့်ဖို့ ရန်ကုန်၊နေပြည်တော်အစုံသွားရာက တခါကတော့ မန္တလေးကို နေ့ချင်းပြန်သွားဖို့ ဖြစ်လာတယ်။အလုပ်အားလုံးပြီးသွားတော့ အချိန်က ပြန်ဖို့ ၂နာရီလောက်စောနေသေးတယ်။သူက နင်ဘာလုပ်ချင်သေးလဲလို့ မေးတဲ့အခါ ပျော်ပြီး ကျွန်မက ဖေဖေကို […]