ကျုပ်ငယ်ငယ်ကတည်းက အဖေစစ်သားကြီးပြောင်းရွေ့ရာလိုက်ပါကြီးပြင်းခဲ့ရတာပေါ့ဗျာ ကျုပ်ကိုမွေးတာက ပဲခူးတိုင်း ဖြူးမြို့နယ် ညောင်ပင်သာကျေးရွာနားမှာအခြေစိုက်တဲ့… ခြေလျှင်တပ်ရင်းတစ်ခုထဲက တပ်တွင်းသားဖွားခန်းမှာပါ… ကျုပ်လူမှန်းသိတတ်စအရွယ်မှာ အဖေက တပ်ကြပ်ကြီး လစာဘယ်လောက်ရတယ်တော့မသိပေမဲ့..အဖေ့လစာရယ် တပ်ကထောက်ပံ့တဲ့ရိက္ခာ ရယ်ပေါင်းလိုက်တော့…ကျုပ်တို့အိမ်မှာတော့ သိပ်မချို့တဲ့လှပါဘူး.. ထမင်းအနပ်တိုင်း အသားဟင်းတစ်ခွက်ပါတာကျုပ်မှတ်မိနေသေးတယ်… အိမ်နောက်၊ အိမ်ဘေးက ကွက်လပ်တိုင်းမှာ သီးပင်စားပင်လည်းအဖေကစိုက်တော့…သိပ်ဝယ်မစားရဘူးဗျ.. အိမ်မှာ ကြက်သားဟင်းကတော့ တစ်လ တစ်ခါလောက်စားရပါတယ် အဲ့ဒါလည်းအိမ်မှာမွေးထားတာတွေပဲ….ကြက်တွေရော..ဘဲငန်းတွေရော..ဝယ်စရာမလို… ကျုပ်လေ..ခုထိမှတ်မိသေးတယ်..အိမ်မှာများ ကြက်သားဟင်းချက်တဲ့နေ့ဆို ဟင်းအိုးဆူပြီး အနံ့သင်းသင်းလေးစထွက်လာကတဲက ကျုပ်အိမ်အောက်မှာကစားနေရာက ချက်ချင်းပြေးတက်လာပြီး ဟင်းချက်နေတဲ့အမေ့နားကမခွာတော့ဘူး… ပြီးတော့ အမေ့ကို ဟင်းဘယ်အချိန်ကျက်မှာလဲလို့တတွတ်တွတ်မေးနေတော့တာပဲ.. အမေကလည်း ကျုပ်ခေါင်းကိုပွတ်ပြီး…သားရယ် အသားဆိုတာနူးမှစားကောင်းတာခဏစောင့်နော် ဆိုပြီးနှစ်သိမ့်လေ့ရှိပါတယ်…ကျုပ်ကလည်း အမေ..နူးမနူးမြည်းရအောင်လေဆိုလိုက်ရင် အမေက အိုးထဲက အရိုးတစ်ဖတ် အသာခပ်ပြီး ဇလုံလေးတစ်ခုမှာထည့်ပေး…ပြီးတော့ သား အဲ့အရိုးလေးကိုက်ကြည့်..နူးရင်အမေတို့ထမင်းစားလို့ရပြီသား..တဲ့ ကျုပ်ဆိုတဲ့အငတ်ကောင်ကလည်း အမေထည့်ပေးတဲ့အရိုးကို အငမ်းမရကိုက် ပူကလဲပူ..ကိုက်လို့လည်းမရ…ဆိုတော့မှ အမေက ရယ်ပြီး..သားရယ်..သွားဆော့နေပါ..တော်နေကြာရတော့..အမေလှမ်းခေါ်လိုက်ပါ့မယ်တဲ့ ……..ဒါကတော့ […]