ဂ်စ္စူJuly 19, 20122min28934
  ဇူလိုင် ဆယ်ကိုးတဲ့လား.. ♦   လူယုတ် တစ်စုရဲ့ ကောက်ကျစ်မှုအောက် စက်သေနတ်သံတွေ အထက်ဘဝဂ် ညံပြီးတဲ့နောက် မနက် ဆယ်နာရီခွဲပြီးတဲ့နောက်….. အဲဒီနောက်မှာ.. ကမ္ဘာရှား စွန် ့လွှတ်အနစ်နာခံမှုတွေ ကမ္ဘာရှား ကြိုးစားမှုနဲ ့ရိုးသားမှုတွေ ကမ္ဘာရှား သွေးသားနဲ ့ ဦးနှောက်တွေ ကမ္ဘာရှား တွေးခေါ်မျှော်မြင်မှုတွေ ကမ္ဘာရှား ရွှေရောင်လွှမ်းတဲ့ အနာဂတ်တွေ ကမ္ဘရှား ဇမ္ဗူရှား အာဇာနည်တွေ အတုံးအရုံး ပြိုလဲကြေကွဲလို ့ ကျဆုံးခဲ့ရတဲ့ နေ ့ပေါ့….။ ♦     အရုဏ်တက်မှာ မျက်စိအစုံ စုံထိုးသွင်းခံလိုက်ရသလို တောက်ပြောင်လိုတဲ့ အနာဂတ်မြင်ကွင်းတွေ ထိန်လင်းခွင့်နဲ ့ ကွေကွင်းစေခဲ့တဲ့နေပေါ့….။ ♦     ကောင်းကင်ထက်က မိုးရိပ် မိုးစက်တွေ ပူးဝင် ဖြစ်တည်လာပြီး ဆို ့နင့်ကြေကွဲ မျက်ရည်မိုးဖွဲတွေ […]


mnoeJuly 10, 20111min1788
ဗိုလ်ချုပ်ရဲ့ပညာဆိုလို့ ခေတ်စကားနဲ့တွေးပြီး တို့ဗိုလ်ချုပ်ဘာတွေလုပ်သွားသလဲ မေးစရာပါ။ မေးရင်တော့ ဗိုလ်ချူပ်လုပ်သွားတာတွေ များလွန်းလို့ ပြောရင် ကုန်မှာမဟုတ်ပါ။ ဒါပေမဲ့ ပြောပြချင်တဲ့အကြောင်းကတော့ ဗိုလ်ချုပ်ပြောပြခဲ့တဲ့ “ပညာ” ဆိုတဲ့အကြောင်းပါ။ ပြောပြခဲ့တယ်ဆိုပေမဲ့ တကယ်တော့ ဗိုလ်ချုပ်ရေးထားခဲ့တဲ့ စာတွေက ပြောပြတာပါ။ ကျွန်ုပ်တို့ရဲ့ လွတ်လပ်ရေး ဗိသုကာကြီး၊ အမျိူးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဟာ စာရေးဝါသနာပါသူတစ်ယောက်လည်း ဖြစ်ပါတယ်။ စာအလွန်ဖတ်တဲ့ ဗိုလ်ချုပ်ဟာ ကိုယ်တိုင်လည်း စာပေရေးသားမှုများ ပြုလုပ်ခဲ့ပါတယ်။ ဗိုလ်ချုပ်ရေးခဲ့တဲ့ စာတွေကိုဖတ်ချင်လို့လိုက်ရှာခဲ့ပေမဲ့ ဗိုလ်ချုပ်ရဲ့ စာပေလက်ရာတွေကို ဗိုလ်ချူပ်၏မိန့်ခွန်းများကဲ့သို့ စာအုပ်၊ စာတမ်းများအဖြစ် တစ်စုတစ်စည်းတည်း ပြုစု ဖော်ပြထားသော စာအုပ်များအဖြစ် မတွေ့ခဲ့ရပါ။ သို့သော် ကံကောင်းလှစွာဖြင့် ဆရာမြဟန် ရေးသားသော “ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ” (ယခု ဒုတိယအကြိမ်ထွက်ပြီး) တွင် ဗိုလ်ချုပ်ရေးသားခဲ့သော ဆောင်းပါး၊ စာတမ်းများကို […]


mnoeFebruary 13, 20111min1839
တို့ဗိုလ်ချူပ်(ဗိုလ်ချူပ်အောင်ဆန်း) ရဲ့ မွေးနေ့ကို ဗိုလ်ချုပ်ရေးခဲ့တဲ့ ကဗျာလေးနဲ့ ဂုဏ်ပြုရင်း ………. Source: http://www.google.com/imgres?imgurl=http://drkokogyi.files.wordpress.com/2010/10/gasan.jpg&imgrefurl=http://drkokogyi.wordpress.com/2010/10/04/general-aung-sannever-


kaiFebruary 16, 20101min1323
8888peoplepower ရဟူးမေးလ်ဂရုမှာ (ဖေဖေါ်ဝါရီ ၁၃ရက် )နေ့က “ ဗိုလ်ချုပ်အောင်ဆန်းဟာကွန်မြူနစ်လား ”ဆိုပြီး မေးခွန်းထုတ်လာတာကို အဲဒီထဲက ဆွေးနွေးသူ တယောက်က ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းတခုကို ကိုးကားဖြေရှင်းပေးလိုက်တာပါ။ အဲဒီဆွေးနွေးမှုတွေက  ဗိုလ်ချုပ်အောင်ဆန်းကဗျာတပုဒ်ဖြစ်တဲ့ “အောင်ဆန်းဇာနည် ”မှာ အဆုံးသတ်အပိုဒ်က “  ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ၊ ဗိုလ်ချုပ်ချမှတ်သွား။” ဖြစ်နေတာကစတာဖြစ်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ တည်ထောင်သူထဲမယ် ပါတဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ၆၂ အာဏာသိမ်းလူကြီးမင်းများ ဝါဒဖြန့်ခဲ့သလို “ဆိုရှယ်လစ်”ဝါဒယုံသလား။ မယုံဘူးလား။ ကွန်မြူနစ်ဖြစ်ခဲ့သလား။ အဲဒီဝါဒယုံ ကြည်သလား။ သိသာနိုင်မယ်ထင်ပါတယ်။ http://humanresourceprogram.blogspot.com ကကူးယူဖေါ်ပြတဲ့ အောက်ကမိန့်ခွန်းဖြစ်ပါတယ်။ ကျုပ်လည်း (တုံးချက်က)မခါမှ မဖတ်ဖူးသမို ့သိချင်သူတွေသိရအောင်တင်ပေးလိုက်တာပါပဲ။ သိန်း- သန်း ကွန်မြူနစ်တွေလို့ သူမိန့်ခွန်းမှာသုံးရာမှာ “သိန်း”ဆိုတာ သခင်သိန်းဖေမြင့်ကို ဆိုလိုတာလားလည်း မသေချာပါ။ “သန်း”ကတော့ သူနဲ့မယားညီအကိုတော်တဲ့ […]


kaiFebruary 15, 20101min1022
ဒီနေ့ ဖေဖေါ်ဝါရီ ၁၅ရက် မနက်အီးမေးလ်ဖွင့်တော့ တွေ့ရတဲ့ ကဗျာလေးတပုဒ်ပါ။ အင်တာနက်ထုံးစံအတိုင်း ဖေါ်ဝဒ်တွေလုပ်လာတာမို ့ရေးသူက ဘယ်သူလည်း မသဲကွဲပါဖူး။အင်တာနက်မှာ ဂိုဂယ်ရသလောက်တော့ ရေးသူဟာ “ဟယ်ရီလွင်” ဆိုပါတယ်။ ဘိုဆန်ဆန် ကဗျာနံမယ်လေးပေါ့..။အောက်မှာ ကဗျာ တင်ပေးလိုက်ပါတယ်။ ကဗျာက အနုပညာပါ ..လှလွန်းတယ်ထင်ပါတယ်။ ဒါပေမဲ့..ဒီကဗျာဖတ်မိပြီး အတွေးထဲမှာ စီကာဆင့်ကာ ပေါ်လာတာတွေအများကြီးပါပဲ။ ဖေဖေါ်ဝါရီ ၁၂ ကပြည်ထောင်စုနေ့၊ ၁၃ ကဗိုလ်ချုပ်အောင်ဆန်းမွေးနေ့။ ၁၄ က ချစ်သူများနေ့၊ ဒီနေ့ ၁၅ ရက်နေ့ကတော့(အမေရိကန်ပြည်ထောင်စုမှာ) သမ္မတကြီး ဝါရှင်တန် မွေးနေ့ အထိမ်းအမှတ်နဲ့ သတ်မှတ်ပေးတဲ့ သမ္မတများနေ့ ဆိုပါစို့။ ( ဖေဖေါ်ဝါရီရဲ့ တတိယပါတ် တနလာင်္နေ့)။ ကြားထဲဒီနှစ်က ထူးခြားတာရှိပါသေးတယ်။ ဒီနှစ်ရဲ့ ချစ်သူများနေ့က တရုတ်လုနာ(Lunar) နှစ်ဆန်းတရက်နေ့ ဖြစ်နေပါတယ်။ […]


kaiFebruary 12, 20105min1101
၁၉၁၅-ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် – ၁၉၄ရခုနှစ် ဇူလိုင်‌ ၁၉ ရက်သည် မြန်မာနိုင်ငံ၏ အမျိုးသားသူရဲကောင်း၊ တော်လှန်ရေးသမား၊ မျိုးချစ်ပုဂ္ဂိုလ်၊ တပ်မတော်၏ ဖခင်ကြီး၊ဗိုလ်ချုပ်နှင့် နိုင်ငံရေးသမား ဖြစ်သည်။ သူ၏ ဖခင်မှာ ရှေ့နေဦးဖာနှင့် မိခင်မှာ ဒေါ်ခင်စု ဖြစ်ကြပြီး ထိုစဉ်အခါ ဗြိတိသျှအိန္ဒိယနိုင်ငံတွင် ပါဝင်ခဲ့သော မြန်မာနိုင်ငံ အလယ်ပိုင်း၊ မကွေးခရိုင်၊ နတ်မောက်မြို့တွင် မွေးဖွားခဲ့သည်။ သူ၏ မိဘမျိုးရိုးတွင် အဖိုးဖြစ်သူမှာ ဗိုလ်မင်းရောင် ဖြစ်ပြီး ၁၈၈၆-ခုနှစ် နယ်ချဲ့ ဗြိတိသျှတို့အား တော်လှန်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ မွေးချင်း ၉ ယောက်အနက် အငယ်ဆုံး ဖြစ်သည်။ ဇာတာတွင် ပါရှိသည့် အမည်မှာ မောင်ထိန်လင်း ဖြစ်သည်။ သို့ရာတွင် သူ့အား မည်သည့်အခါ […]