မင်းကွန်းကအပြန်လမ်း………………..
















“မင်းကွန်းမြေမှ အပြန်လမ်း”
ဓါတ်ပုံရိုက်ပြီး ပြန်လာတော့ ညနေသုံးနာရီခွဲ။
တိနိရုံးထဲကိုဝင် သော့တို့လုတို့ထားခဲ့တဲ့ပစ္စည်းတွေကိုဝင်ယူ။
လူအိုုရုံအလှူငွေ ထည့်ကြ။
ပြီးတော့ လှေဆိပ်ကိုဆင်းလာကြပါတယ်။
နောက်တော့ အချိန်ရတာနဲ့လှေဆိပ်ကဆိုင်မှာ လက်ဖက်သုတ်စား ကော်ဖီသောက်။
မင်းသားသုံးယောက်ဓါတ်ပုံရိုက်။
(ခုထိ မကြည့်ရသေးဘူးနော်)
လေးနာရီထိုးတော့လှေပေါ်တက်။
အစက ဆိုင်ကယ်နဲ့လာတဲ့အတွဲက ဆိုင်ကယ်ကိုစက်လှေပေါ်တင်ပြီးပြန်။
လှေအပြည့်လူအပြည့်။
ခဏနေတော့ တိနိဆိပ်ကမ်းဝင်လူတင်။
ကျနော်ကလဲမြင်သမျှလက်ဆော့။
ကမ္ဘာပေါ်ရဲ့ ဘယ်နေရာမှာမှ မရှိတဲ့ စက်ကရိယာကို မင်းကွန်းကစက်လှေပေါ်မှာလာတွေ့ရပါတယ်။
ခြေထောက်နဲ့ဂီယာထိန်းထားပြီးမောင်းလာတာပါ။
သွားနေရင်းခဏတော့ စက်လှေက ရေလည်မှာ ဖုတ်ဖုတ်ဆိုပြီးရပ်။
လှေစက်ပျက်ပြီတဲ့။
အဲဒီမှာအားလုံးရေလည်ခေါင်မှာပြာတောက်။
သော့သော့ ဖုန်းနဲ့ကမ်းကိုဆက်လှေတစ်စင်းထပ်မှာ။
ဆိုင်ကယ်ကို လမ်းအပ်ထားခဲ့တော့ ကျနော်လဲဆိုင်ကယ်ကိစ္စကိုဖုန်းနဲ့စီစဉ်။
မိုးချုပ်ရင်တော့ လှေပေါ်လိုက်လာတဲ့ ဆိုင်ကယ်နဲ့အတွဲဘယ်လိုများဖြေရှင်းမလဲလို့တွေးရင်းရီရ.။
ကျနော်ကတော့ရသမျှ ဓါတ်ပုံရိုက်လိုက်လေပေါလိုက်။
လှေက ရေစီးနဲ့မျောပြီး အနောက်ဘက်ကမ်းဆီကို တရွှေ့ရွှေ့။
အားလုံးကတော့စိတ်တွေပူနေကြတာအသေအချာ။
ဖုန်းလေးငါးခြောက်ခါလောက်ဆက်ပြီးမှာ အကူစက်လှေရောက်လာပါတယ်။
နောက်ပျက်နေတဲ့စက်လှေကို သောင်နားမှာကပ်။
ကျနော်တို့စက်လှေကတော့ဆက်ထွက်။
အဲဒီတော့မှ တင်းနေတဲ့စိတ်တွေအင်းချ။
စက်လှေပေါ်ကနေ ညနေခင်း နေအဝင်ရူ့ခင်းတွေကို လက်ဆော့။
ငါးနာရီခွဲတော့ လှေဆိပ်ရောက်။
မြို့တော်ဥယျာဉ်နားအရောက် လု က ဟိုမှာဟိုမှာ ဆိုလို့အကြည့်
ညနေခင်းအလင်းတန်းတစ် မြေပေါ်မှာအကျ
လှလိုက်တဲ့မြင်ကွင်းရလိုက်ပါတယ်။
မမေ့နိုင်သော နေ့တနေ့။
ငယ်စဉ်ဘဝကတည်းက မင်းကွန်းကို အကြိမ်ပေါင်းများစွာ ရောက်ခဲ့ပေမယ့်
သော့ လုတို့နဲ့သွားခဲ့တဲ့ခရီးကတော့ ဘယ်တော့မှ မေ့မယ်မထင်ပါ။
ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့အတွေးပါးပါး။
(23-2-2012)
10 comments
water-melon
February 24, 2012 at 10:05 am
လေးလေးပေါက်ရှင့်
နောက်များသွားရင်လဲ သမီးဖရဲကို သတိရပါရှင့်
ပုံတွေကြည့်ပြီးမှ လိုက်ချင်စိတ်တွေ တဖွားဖွားပေါ်လာပါတယ်ရှင့်။
နောက်ထပ်ဆုံချင်ပါသေးတယ်ရှင့်။
Diamond Key
February 24, 2012 at 10:12 am
ဦးလေးတို့က သမီးလေးကို နောက်ဆိုခေါ်ပါမယ်ကွယ်…ဟယ်….ဟယ်…. (သွားကျိုးမှ လေထွက်သံ)… 😛
ဒါမှ ဘပေါက်ကြီးကို လှေအတက်အဆင်းတွဲမယ့် သမီးလေး တစ်ယောက်ရမှာ …. 😀
အဲဒီ အဘ က တုန်တုန်… တုန်တုန်နဲ့ ဆိုတော့ … သမီးလေးတွဲပြီး သွားပါလိမ့်မယ်ကွယ်…
ကိုပေါက်(မန္တလေး)
February 24, 2012 at 10:19 am
ဖရဲမရေ ခေါ်တုန်းကတော့ မူနေပြီး
အခုမှ ပဲံတွေလာများမနေနဲ့။
နောက်ခေါ်ရင်လိုက် ဒါဘဲံ။
သမီးကမတွဲရဘဲ သမီးကိုပြန်တွဲနေရရင် တော့ ဒွတ်ခဘဲ။
Mလုလင်
February 24, 2012 at 11:52 am
ဓတ်ပုံတွေ ပို့ပေးပါ့မယ်. လို့ နော့ .. မနေ့က မှ ပြန်ရောက်တာဗျို ့ …..
မန်းလေး မတက်နိုင်တဲ့ အတွက် ဝမ်းနည်းတယ် ဗျာ။
ကို ရွှေမင်းသား တော့ရန်ကုန် လာမယ်ပြောတယ်။ စက်လှေ ပျက် ပြီးမြစ်လယ် မှာလူးနေတာ ကတော့ အမှတ်တရ ပဲ ဦးပေါက် ရေ …
လေးစားစွာဖြင့်
စိန်ပေါက်ပေါက်
February 24, 2012 at 12:03 pm
ဟမငေး..ဟမငေး.
များကိုတော့ ထားခဲ့ကြမလို ့လားတော့
များလဲ တွဲချင်တယ်..များကိုလဲခေါ်..တွဲချင်တယ်.တွဲချင်တယ်…
တွဲပီး ရေဆင်းကူးချင်တယ်.. ကျွဲချီးရေ သောက်ချင်လို ့ 😀
လကားပြောတာ
ကျနော် ရေကြောက်တယ်ဗျို ့
ရေမကူးတတ်ဘူး..ရေလမ်းခရီး ခေါ်နဲ ့လိုက်ဘူး..
ကိုပေါက်(မန္တလေး)
February 24, 2012 at 12:33 pm
မပူနဲ့ပေါက်ကျော်မ
ရေထဲမျောပါသွားတဲ့လူ က ဘယ်နားမှာသွားတင်တတ်တယ်ဆိုတာ သော့သော့သိတယ်။
သူက အဲဒီကနေစောင့်နေမှာ။
Ma Ei
February 24, 2012 at 1:29 pm
(14) ပုံလေး လှတယ်…စက်လှေပျက်ရင်
ရေလယ်မှာ လှေမပြောင်းကောင်းဘူးတဲ့ လှေသမားကပြောတာ…
နောက်စက်လှေတစ်စီးမှာ ကြိုးနဲ့ဆွဲလို့မန္တလေးကိုပြန်ခဲ့ဘူးတယ်…
ကိုပေါက်(မန္တလေး)
February 24, 2012 at 10:55 pm
လှေသာမပြောင်းလို့ကတော့ အိမ်ဘယ်ပြန်ရောက်မလဲ မယ်အိရဲ့။
အိမ်ပြန်မရောက်ရင် ကိုပေါက်နဲ့မဒမ်ပေါက်ရဲ့ ခေတ်သစ်ကိန္နာချောင်းခြား ပတ်ပျိုး ကိုဆိုနေရမှာပေါ့။
လုပ်နဲ့…………………………………….
ဒို့ကလွမ်းတတ်တယ်နော်။
padonmar
February 25, 2012 at 1:56 am
ကိုပေါက် ပုံတွေ ပိုလှလာတယ်။ရှယ်ပဲ။
ကိုပေါက်(မန္တလေး)
February 25, 2012 at 9:02 am
မမာမာရေ
ဆရာတွေအနီးကပ်ပို့ချ ချက်တွေ့ကြောင့်လို့ပြောမယ်ဆိုရင် မမှားပါဘူး။