TTNUApril 18, 20121min22618
မျက်တော်ပြေ ပုဂံကို ဘုရားဖူးသွားရမှာကို ကျမ တော်တော် နှစ်ခြိုက်မိတယ်။ ပုဂံဘုရားတွေအကြားမှာ ဘုရားဖူးပြီးတာတောင် ထမပြန်ချင်လောက်အောင် အာရုံထဲမှာ စွဲခဲ့မိတယ်။ ပထမဆုံးအခေါက်တုန်းကတော့ သိသမျှ တတ်သမျှလေးနဲ့ ဘုရားတွေဖူးလိုက်၊ ကျောက်စာတွေ ဖတ်လိုက်နဲ့ပေါ့။ နောက်အခေါက်တွေကျတော့ ပုဂံစေတီပုထိုးများသမိုင်းနှင့် ခရီးသွားလမ်းညွှန်စာအုပ်လေ ဆရာတင်နိုင်တိုးရေးတာ ၊ အဲဒီစာအုပ်လေး လက်ကိုင် ထားပြီးဘုရား တွေ အတော်အနှံ့ ဖူးဖြစ်သွားပါတယ်။ ဒါနဲ့ သင်္ကြန်မတိုင်မီ ပုဂံကို (၆)ခေါက်မြောက်ရောက်ခဲ့ပါတယ်။ ဒီနောက်ပိုင်း အခေါက်တွေကျ တော့ ဘုရားအကုန်မရောက်တော့ဘူး၊ စွယ်တော်(၄)ဆူ မွန်းမတည့်မီ ဖူးတာတွေ ဘာတွေကိုလည်း အရင်ကတည်းက သိပ်အာရုံမရခဲ့တာလေ။ ဒီတော့ ဟိုဘက်ကမ်းကိုလည်း မကူးတော့ဘူး။ မှန်ပြောင်းနဲ့ လှမ်းဖူးတယ်ပေါ့နော။ မနက်စောစောထပြီး ကန်တော့ပလ္လင်မှာ တရားထိုင်ဖြစ်ခဲ့ပါတယ်။ အင်မတန်ကို စိတ်အေးချမ်းမှုရခဲ့ပါတယ်။ ဒီတစ်ခါဖူးခဲ့တဲ့ ဘုရားတွေကတော့ ညောင်ဦးနားကစတွက်ရင်… […]