s0t04August 23, 20101min1376
စကားလိမ်တွေနဲ့ ပြောတဲ့ စကားသံ မကြားရတာ ဆယ်စုနှစ် တစ်စုကျော်ပြီး နှစ်ဆယ်စုနှစ်လောက်လောက်ရှိသွားပြီ။ ငယ်ငယ်တုန်းက မန္တလေးဖိနပ်တွေ ရောင်းတဲ့ ဖိနပ်အရောင်းသမားဘဝတုန်းကဆို ဒီစကားလိမ်က လှိုင်နေအောင် သုံးရ ပြောရတာကိုး။ အဲဒီတုန်းကလို ကိုယ်နဲ့ အပြိုင် စကားလိမ်တွေကို လွတ်ပြီးပြောနိုင်တဲ့ အသိမိတ်ဆွေ သူငယ်ချင်တွေလည်း အခုမရှိတော့ဘူး။ သတိရမိပါရဲ့။ တကယ်တော့ ဟိုအရင် မန္တလေးက လူငယ်တွေရဲ့ ပြောဟန်ဆိုဟန် ဝတ်ပုံစားပုံတွေက တစ်ခြားဒေသ၊ နေရာတွေနဲ့ မတူ တစ်မူကွဲပြားတယ်လို့ ထင်တယ်။ မြန်မာနိုင်ငံရဲ့ နောက်ဆုံး ဘုရင်ထီးနန်းတည်ခဲ့ နေခဲ့တဲ့ မြို့ဆိုတော့ စကားအသုံးအနှုန်းကလည်း တစ်ခါတစ်ရံ နန်းမူနန်းဟန်ပါတယ်လို့ ထင်တယ်။ ဥပမာ ရှုး(shoe) စီးတယ်ဆိုတာကို ခြေနင်းစီးတယ်ပေါ့။ ညဉ့်နက်သန်းခေါင် တစ်နာရီကို နာပြန်တစ်ချက်ထိုး သည် အစရှိသဖြင့်ပေါ့။ နောက်ပိုင်း ဆက်သွယ်ရေးတွေ […]