ဖြစ်ရပုံများပြောပါတယ်

မြသဲ ( 17082011 )February 24, 20121min39120

ကျွန်မငယ်ငယ်က ရှမ်းပြည်နယ်ရဲ့တောင်တွေကြားကမြို့လေးမှာနေခဲ့ရတာပါ။ တောင်တွေကြားထဲမှဆိုတော့တော်တော်ကိုအေးပါတယ်။ နေဆိုတာကလဲ မနက် ၉ ညနေ ၃ ပဲရပါတယ်။ နောက်တောင်ကြားထဲလဲဖြစ်၊ အနားမှာတောတွေတောင်တွေပဲရှိပြီးတခြားရှမ်းရွာတွေနဲ့အဆက်သွယ်ပြတ်ပါတယ်။ နယ်မြေကလဲမအေးချမ်းသေးပါဘူး။ မြို့  ဖြစ်လို့အမဲရောင်နယ်မြေတော့မဟုတ်ပေမဲ့အညိုရောင်အဆင့်တော့ရှိပါသေးတယ်။ အနားကရှမ်းရွာတွေကိုသွားမလည်ရဲပါဘူး။ လုံခြုံရေးစိတ်မချရလို့ပါ။ အခုတော့ အနားကရှမ်းရွာတွေကိုသွားလည်နေကြတာတွေ့ရတော့ကျွန်မငယ်ငယ်ကအဖြစ်အပျက်ကိုပြန်ပြီးသတိရမိပါတယ်။ ကျွန်မတို့မြို့ကလေးဟာ မြို့ထက်စာရင် စစ်တပ်ကပို များပါတယ်။ မြို့ပြင်မှာဆိုရင်စစ်တပ်ချည်းပါပဲ။ စစ်တပ်များတော့ ရှေ့တန်းပြန်ကလဲ တလတခါလောက်ကြိုရပါတယ်။ အဲတုန်းကကျွန်မတို့ကစစ်သားတွေကို တအား ချစ်ပါတယ်။ မြို့ကလဲစစ်သားဆိုရင်အစစ အရာရာကူညီပါတယ်။ ရှေ့တန်းပြန်ဆိုလဲ မြို့လုံးကျွတ်သောင်းသောင်းဖြဖြကြိုကြပါတယ်။ ပျော်စရာကြီးပေါ့ရှင်။ စစ်တပ်တခုခု ကများအကျများပြီဆိုရင်ကိုယ့်သွေးသားပါသလိုတမြို့လုံးစိတ်မကောင်းကြပါဘူး။ အေးချမ်းတဲ့မြို့လေးပေါ့ရှင်။ အညိုရောင်နယ်မြေဆိုပေမဲ့ဘာအနှောက်အယှက်မှမ ရှိပဲအေးအေး ချမ်းချမ်းနေလာရာကနေ တရက်တော့ဘယ်ကနေဘယ်လို သတင်းတွေထွက်လာတယ်မသိဘူး။ မြို့ကတပ်တွေကလဲတပြိုင်နက်လိုလိုရှေ့တန်းထွက်နေ တဲ့အချိန်ပေါ့။ မြို့ကို သူပုန်ဝင်မယ်ဆိုပြီးသတင်းတွေတော်တော်ထွက်နေတာပေါ့။ မြို့ကလဲကြောက်တာပေါ့။ ညဆိုတမြို့လုံးခြောက်ကပ်ပြီးလူသွားလူလာလဲမရှိ။ အ သံတောင်မထွက်ရဲ ဘူးပေါ့။ ကျွန်မတို့ကအမဲရောင်နယ်မြေကပြောင်းလာပြီး ကိုယ်တိုင်လဲတိုက်ပွဲတွေကြုံခဲ့ဖူးတော့ပိုကြောက်တာပေါ့။ အဲလိုနဲ့ ည ကိုခြောက်ခြောက် ခြားခြားနဲ့ သတိဝီရိယ ထားပြီးအိပ်လိုက်ကြတာ မနက် လင်းအားကြီး ၄ နာရီလောက်ကျတော့ တောင်ပေါ်ကနေ မြင်းခွာသံတွေ အများ ကြီးကြား ရတယ်။ ဒုန်းစိုင်းစီးလာတဲ့အသံပေါ့။ မြို့ကတော့ တွက်လိုက်တယ်။ သွားပြီသူပုန်တွေဆင်းလာပြီပေါ့။ အိမ်ထဲမှာငြိမ်ပြီးနားထောင်နေတုန်း ဒိုင်းကနဲဆိုအသံကြား လိုက်ရတယ်။ သေချာပြီ သူပုန်တွေသေနပ်ပါလာပြီပေါ့။ ဒါပေမဲ့နောက်ဘာသံမှဆက်မကြားရတော့ဘူး။ အဲဒါနဲ့အနားကရွာတခုခု ကိုတော့ဝင်ပြီပေါ့ဆိုနေကြရောပေါ့။ အဲဒီနေ့ကလဲဈေးနေ့လေ။ ကျွန်မတို့မြို့က ၅ ရက် တဈေး လေ။ အဲဒါနဲ့မနက် ၆ နာရီလောက်ကြတော့စနည်းနာထွက်ကြတာပေါ့။ မြင်းခွာသံက ဘာလဲ။ သေနပ်သံက ဘာလဲပေါ့။ သိလိုက်ရပါ တယ်။ မြင်းခွာသံက ဈေးနေ့ ကို ဈေးလာခင်းတဲ့တောင်ပေါ်ရွာကဈေးသည်တွေတဲ့။ သူတို့ကမြင်းနဲ့လာတာတဲ့။ ခါတိုင်းလဲမြင်းနဲ့လာတာပါပဲတဲ့။ မြို့ကအိပ်နေလို့မသိတာပါတဲ့။ ကဲထားပါ။ သေနပ်သံ က ကောဆိုတော့ ဈေးပတ်ကား ( ၅ ရက်တဈေးကိုလိုက်ရောင်းတဲ့အဝေးဈေးသည်တွေကိုစုတင်လာတဲ့ကား ) ဘီးပေါက်တာပါတဲ့။ ဩတိုက်တိုက်ဆိုင်ဆိုင်ပါရှင်။ ကြံကြံဖန်ဖန်ဖြစ်ရတယ်ဆိုပြီး ကျွန်မတို့ မှာရီပွဲဖွဲ့လိုက်ရတာ။ ညတုန်းကကြောက် ခဲ့တာတွေမေ့ကုန်ရောပဲ။

20 comments

  • water-melon

    February 24, 2012 at 9:55 am

    ဟီး ဒါဆို အစ်မကြီးသဲနုတော့ တော်တော်ကြောက်ပုံရတယ်။
    အနော်တို့ရွာကိုတော့ ဓားပြတွေလာမတိုက်ရဲဘူး
    တူဂျီး ဥကိုင်ရဲ့ နှလုံးပြူး သေနတ်ကြီးကိုကြောက်လို့ 😀

    • Thel Nu Aye

      February 24, 2012 at 10:09 am

      ကျွန်မကငယ်သေးတော့လူကြီးတွေကြောက်လို့လိုက်ကြောက်တာ။ ဟီဟိ

  • Diamond Key

    February 24, 2012 at 10:01 am

    တော်သေးတာပေါ့ သဲနုအေးရေ။ အဲဒီ အချိန် တထိတ်ထိတ်နဲ့ အိပ်ပျော်သွားတဲ့ သူ တစ်ယောက်ယောက်ကများ အိပ်မက်ထဲအထိ စိတ်စွဲပြီး တိုက်တိုက်ဆိုင်ဆိုင် “သူပုန်တွေ ဝင်လာပြီ ပြေးကြဟေ့” လို့ အသံကျယ်ကြီးနဲ့ ယောင်အော်လိုက်လို့ကတော့ ……………… 😆 😀 :mrgreen:

    • Thel Nu Aye

      February 24, 2012 at 10:10 am

      အောင်မယ်လေး ပြေးလိုက်ကြမယ်အမျိုး။ တိတ်နေတော့အသံအကျယ်ကြီးထွက်လာမှာသေချာတယ်။

  • htet way

    February 24, 2012 at 10:05 am

    ဒီလိုပဲ
    တခါတလေကြောက်စရာကို တွေးကြောက်တတ်တယ်
    ကျွန်တော်ဆို ချစ်သူနဲ့ လက်တွဲပြီးလမ်းလျှောက်ရင်တောင်
    တွေးကြောက်ရတာတွေရှိတယ်
    သေနတ်သံဆိုရင်……….

    • Thel Nu Aye

      February 24, 2012 at 10:11 am

      “ချစ်သူနဲ့ လက်တွဲပြီးလမ်းလျှောက်ရင်တောင်”
      ဘာတွေးမိပြီးဘာကြောက်တာရဲဟင်င်င်င်င်င်င်

  • နှူးဘာဂိုဏ်းချုပ်

    February 24, 2012 at 10:11 am

    ကြောက်တတ်တယ် ဆိုလို့ ပြောရဦးမယ် အစ်မရေ ….

    ၅ နဲ့ ရ ကြားမှာ ခြောက်ခြား မယ်တဲ့ခင်ဗျ…
    အိမ်နောက်ဖေးကိုလည်း သေချာကြည့်လိုက်ဦးနော် …. မောင်ဘိုဂျီး ရှိနေဦးမယ်….

    ခစ်ခစ်..

    ခင်တဲ့…
    ဂီ

  • chityimhtoo

    February 24, 2012 at 10:22 am

    နှမတော် thel nu aye ရယ်နောက်တစ်ခါ သေနတ်သံကြားရင် မောင်တော်ဆီပြေးခဲ့။…:P

    • Thel Nu Aye

      February 24, 2012 at 10:30 am

      အောင်မယ်ငီး။တော်ပါပြီ သေနပ်ပဲအပစ်ခံလိုက်တော့မယ်။ ဒါဘဲကောင်းဒယ်။

  • Thel Nu Aye

    February 24, 2012 at 10:27 am

    ဟုတ်ပါ့မလားမောင်ကာလုရဲ့ ဖိုက်ပြီးရင်ဖုသွားတာမဟုတ်လား။ ဖုပြီးရင်ဆက်ဗျင်း ( ဆဲဗင်း ) ခံရရော။ ဟဲဟဲ။

    • Thel Nu Aye

      February 24, 2012 at 10:41 am

      နှူးဘာဂိုဏ်းချုပ်အောက်ကရေးရမှာ။ ကျော်သွားလို့။

  • Harumoto

    February 24, 2012 at 11:42 am

    ဖတ်ရင်းနဲ့တောင် တကယ် သူပုန်ဝင်တော့မလားလို့ တထိပ် ထိပ် နဲ့
    နောက်တော့မှ အော်..လို့ သက်ပြင်းချနိုင်တယ်…
    တတ်လဲ တတ် နိုင်ပါပေ့..(စာအရေးအသားလေး)

  • စိန်ပေါက်ပေါက်

    February 24, 2012 at 12:08 pm

    တော်သေး..
    ကားဘီးပေါက်သံမိုလို ့
    မောင် ပေ အီးပေါက်သံဆို ဗုံးကွဲတဲ့အသံလောက် ကျယ်တာကလား..
    တစ်ခါ အီးပေါက်တာ မိန်းမတောင် နားတစ်ဘက်လေးချင်သလို ဖြစ်သွားလို ့မနဲ ့ကုထားရတယ် ပြောတယ်

    • windtalker

      February 24, 2012 at 9:31 pm

      ဟုတ်ပ ကျုပ် ရန်ကုန်မှာ စိန်ပေါက်ပေါက် နဲ ့တစ်ခါလား တွေ ့ရတယ် ။ သူ ့ခဗျာ အကုန် ကန်းကုန်ရှာတယ် ။

  • ဆူး

    February 24, 2012 at 1:16 pm

    ဟဲ့ စိန်ပေါက်ပေါက် အန်တီ သဲနုအေး တို့ဆီမှာ ည အိပ်သွားရင် လေစာ စားမသွားနဲ့..
    ညဉ်းလုပ်တာနဲ့ တရွာလုံး လန့်ကုန်မယ် ကြားလားအေ့..။

  • Ma Ei

    February 24, 2012 at 2:31 pm

    သဲနုအေးရယ်..
    စာဖတ်တဲ့သူတွေမလဲ..
    တကယ်ဖြစ်နေမလားလို့
    ရင်တုန်နေတာ..
    ရီပွဲဖွဲ့လိုက်ရလို့…
    တော်သေးတာပေါ့နော်…

  • etone

    February 24, 2012 at 2:33 pm

    အဲ့လို ရွာရဲ့ အငွေ့သက်လေးတွေ … ခံစားဖူးချင်တာ … ။
    ရွာဆိုလို့ နှစ်ခါလားပဲ ရောက်ဖူးတယ် ဒါတောင် သူများတွေနဲ့ ကပ်လိုက်ပေလို့ပဲ … ။ အဘိုးဘွားတွေဂျပန်ခေတ်ကတည်းက .. ရန်ကုန်ရောက်လာပြီး … ရွာမှာတောင် ဘယ်သူမှ မကျန်ခဲ့ဘူးတဲ့လေ … တစ်ခါတစ်လေ … အပန်းဖြေသွားချင်လျှင်တောင် … ဘယ်မှသွားလို့မရဘူး … ။

    ယောက်မရဲ့ အဖွားဖြစ်သူ သေတုန်းက .. သူတို့ ရွာလေး လိုက်သွားဖူးတယ် .. နေ့ချင်းပြန်သွားတာပါ … ။ မီးလည်းမရှိ … ဈေးလည်း မရှိနဲ့ .. ခဏတဖြုတ်ကတော့ ပျော်စရာကြီးပဲ …. 😛

    • Thel Nu Aye

      February 24, 2012 at 5:04 pm

      ရွာအကြောင်းသိချင်ရင်ရွာမှာ ၈၈ ခုနှစ် ၁ နှစ်လုံး နေခဲ့တဲ့အတွေ့အကြုံရှိတယ်။ စပါးစိုက်တဲ့ အကြောင်း၊ တောအကြောင်း၊ လယ်ယာလုပ်ငန်းခွင်အကြောင်းရေးစရာတွေအများကြီး။ အကြာမီလာမည်မျှော်။

  • Khin Latt

    February 24, 2012 at 8:23 pm

    သဲနုရေ –
    ဖတ်ရတာ ကိုယ်တိုင် အဲဒီမှာ ရှိနေသလို ဘဲ။
    အရေးကောင်းလိုက်တာ။ တော်သေးတာပေါ့။ ဘာမှမဟုတ်လိုက်လို့။

    မြန်မာ ပြည်က အဲဒီ နယ်စွန် နယ်ဖျား နေရာတွေ အားလုံးလိုလို ဒီလိုတွေ များတယ်ထင်ပါ့။
    ၈၈ က တော့ ရန်ကုန်မြို့ ပေါ်မှာတောင် သူပုန်ဝင်ပြီး အိမ်တွေကို လုမယ်ကြားလို့ ညည ကို ကင်းစောင့်ပြီး အိပ်ကြရတာ။
    လူအချင်းချင်း ကို လောဘ၊ ဒေါသ တွေ ဖုံးလို့ မုန်းတီးခြင်းတွေ နဲ့ နေနေ ရသမျှ အပြစ်ကင်း တဲ့ ပြည်သူတွေ က မြေဇာ ပင်ဖြစ်နေမြဲပါဘဲ၊
    ဇာတ်လမ်း လေးတွေ ဆက်ပါဦး။ 🙂

    • Thel Nu Aye

      February 24, 2012 at 10:16 pm

      ဟုတ်အရီးလတ်ရေ။ ငယ်ငယ်ကအဖေကအစိုးရဝန်ထမ်းဆိုတော့နယ်စုံပြောင်းခဲ့ရတော့ အတွေ့အကြုံတော့တော်တော်များပါတယ်။ နောက်မှ တောဓလေ့လေးတွေရေးပါအုံးမယ်။ လယ်ယာလုပ်ငန်းခွင်တနှစ်ဝင်လာတာ။ နဲတဲ့အတွေ့အကြုံမဟုတ်ဘူးနော်။ ဟဲဟဲ။

Leave a Reply