စနေနေ့ နေ့တစ်ဝက်အလုပ်ပိတ်ရက် မနက်ဖြန်ဆို တနင်္ဂနွေနေ့ အလုပ်အပြည့်ပိတ်ရက်ဖြစ်တော့ ညပိုင်းလေးမိသားစုနဲ့ စိတ်လွတ်လက်လွက်အနားယူလို့ရသည်။ အိပ်ရာဝင်နောက်ကျလို့လဲရသည်။ ရပ်ကွက်ထဲမှာလဲ ပွဲဈေးလေးကရှိနေပေမယ့် မနေ့ကလေးတင်မိသားစုနဲ့တူတူ ပွဲဈေးလည်ပြီးသွားပြီ။ ဒီနေ့ညတော့အိမ်မှာတင်ပဲ ဝယ်ထားပြီးမကြည့်ဖြစ်သမျှ နိုင်ငံခြားဇာတ်ကားတွေ အပြတ်ကြည့်မည်ဆိုပြီး အားတင်းထားသည်။ ဖေဖေ သမီးဖွားဖွားတို့နဲ့ပွဲဈေးလိုက်သွားလိုက်အုံးမယ် ဆိုပြီး သူငယ်တန်း သမီးငယ်လေးကလှမ်းပြောသည်။ ဖိနပ်တောင်သူကစီးပြီးပြီ ကျွန်တော့်အမေနှင့်တူတူ တံခါးဝရောက်နှင့်နေပြီ အသိပေးသည့်သဘောဖြင့် လှမ်းအော်ပြောခြင်းမျှသာဖြစ်သည်။ အေး… သွားသွား…ဟိုကျရင်တအားမပူဆာနဲ့နော် ဆိုပြီးအော်သာပြောလိုက်နိုင်သည် မြေးအဖွားနှစ်ယောက်ကဆင်းသွားပြီ ။ အဖွားဆိုပေမယ့် ကျွန်တော့် အမေက တော်တော် အိုလှပြီရယ်လို့တော့မဟုတ် အသက်ငါးဆယ်လောက်သာရှိသေးပြီး ငါးနှစ်မြေးတစ်ယောက်ကိုတော့ ကောင်းကောင်းထိန်းနိုင်သည်။ အိမ်မှာကျွန်တော်တို့လင်မယားနှစ်ယောက်ပဲကျန်ပြီး နိုင်ငံခြားဇာတ်ကားကောင်းလေးတစ်ကားကြည့်နေတုန်း ဗြုန်းကနဲတံခါးကိုတွန်းဖွင့်သံ ကြားလိုက်ရတယ်။ ကျွန်တော်တို့တံခါးက စေ့ရုံစေ့ထားတာဆိုတော့ ကျွန်တော့အိမ်မှာ နယ်က လာတည်းတဲ့ သူငယ်ချင်းပြန်လာတာပဲဆိုပြီး လှည့်မကြည့်ပဲ တီဗွီဆက်ကြည့်နေလိုက်တယ်။ အဲဒီအချိန်မှာပဲ လမ်းဘေးခွေးကြီး တစ်ကောင် […]