ကျွန်မငယ်ငယ်က ရှမ်းပြည်နယ်ရဲ့တောင်တွေကြားကမြို့လေးမှာနေခဲ့ရတာပါ။ တောင်တွေကြားထဲမှဆိုတော့တော်တော်ကိုအေးပါတယ်။ နေဆိုတာကလဲ မနက် ၉ ညနေ ၃ ပဲရပါတယ်။ နောက်တောင်ကြားထဲလဲဖြစ်၊ အနားမှာတောတွေတောင်တွေပဲရှိပြီးတခြားရှမ်းရွာတွေနဲ့အဆက်သွယ်ပြတ်ပါတယ်။ နယ်မြေကလဲမအေးချမ်းသေးပါဘူး။ မြို့ ဖြစ်လို့အမဲရောင်နယ်မြေတော့မဟုတ်ပေမဲ့အညိုရောင်အဆင့်တော့ရှိပါသေးတယ်။ အနားကရှမ်းရွာတွေကိုသွားမလည်ရဲပါဘူး။ လုံခြုံရေးစိတ်မချရလို့ပါ။ အခုတော့ အနားကရှမ်းရွာတွေကိုသွားလည်နေကြတာတွေ့ရတော့ကျွန်မငယ်ငယ်ကအဖြစ်အပျက်ကိုပြန်ပြီးသတိရမိပါတယ်။ ကျွန်မတို့မြို့ကလေးဟာ မြို့ထက်စာရင် စစ်တပ်ကပို များပါတယ်။ မြို့ပြင်မှာဆိုရင်စစ်တပ်ချည်းပါပဲ။ စစ်တပ်များတော့ ရှေ့တန်းပြန်ကလဲ တလတခါလောက်ကြိုရပါတယ်။ အဲတုန်းကကျွန်မတို့ကစစ်သားတွေကို တအား ချစ်ပါတယ်။ မြို့ကလဲစစ်သားဆိုရင်အစစ အရာရာကူညီပါတယ်။ ရှေ့တန်းပြန်ဆိုလဲ မြို့လုံးကျွတ်သောင်းသောင်းဖြဖြကြိုကြပါတယ်။ ပျော်စရာကြီးပေါ့ရှင်။ စစ်တပ်တခုခု ကများအကျများပြီဆိုရင်ကိုယ့်သွေးသားပါသလိုတမြို့လုံးစိတ်မကောင်းကြပါဘူး။ အေးချမ်းတဲ့မြို့လေးပေါ့ရှင်။ အညိုရောင်နယ်မြေဆိုပေမဲ့ဘာအနှောက်အယှက်မှမ ရှိပဲအေးအေး ချမ်းချမ်းနေလာရာကနေ တရက်တော့ဘယ်ကနေဘယ်လို သတင်းတွေထွက်လာတယ်မသိဘူး။ မြို့ကတပ်တွေကလဲတပြိုင်နက်လိုလိုရှေ့တန်းထွက်နေ တဲ့အချိန်ပေါ့။ မြို့ကို သူပုန်ဝင်မယ်ဆိုပြီးသတင်းတွေတော်တော်ထွက်နေတာပေါ့။ မြို့ကလဲကြောက်တာပေါ့။ ညဆိုတမြို့လုံးခြောက်ကပ်ပြီးလူသွားလူလာလဲမရှိ။ အ သံတောင်မထွက်ရဲ ဘူးပေါ့။ ကျွန်မတို့ကအမဲရောင်နယ်မြေကပြောင်းလာပြီး ကိုယ်တိုင်လဲတိုက်ပွဲတွေကြုံခဲ့ဖူးတော့ပိုကြောက်တာပေါ့။ အဲလိုနဲ့ ည ကိုခြောက်ခြောက် […]