NovyMay 25, 20121min32817
ဖေဖေ့ ကုတင်ခြေရင်းမှာရှိတဲ့ ဖျာလေးပေါ်မှာ စောင်ကို ခေါင်းမှီးခြုံပြီး အညောင်းဖြေနေမိတယ် ဒီအချိန်မှာ အိမ်အပေါ်ထပ်ကို မီးဖွင့်ဖို့ တက်လာတဲ့ အမဆီကနေ ညီမလေး……. မလှုပ်နဲ့ ငြိမ်ငြိမ်နေ…. ညီမလေးနားမှာ မြွေကြီး…. မြွေကြီး… ကြောက်လန့်တကြား အော်သံထွက်လာပါတယ် ကျမဘာလုပ်ရမလဲ…   ကျမမြွေဆိုတဲ့အသံကြားတာနဲ့ ငြိမ်ငြိမ်နေဖို့နေနေသာသာ ကြမ်းပျဉ် ဖျာမှာအိပ်နေတဲ့ ကျမ ဘယ်က အတွင်းအားတွေနဲ့ ခုန်တက်လိုက်မှန်းမသိဘဲ ခေါင်းရင်းမှာ ရှိနေတဲ့ဖေဖေရဲ့ ကုတင်ပေါ်ကို ရောက်နေလေရဲ့ ကျမကြောက်လန့်ပြီး မြွေကို လှန်ကြည့်လိုက်တော့ လုံးပတ်က 5လက်မပတ်လည် အရှည်က 4ပေ လောက်ရှိတဲ့ မြွေမဲမဲ တစ်ကောင် တွန့်လိမ်တွန့်လိမ် နဲ့ အခန်းထောင့်ထဲဝင်သွားလေရဲ့ ယောင်းမနဲ့ အမတော့ တုတ်တစ်ချောင်းစီကိုင်ပြီ မြွေရှာဖွေရေးလုပ်ကျတာပေါ့ ဒါပေမဲ့ လုံးဝကို အစပျောက်ပြီးရှာမတွေ့ွပါဘူး ကျမ အမ […]


NovyMay 24, 20121min28921
စစ်ကိုင်းမြို့လို့ကြားလိုက်ရင် ကျမအတွက်တော့ မေ့မရတဲ့ အမှတ်တရလေးတွေ အများကြီး မွေးဖွားပေးတဲ့နေရာလေ တစ်ခုပါဘဲ စစ်ကိုင်းမှာ ကျမ ကျောင်းတက်ဖို့လာပြီးနေတဲ့ ခြံကြီးက အကျယ်ကြီးပါပဲ ပေ200 ပတ်လည်လောက်ရှိမယ် အိမ်လေးကလဲနေချင်စဖွယ် အုတ်ဖိနပ် နဲ့အသစ်သားအိမ်လေးပေါ့ အိမ်အပေါ်မှာ ဘုရားခန်းနဲ့ အိပ်ခန်းပဲရှိပြီ ဧည့်ခန်း၊ ထမင်းစားခန်းနဲ့ မီးဖိုခန်းကတော့ အိမ်လေးရဲ့ ပတ်လည် မှာ ဖွဲ့စည်းထားတဲ့ ပုံစံလေးပေါ့ အိမ်ရဲ့ခေါင်းရင်မှာတော့ ကီလိုမာလသီးတွေစိုက်ထားပါတယ် နှင်းဆီပန်းတွေလဲရှိတယ်လေ ခြံအနောက်နဲ့ ဘေးပတ်လည်မှာတော့ ဇောင်းကားသီးပင် သီးပင် အုံးပင် အစုံပါဘဲ အုပ်ရေတွင်းကြီးတစ်ခုလဲရှိတယ် ခြံထဲမှာ အရမ်းကို ပျော်စရာကောင်းပါတယ် တစ်နေ့မှာတော့….. ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခု ကျမဆီကို ရောက်လာပါတော့တယ်   ဟာ ..ထူးဆန်းလိုက်တာ မြွေဖြူတစ်ကောင်က မြွေအမဲတစ်ကောင်းကို ပွေ့ထားပါလား ဟင်း …မဖြစ်နိုင်တာ မြွေက […]