kaiJanuary 31, 20101min832
အောက်ကဇယားကိုကြည့်ပါ။ ကိုင်ဇာဖန်မလီဖောင်ဒေးရှင်း ကထုတ်ပြန်တာဖြစ်တယ်။ ဇယားအရ အမေရိကန်ကလေးတွေ တရက်ကို ရနာရီခွဲလောက် မီဒီယာနဲ့ပါတ်သက်တာတွေမှာ သုံးနေကြတယ်ဆိုပါတယ်။ အရင် ၁ဝစုနှစ်က အမေရိကန် ကလေးတွေဟာ သီချင်းနားထောင်တာမှာအချိန်အများဆုံးသုံးခဲ့ပေမဲ့ ပြီးခဲ့တဲ့ ၅နှစ်စစ်တမ်းအရမှာတော့ မြင်တဲ့အတိုင်း တီဗီကြည့်တာမှာ အများဆုံးသုံးနေတာတွေ့ရပါတယ်တဲ့။ အမေရိကန် ကလေး ဆိုတာမှာ အမေရိကပြည်ထောင်စုမှာနေတဲ့ အသက် ၈နှစ်က နေ ၁၈နှစ်အထိ ကလေးတွေကို ဆိုလိုပါတယ်တဲ့။ ကလေးတွေ ဒီလောက်ကြီး မီဒီယာတွေသုံးနေတာ ကောင်းသလား မကောင်းဘူးလား တွေးရင် ….ကောင်းတဲ့ဖက်များမယ်ထင်ပါတယ်။ ဘာမှမလုပ်ပဲ အမှောင်ထဲထိုင်နေတာထက်စာရင် တခုခုလုပ်နေတာက တခုခု ပိုသိနေ၊တတ်နေမှာဖြစ်ပြီး အဲဒါတွေကို အသုံးချလာတဲ့အချိန် လူသားဘဝတွေက ပိုမို အဓိပါယ်ရှိလာမယ် ဖြစ်ပါတယ်။ အဲဒီကလေးတွေ ကြီးပြင်းလာတဲ့အခါမှာ အခြားနိုင်ငံကကလေးတွေထက် ပိုသိ၊ပိုတတ်တဲ့ကလေးတွေဖြစ်လာနိုင်ကြောင်းပါ။ မြန်မာပြည်မှာတော့ အဓိပ္ပါယ်ရှိရှိမရှိရှိ ရွေးချယ်ခွင့်အလွန်နည်းပါးတဲ့ဘဝတွေမှာ ကလေးတွေနစ်မြုပ်နေရတာကို […]