အကြွေပန်း..Faded Rose…
ကိုထီးရဲ့“ကိုယ့်အချစ်နဲ့အရာရာကိုအကောင်းအတိုင်းဖြစ်စေမယ်”ဆိုတဲ့
သီချင်းလေးပြန်နားထောင်မိတော့ နမ်းရှိုက်ခဲ့ဖူးတဲ့….
အကြွေပန်းလေးကိုသတိရသွားမိ ပြန်ပါတယ်…
“အကြွေပန်း”
ပန်းကလေးတစ်ပွင့်..ဟုတ်ပါတယ် ပန်းကလေးတစ်ပွင့်ပါ..နှင်းဆီပန်း ခပ်နွမ်းနွမ်းလေး.ပွင့်ဖတ်
ကလေးတစ်ချို့တောင်ကြေလို့..အိပ်ယာပေါ်ခြေပစ်လက်ပစ် လှဲလိုက်တုန်း အိပ်ယာနံဘေးမှာ
တွေ့တာပါ..အံ့တော့လည်းမအံ့ဩမိပါဘူး..ခေါင်းရင်းရဲ့ခပ်လှမ်းလှမ်းလေးမှာက နှင်းဆီပန်း
ပေါင်းစုံတဲ့ ပန်းခြံကြီးရှိတာကိုး..တစ်နည်းနည်းနဲ့ ဒီနေရာရောက်နေဖို့ မခက်ဘူးလေ.ဒါကြောင့်
မအံ့ဩမိပါဘူး..ဒါပေမယ့်ဘာရယ်မဟုတ်ဘဲ အသာကောက်ယူပြီး အမှတ်မထင်နမ်းကြည့်
လိုက်တယ်..အား..မွှေးလှချည်လားကွာ….
တော်တော်အံ့ဩသွားတယ်..စောစောကမအံ့ဩပေမယ့် ခုတော့တော်တော် အံ့ဩသွားတယ်.
ရှုပ်သွားသလား..ဒီလို..ဒီလို..
ကျုပ်မှာက နှင်းဆီခြံကြီးရှိတယ်လေ..ကျုပ်ပဲရေလောင်းရတာ နေ့စဉ်ပေါ့..ပန်းတွေလည်းဝေ
နေအောင်ပွင့်နေတာပဲ..အပင်လေးတွေ ရှင်သန်လာအောင် ပြုစုရတယ် အရွက်အကိုင်းလေး
တွေ ပိုးမကိုက်အောင်စောင့်ရှောက်ရတယ်..အပွင့်လေးတွေ အင်အားရှိပြီး လှပအောင် မြေ
တောင်မြှောက်ပေး..မနားမနေပြုစုပေးရတယ်..အချိန်တန်တော့လည်း..ပန်းလှလေးတွေအင်
နဲ့ အားနဲ့ပွင့်လာကြတာပေါ့..ပန်းကလေးတွေ မွှေးမယ်ဆိုတာသိပါတယ်..နမ်းမကြည့်မိဘူး..
ခူးရင်လည်းရတာပေါ့..ခူးရကောင်းမှန်းကိုမသိခဲ့တာ..မစဉ်းစားခဲ့တာ..ခုတော့..ဘယ်သူခူး..
ဘယ်သူပန်..ဘယ်သူနွမ်းလို့ ပစ်ထားခဲ့မှန်းမသိဘူး..နှင်းဆီပန်းလေးတစ်ပွင့်ပါ..ဟုတ်ပါတယ်
ပန်းကလေးတစ်ပွင့်ပါ..နှင်းဆီပန်း ခပ်နွမ်းနွမ်းလေး…အို…သိပ်မွှေးပါလားကွယ်……
အားလုံးကိုလေးစားခင်မင်တဲ့..
ကြီးမိုက်။
25 comments
water-melon
March 1, 2012 at 10:07 am
ကိုမိုက်ရေ မမေ့နိုင်သေးဘူးပေါ့
ကျွန်တော်လည်း ကိုမိုက်လိုပါဘဲ
မမေ့နိုင်သေးပါဘူး
တန်ဖိုးထားခဲ့လွန်းလို့ ခုတော့ဆွေးနေရပါပြီ
မဟာရာဇာ အံစာတုံး
March 1, 2012 at 10:14 am
အကြွေပန်း …
နွမ်းသော်လည်း ကောက်ကာနမ်း …
သူ့ရနံ့ကတော့
ငါ့အတွက် မွှေးမြနေဆဲ …… ။
_________________________
ကိုကြီး ကြီးမိုက်ရေ …
ဖတ်ရှုအားပေးသွားတယ်နော် … ။ အကြွေပန်းကို ပြန်လည် နမ်းရှိုက်ဖို့ဆိုတာ သာမန် လောက်နဲ့တော့ မလွယ်ဘူး ခင်ဗျ။ တကယ့်ကို ရင်ထဲကပါမှနော် … ။
kyeemite
March 1, 2012 at 10:53 am
တစ်ခုလောက်ပြောပြကြပါအုံးဗျာတို့..အခုပို့စ်တင်ရင်
အရင်လိုမဟုတ်ဘူး…ပတ်ဘလစ် လိုက်ပီးရင် တင်ထားတဲ့ပိုစ်ကပြောက်မသွားဘဲ
ပတ်ဘလစ်နေရာမှာ update ဆိုတာကြီးပေါ်ပီး နေပြန်ရော..
အဲဒါနဲ့ ငါ့ပို့စ်တင်မရသေးဘူးထင်ပီး ထပ်တင်လိုက်တော့
၂ခါတင်တွေဖြစ်ကုန်ရော…သိပ်နားမလည်လို့ သိရင်ပြောပြကြပါအုံး…
ဝါးတားမဲလုံးရေ..အလွမ်းတွေကိုဆွပေးမိသလိုဖြစ်သွားရင်ခွေးလွှတ်ပါဗျာ..
ခုတလောဂေဇက်မှာ အချစ်ရောဂါသည်းထန်နေတာမြင်နေရတော့
ကျုပ်လည်းမနေနိုင်ဘူးဗျို့…
မဟာရာဇာ အံစာတုံးကြီးရေ…ဟုတ်ပါတယ်..အမှန်တကယ်ကို
စိတ်ပါလက်ပါ..နမ်းမိခဲ့တာပါ..
အားပေးတဲ့အတွက် ၂ယောက်လုံးသင့်ခရုပါ..
မဟာရာဇာ အံစာတုံး
March 1, 2012 at 11:02 am
အမလေး ကြီးမိုက်ရယ် …
အရင်တုန်းက ပို့စ်က တင်ရုံ တင်ရုံလို့ရတာ ..
ပြန်ပြင်ခွင့် ရှိဘူးရယ် …
အခု ကြီးမိုက် ဖြစ်နေတာက ပြန်ပြင်လို့ရတယ်ဆိုတာကို ပြတာဗျ … ။
ပီးဒေါ့ အဲဒါ ရာထူးတိုးဒါလို့ ခေါ်သဗျ …
သဂျီးက ခဏ ရာထူးတိုးပေးထားတာလား၊ အပြီး ရာထူးတိုးပေးထားတာလားတော့ သိဘူး … ။
နောက် မိနစ် ၂၀၊ နာရီဝက်လောက်နေရင် … ကျနော် တင်ခဲ့တဲ့ ‘ဒီနေ့ ကလိမိသမျှ’ ဆိုတဲ့ ပို့စ်ထဲကို သွားကြည့်လိုက်ပါ .. ။ အောက်ဆုံးမှာ ဒါနဲ့ ပတ်သက်ပြီး ထပ်ဖြည့်ပေးထားပါ့မယ် .. နော် .. ။ အောက်က ပို့စ်လင့်ပါပဲ .. ။
http://myanmargazette.net/103358/computers-technology
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
March 1, 2012 at 11:13 am
ခူးရင်လည်းရတာပေါ့..ခူးရကောင်းမှန်းကိုမသိခဲ့တာ..မစဉ်းစားခဲ့တာ..ခုတော့..ဘယ်သူခူး..
ဘယ်သူပန်..ဘယ်သူနွမ်းလို့ ပစ်ထားခဲ့မှန်းမသိဘူး..နှင်းဆီပန်းလေးတစ်ပွင့်ပါ..ဟုတ်ပါတယ်
ပန်းကလေးတစ်ပွင့်ပါ..နှင်းဆီပန်း ခပ်နွမ်းနွမ်းလေး…အို…သိပ်မွှေးပါလားကွယ်……
ကိုကြီးမိုက်ရဲ ့ပို ့စ်ကိုအားပေးသွားတယ်နော်။
Khaing Khaing
March 1, 2012 at 11:32 am
အကြွေပန်းပေမယ့် ရွှေနန်းတော့ ထိုက်ချင်ပါတယ် ကိုကြီးမိုက်ရယ်…
ဖတ်ရူခံစားအားပေးသွားတယ်နော်
Rose Minn
March 1, 2012 at 12:45 pm
ကဗျာဆရာတစ်ယောက်ရဲ့ ကဗျာလေးကို လက်ဆောင်ပေးလိုက်ပါတယ်။
အကြွေပန်းပေမို့
မောင်နမ်းဖို့မဝံ့ရင်
ယောင်ယမ်းလို့ အားမငယ်
ပန်းမာန ဖွဲ့တဲ့။
kyeemite
March 1, 2012 at 1:17 pm
မောင်လေးဒေါင့်ရေ..ခုလိုရှင်းပြတာရှဲရှဲပါ…ဟိုတခါမောင်ရင်ကလိတာလည်း
ကူးပီးသိမ်းထာပါဂျောင်းနဲ့ခုလည်းသိမ်းထားဦးမည်ဖြစ်ပါဂျောင်း..
ကိုနာဂရ နဲ့ Khaing Khaingတို့ကိုလည်း ကျေးကျေးပါဗျာ..
Rose Minn ရေ..ကဗျာလက်ဆောင်အတွက် သင့်ခရုပါ..
eipu
March 1, 2012 at 2:34 pm
ကိုယ်ပြုစုပျိုးထောင် တယုတယ တန်ဖိုးထားတဲ့ ပန်းတစ်ပွင့်ကို
မခူးရက်………
မနမ်းရက်………..
မပန်ရက် တာကတော့ ဥယာဉ်မှုးတစ်ယောက်ရဲ့ ရင်ထဲကလာတဲ့ ခံစားချက်ပါ။
manawphyulay
March 1, 2012 at 3:25 pm
အကြွေပန်းပေမယ့်
ရွှေနန်းတော်ထိုက်ပါတဲ့
တော်ဝင်တဲ့ ပန်းဘဝလေးပါ။
http://myanmargazette.net/83866/creative-writing ဒီမှာလည်း ခံစားနိုင်ပါတယ်နော်။
စောဝေတင့် (ပုဂံ)
March 1, 2012 at 4:03 pm
ကြီးမှ မိုက်တဲ့
ကြီးမိုက် ရေ……………..
လိမ္မာဖို့ နီးလာပီလား
အကြွေပန်းပေမယ့်
ကောင်ယူနမ်းရှိုက်တက်လျှင်
မွှေးရနံ့က သင်းနေဆဲပါပဲနော်
blackchaw
March 1, 2012 at 5:58 pm
မောင်စိန်ဝင်းကတော့
ဖွဖွကလေား ကောက်လို့
ပန်းခြောက်ကလေးပဲ မြတ်နိုးတယ် တဲ့။
kotun winlatt
March 1, 2012 at 7:49 pm
အကြွေပန်းလေး ကောက်ကာနမ်းးးးးး
သင်းပျံ့ပျံ့ရနံ့လေးးးးးး
ဝေလည်းမွေးးးးးး ကြွေလည်းးးမွှေးးးးးးးး
ရနံ့သင်းးးးသင်းးးးးးးးးးးး
လာအားးးးးပေးးသွားးးးးတယ်….
ကိုကြိုက်မီးးးးးးးးရေ…………….။
စောဝေတင့် (ပုဂံ)
March 3, 2012 at 11:55 am
ပုတီးဝင်း (မောင်စိန်ကုံး)
မှ မဟုတ်တာလေ
ကြီးမှ မိုက်တဲ့
ကြီးမိုက်လေ
ဟဲဟဲ
နေဝန်းနီ
March 1, 2012 at 8:05 pm
ကိုကြီးမိုက်ရေ…။ ခင်ဗျား ဟာလေ..။ ဘာမသိညာမသိနဲ့ အဲဒိလိုတွေ့တဲ့ ပန်းတိုင်းလိုက်နမ်းနေတာပဲလားဟင်…။ ကားပေါ်မှာ ပေါင်ကိုက်ခံရတယ်ဆိုတာကို အစကမယုံဘူး..။ ခင်ဗျားစာဖတ်မိမှ ယုံသလိုလို ဖြစ်သွားပြီ…။ သိလား 😛 😛 😛
ခပ် KING ကင်း
March 1, 2012 at 9:52 pm
ဘကြီးနီနော်
လျှောက်လျှောက်မပြောနဲ့ဂျာ
ကိုကြီးမိုက်တစ်ယောက် ဆက်မိုက်ပါစေအုံး
အနော်တို့က ပန်းဆိုရင်
……………………………….
နောက်မှဆက်ပြောတော့မည် … 🙂
windtalker
March 1, 2012 at 8:33 pm
အကြွေပန်းလေး ကို အသေမနမ်းဘဲ အရှင်နမ်းမိလိုက်တော့
ဟပ်……ချိုး ။
ပန်းပွင့်လွှာကနေ ဘာတွေ နှာခေါင်းထဲ ဝင်သွားမှန်းမသိဘူး ။
ဟိုး…ချပ် ။
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
March 1, 2012 at 8:36 pm
အကိုနေဝန်နီ ပြောလိုက်မှဖြင့် ကိုကြီးမိုက်ခမျာ……
နေဝန်းနီ
March 1, 2012 at 9:02 pm
ချစ်လို့စတာပါ နာဂရယ်
MaMa
March 1, 2012 at 9:58 pm
ကိုထီးသီချင်းဆိုမှတော့
`အကြွေပန်းရဲ့သဘော အနမ်းမခံဝံ့ခဲ့ပြီလား ဟောင်းတယ်လို့ စိတ်အားငယ် …. ´
ဆိုတာလေး ကြားယောင်မိတယ်။
သီချင်းလေးက တစ်ပုဒ်လုံး အဓိပ္ပါယ်တွေ၊ ခံစားချက်တွေ အပြည့်နဲ့ တော်တော်ကောင်းတယ်။
aye.kk
March 1, 2012 at 11:19 pm
အကြွေပန်းပေမယ့်..
တန်းမြင့်တဲ့ပန်းလေးရေ..
မွှေးရနံ့တွေကြွယ်..
ကိုယ့်ရင်မယ်အေးစေရတာမို့..
နှူးညံ့တဲ့ကိုယ့်နှလုံးသားမှာ..
အစဉ်မြတ်နိုးတန်ဘိုးထားခါသိမ်းထားချင်..။
kyeemite
March 2, 2012 at 6:33 am
eipu …အမှန်ပါဘဲဗျာ..မခူးရက်…မနမ်းရက်ခဲ့ပေမဲ့…ကိုယ့်ပန်းလေးနွမ်းကြွေနေတာမြင်ရတော့လည်း..
manawphyulay ကျေးဇူးပါဗျာ
စောဝေတင့် (ပုဂံ)..မိုက်တာကကြီးမှဆိုတော့..မိုက်လို့မဝသေးဘူးဗျာ..ငယ်ငယ်ကမမိုက်ခဲ့လို့
အလွဲကြီးလွဲခဲ့ရပီးပါပကောလား…
blackchaw အင်း..ပန်းချောက်ကြိုက်တာခြင်းတူတာပေါ့လေ..
kotun winlatt အားပေးခံစားပေးလို့ကျေးဇူးပါဗျာ…
နေဝန်းနီ ရေ..တွေ့တဲ့ပန်းတိုင်းတော့မနမ်းပါဘူးဗျာ…ခုက..ကိုယ်တိုင်ပြုစု ယုယ ပျိုးထောင်ခဲ့တဲ့
ပန်း တပါတ်နွမ်လေးမို့ပါ…
ခပ် KING ကင်း ရေ…ဆက်မိုက်နေမိသေးတာ အမှန်ပါ..
windtalker..အားပေးတာကျေးဇူးပါကျောက်သူဋ္ဌေးလေးရယ်..
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ ရေ..သင့်ခရုပါဗျာ..ခင်ဗျားလည်း ဂေဇက်နဲ့
ဂဟေဆက်ထားသလိုဘဲနော်..အချိန်ပေးပီး မန့်ပေးတာကှေးဇူးပါဗျား…
MaMa ရေ..ကိုထီးသီချင်းတွေက..အသက်ဝင်နေသလိုပါဘဲဗျာ…ခံစားပေးတာကျေးကျေးပါ…
aye.kk …ဖတ်ရှု့ခံစားပေးတာကျေးဇူးပါဗျာ..ဆက်ရေးပါအုံးမယ်…အားပေးသူရှိသရွေ့ပေါ့..
htet way
March 2, 2012 at 12:28 pm
တေးရေးဆရာစိုင်းခမ်းလိဒ်
ပြောချင်တာက ကြွေတိုင်းမနွမ်းပါ တို့
ကိုယ့်အချစ်နဲ့ အရာရာအကောင်းတိုင်းဖြစ်စေမယ်တို့က
တခါမှားရုံနဲ့ အပြီးထိုင်လိုက်တော့မှာလားဆိုတဲ့ စာသားကို ကြည့်ရင်
ရိုးရိုးသားသားနဲ့မှားတဲ့လူ ကိုပြောတယ်ထင်ပါတယ်
တခါမှားပြီး ဘာတရားမှ နားမဝင်
ပင်လယ်ရေအကုန်သောက်….ဆိုတဲ့ဆရာမောင်ခိုင်မာရဲ့ ကဗျာထဲကလို
တော့ ဟုတ်မယ် မထင်လေဘူး။
ကိုယ်ကလည်း မတောက်တခေါက်နဲ့ လိုက်ရေးမိတာပါ မှားရင်တော့ ခွင့်လွှတ်ပေးကြပါ
venus lay
March 3, 2012 at 6:00 pm
တော်တော်ခံစားပြီးရေးထားတာထင်တယ်..ဦးကြီးမိုက်ရေ..အားပေးသွားပါတယ်နော်
သူရဇော်
March 5, 2012 at 2:44 pm
အကြွေပန်းပေမယ့် နေလှန်းကာသိမ်းထားလိုက်မယ်……….
တော်မဝင်ပေမယ့် အမျှော်မြင်တွေနဲ့မို့
အကြွေပန်းကို လှမ်းကောက်ကာ
ပန်းခြောက်ဘဝ နွမ်းမခြောက်ရအောင်
ဆေးစိမ်ကာ ဘေးအိမ်ကိုပေးပစ်လိုက်မည်……………ဟီး