တရုတ်ကူမြူနစ်ကေဒါ ကြေးမုံဂျီးအဘိုး ရုရှားနိုင်ငံနဲ့ ပတ်သက်ပြီး ဆိတ်ဝင်စားဖွယ် မြက်ခင်းလေးတခုတွေ့လို့ ရွာသူသားများ သဟုတုဗ ဖြစ်စေဂျင်းငှာ ဘာသာပြန် ဝေငှပါသည်။ အမယ်မင်းရယ်ဒဲ့မှ… ရုရှားနိုင်ငံ အိမ်ထောင်စုအလိုက် ချမ်းသာကြွယ်ဝမှု ၃၅%သည် လူ ၁၁ဝ လက်ထဲတွင် ရှိနေသဖြင့် ကာရစ်ဘီယံ ကျွန်းနိုင်ငံ အနည်းစုမှလွဲလျင် ကမာ္ဘပေါ်တွင် မညီမျှမှု အမြင့်ဆုံးစံချိန် တင်ကြောင်း ရင်းနှီးမြှုပ်နှံမှုဘဏ်ကြီးတခု၏ အစီရင်ခံစာတွင် ဖော်ပြသည်။ နှိုင်းယှဉ်ကြည့်လျင် ကမာ္ဘအနှံ့ရှိ ဘီလျံနာများသည် စုစုပေါင်း ကြွယ်ဝမှု ၁-၂%မျှသာ ထိန်းချုပ်ထားနိုင်ကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ဝေသော ခရက်ဒစ်ဆွိစ်ဘဏ် အစီရင်ခံစာမှ ဆိုသည်။ ဓနဥစ္စာတန်ဖိုး ဒေါ်လာ၁၁ဘီလျံ ရှိတိုင်း ရုရှားဘီလျံနာတယောက်နှုန်း ထွက်သည်ဆိုလျင် ကျန်ကမာ္ဘ၌ ဒေါ်လာ ၁၇ဝဘီလျံ တယောက်နှုန်းသာ ရှိသည်။ (ကမာ္ဘ့ချမ်းသာကြွယ်ဝမှုကို ဘီလျံနာဦးရေနဲ့ စားပြတာ […]


‘မ’သုံးလုံးဘွဲ့ ပူပူနွေးနွေး ရထားသော ဦးကြောင်ကြီး နောက်ကွယ်မှ လက်သီးပုန်းထိုး အတိုက်ခံနေရသည်။ ၎င်းအား အမြီးရရ လျှာရရ လိုဂျင်သူ သာမီးလေးပေါင်းများစွာ ရှိသလို မလိုတမာ နင်ပဲငဆ သွားပုပ်လေလွင့် ပြောဆိုကြိမ်းမောင်း နေသူများလည်း ရှိဗေသည်။ အချို့ဆိုလျင် ကြောင်ကြီးရသောဘွဲ့ ဖြူသလား မဲသလားဗင် မသိ ဝင်ရောက်ဆွမ်းဂျီးလောင်း၏။ မြစ်ဆုံရေကာတာ စီမံကိန်း ရပ်သွား၍ ပါးစပ်ထဲ ရောက်ခါနီး ဝက်သားတုံးဂျီး အပုတ်ချ ခံလိုက်ရသူ တရုတ်ကူမြူနစ်ပါတီ ပေါလစ်ဗျူရိုအဖွဲ့ဝင် ကြေးမုံဂျီး (ခ) အီတွန့်ဗွမ် အဆိုးဆုံးဗင်။ ထမီ စွန်တောင်ဆွဲ (သူ့အပြောဒေါ့ စကပ်အတွန့်) ရွာရိုးကိုးပေါက် နွားလှည်းပေါ် လော်စပီကာ လေးဖက်လေးတန် တင်၍ ဇာတ်သဘင်ကား ကြော်ငြာသဖွယ် ခေါက်တုံ့ခေါက်ပြန် မမောနိုင်မပန်းနိုင် ကြေငြာမောင်းထုလေသည်။ “ကြောင်ကြီးပေါ့အေ့… ဟိုဟာမနဲ့ […]


အမေရိကန်နိုင်ငံ ပြည်ထောင်စု ဗဟိုဘဏ်မှ အင်္ဂါနေ့တွင် ပုံစံအသစ်နှင့် ပိုတိကျကောင်းမွန်သည့် လုံခြုံရေး အစီအမံများပါသော ဒေါ်လာ၁၀ဝ ငွေစက္ကူ အသစ်ကို စတင်ထုတ်ဝေသည်။ နဂိုမူလ စီစဉ်ထားချိန်ထက် ၂နှစ်ကျော်ကြာ နောက်ကျ ထုတ်ဝေခဲ့ခြင်းလည်း ဖြစ်သည်။ ၁၀ဝတန် ဒီဇိုင်းအသစ်ကို ၂၀၁၂ခုနှစ်တွင် ထုတ်ပြန်ထားခဲ့သော်လည်း ထုတ်လုပ်ရေး နှောင့်နှေးမှုများကြောင့် အမှန်တကယ် ထုတ်ဝေမည့်နေ့ နောက်ဆုတ်လိုက်ရသည်။ ၂၀၁ဝ ဒီဇင်ဘာလတွင်း ပုံနှိပ်နေဆဲ ငွေစက္ကူသစ် တွန့်ကြေ သွားသဖြင့် မူလစီစဉ်ထားသည့်အတိုင်း ၂၀၁၁ခုနှစ်တွင် ရာတန်သစ် ထွက်မလာနိုင် ဖြစ်ခဲ့ရသည်။ နောက်ဆုံး ပြင်ဆင်ထားသော ၁၀ဝတန် ဒီဇိုင်းအား ၁၉၉၆ခုနှစ် မတ်လတွင် စတင်ထုတ်ဝေခဲ့သည်။ ခေတ်မှီ အဆင့်မြင့် ရာတန်စွင့် လူတိုင်းမှတ်မိတဲ့ ဘန်ဂျမင် ဖရန်ကလင် မျက်နှာပဲ ဒီဇိုင်းအသစ်တွင်း ဆက်သုံးထားပေမဲ့ ဘဲဥအဝန်းမျဉ်းလိုင်း […]


ကြည့်ဂျဗာအုံးကွယ်ရို့ ြ သမဒဂျီး ဦးသိန်းစိန်လက်အောက်မှာ ပြည်သူအခြစ်တော် မြန်တျန့်ပြည် ငရဲတပ်ဖွဲ့ဂျီး ့ အောက်ဆိုက်ဒ် မရှိဒေါ့လို့ မွဲသွားဗလား မသိဘူး…။ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်း လူ့အဖွဲ့အစည်းနဲ့ ပြည်ထဲရေးက လူကုန်ကူးမှုတားဆီးရေးအဖွဲ့တို့ ဘယ်လို ဘယ်နေရာမှာ တွေ့ဆုံဆွေးနွေးဂျသလဲဆိုဒါ…။လူကုန်ကူးမှုဘာညာနဲ့ ကြီးကြီးကျယ်ကျယ် နာမည်တပ်ထားပြီး အစည်းအဝေးခန်း၊ ရုံးသုံးပရိဘောဂတောင် မချိလျှာဗူး… သနားလိုက်တာ။ ရွာဒဲဂ ဒါဇင်ပလပ်စ်အဖွဲ့ ဘကကျောင်းတွေ လိုက်လှူမည့်အစား အဲဒီရဲအဖွဲ့ဂို သွားပေးသင့်ဒယ်…။  မယုန် ဟောဒီမှာကြည့် …. ခရက်ဒစ်တူ – ၈၈-မျိုးဆက်( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှတာဝန်ရှိသူများနှင့် ပြည်ထဲရေးဝန်ကြီးဋ္ဌာန၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့အဆင့်မြင့်အရာရှိများ တွေ့ဆုံဆွေးနွေး ***************************** ယနေ့ အောက်တိုဘာလ၊ ၆ ရက်တွင် ၈၈-မျိုးဆက် ( ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မှ မနီလာသိန်း၊ မမီးမီး၊ ကိုဉာဏ်လင်း၊ […]


ဒေါ်လာသန်း၄၀ဝတန် ပါဝါဘောလ်ထီ ကံထူးရှင်က တနင်္လာနေ့တွင် တောင်ပိုင်းကယ်ရိုလိုင်းနားပြည်နယ်၌ ဆုငွေထုတ်ယူခဲ့ပီး ၎င်းနာမည်ကို ထုတ်ဖော်မပြောဆိုရန် ထီအာဏာပိုင်များအား မေတ္တာရပ်ခံထားသည်။ ကိုလံဘီယာမြို့နေ လွန်ခဲ့သည့် အပတ်က ထီပေါက်သူနှင့် စပ်လျဉ်း၍ အချက်အလက် အနည်းငယ်သာ ထီရုံးမှ ထုတ်ပြန်သည်။ ထီဖွင့်ပွဲ နောက်ဆုံးနေ့ဖြစ်သော ဗုဒ္ဓဟူးနေ့က ထိုသူ ကိုလံဘီယာ အမြန်မောင်းလမ်းပေါ် ဓာတ်ဆီဆိုင်တွင် ကားဆီဝင်ဖြည့်စဉ် မိန်းမလုပ်သူမှ ဟော့ဒေါ့အသားညှပ်ပေါင်မုန့် ဝယ်ယူခိုင်းသည်။ စတိုးဆိုင်မှ ဟော့ဒေါ့ မရောင်းသဖြင့် ဒေါ်လာသန်း၄၀ဝတန် ထီကြော်ငြာတွေ့ပြီး ဒေါ်လာ၂ဝဖိုး ကံစမ်းမိသည်။ ၎င်းဘဝတွင် ဒုတိယအကြိမ်မြောက် ထီထိုးခြင်းလည်းဖြစ်သည်။ ကြာသာပတေးနေ့တွင် အိမ်မှနေ၍ ထီလက်မှတ်တိုက်ကြည့်ရာ ၎င်းထီပေါက်ကြောင်း သိလိုက်သည်။ အနားရှိ ခွေးကိုသာ ထီပေါက်ကြောင်း ပြောခဲ့သည်။ ခွေးဂျီး၊ သူ့မိန်းမနှင့် ထီအာဏာပိုင်များသာ ကံထူးရှင် မည်သူမည်ဝါဖြစ်ကြောင်း သိရှိကြသည်။ […]


မြန်တျန့်ပြည်ဂျီးမှာ အကြွေးဝယ်ခွင့် ခရက်ဒစ်ကတ် ခေတ်စားလာဒေါ့မှာမို့ ဒီနေ့ အီးဟောင်းဒေါ့ကွန်းမှာ တင်ထားတဲ့ “သေသူ ခရက်ဒစ်ကတ်အကြွေး မည်သူပေး” သဟုတုဗဖြစ်ဖွယ်စာကို စေတနှာနဲ့ ဘာသာပြန် ဝေငှ လိုက်ပါဒယ်။ မိမိ ခြစ်ခင်ကြင်နာသူကို ဆုံးရှုံးရလို့ ဝမ်းနည်းကြေကွဲ ဖြစ်တုံးမှာ တပူပေါ် နှစ်ပူဆင့် ကျန်ရစ်သူများ အနေနဲ့ နောက်ထပ် ဆိတ်မကောင်း ဖြစ်စရာ ကြုံရတာ ပြပါဆို အကြွေးလာတောင်းသူ ဖြစ်ပါတယ်။ (debt collector ခေါ်သဗျ.. ဒင်းရို့ကလည်း သူ့ပညာနဲ့သူ… ဖုံးတဂွမ်ဂွမ်ဆက် စာတဂျီဂျီပို့ပေါ့ဗျာ။ အကြွေးမဆပ်ဘဲ လစ်ပြေး သွားရင်တော့ သူ့ဆိုရှယ်နံပါတ်နဲ့ ရေမြေအဆုံး လိုက်ပေဒေါ့၊ ကမာ္ဘမကြေစဒမ်း..။ ဖုံးဆက်ရင် လေသံအမျိုးမျိုး တဖက်သား အခြေအနေကြည့် ပြောရတယ်။ ချော့သင့်တန်ချော့ ခြောက်သင့်တန်ခြောက်၊ ရသလောက် နှိုက်ယူဂျပါဒယ်။ ဟိုကလည်း […]


သဂျီးဦးခိုမ် ရေးသား၍ သဂျီးဂဒေါ် မဒမ်ဗရောင်း ထုတ်ဝေသည့် ဗုဒ္ဓဘာသာအဆစ် စာအုပ်ထွက်ရာ နားမလည် ပါးမလည် ဝယ်သူများ ပိုက်ဘောမိကုန်သည်။ အကြောင်းမှာ အာရေဗျ၊ အူရဒူ၊ ဖာစီ၊ ဘင်္ဂါလီ ဘာသာတို့နှင့် ရေးထားသောကြောင့်ဖြစ်၏။ အတော်ဆိုးတဲ့လူ ပိုက်ဆံရှာတာ ရိုးရိုး မရှာဘူး၊ ဘာသာရေး ခုတုံးလုပ်တယ်  !@#$%.. အေးလကွာ ငါလဲအဟုတ်မှတ် ဝယ်မိတာ တေဇမ်း..။ ပွစိပွစိ ဆူညံပွက်သံ လျှံထွက်လာသည်…. သဂျီးကတော့ သူမဟုတ်သလို အေးအေး ဆေးဆေး ခလေးမွေး.. နောက်သာမီးလေးတယောက် ယူရန်ပင် စိုင်းပြင်းနေသည်..။ အဒဲ့ကောင် ခံပေါ့ကွာ.. အသနားဘူး။ ခွီးထဲမှ ပြောတိုင်းယုံ ရောင်းတိုင်းဝယ် မေးတိုင်းဖြေ.. ဟေ့ သခင်ဆိတ် မွေးဂျပါကွ… နို့သောက်၊ အသားစားလို့ရတယ်.. ကရိကထလည်း အများဘူး။ စားချိန်တန် […]


ခြစ်သော ဦးကျောက်စ်နဲ့ ကျောက်ဂဒေါ်လောင်း… ထရေးဒါးဟိုတယ်မှာ မင်ဂါဆောင်ပီးရင် အဲဒမှာ မဟုတ်မဟတ် မလုပ်ကျဗာနဲ့…။ ဗတဗျံ ကျားတဗျံ သတ်ပုတ်နေဂျဒါ ကြည့်ရမှာ အားနာဇယာ….။ အဲလာမျိုး မသိခြင်ထောင် စောင်နေဖို့ကြလော့ ဝါသနှာဃ တားမရ…။


သူများတွေ ယူဂျ၊ ယူဂျမှာမြင်ဒေါ့ အနော်ကြောင်ကြီးလည်း မိန်းမယူဖို့ ဆုံးဖြတ်လိုက်ပီ…။ ဟောင်ကောင်မြေကြွက်စ် ဦးကျောက်နဲ့ ယာကူဇာ နှူးဘာဂီ တို့ထက်ဦးအောင် မင်ဂါဆောင်မည်။ ကြောင်သဒို့သာမီး ဘူဖြစ်မဲ စာဖတ်သူများ ဆုံးဖြတ်ပေးပါ။ ရွာသူားများ စီမံရာ နာခံပါ့မယ်…။ ကြောင်ကြီးဂဒေါ့ ရလျင် လှယာဂျီးနဲ့ လှယာဂျီးနဲ့…. ခြစ်……………………..မှာ……… ဒဂယ်…. အဟုတ်………….။ အရွေးချယ်ဂံ သဒို့သာမီး နှစ်ဦးဃဒေါ့… ကြေးမုံဂျီး (ခ) အီတွန့်ဗွမ် (တရုတ်သဗုံဟောင်းနှင့် လက်ရှိ ဝပြည်လွတ်မြောက်ရေးတပ်မဒေါ် နိုင်ငံရေးမှူး) ခရစ်စတယ်လှိုင်းဂလေး (စကပ်တိုဝတ် တင်းနစ်မယ်နှင့် တိုက်ဂွမ်ဒို သိုင်းပညာရှင်) မှတ်ချက်။ သဒို့သာမီးအရံအဖြစ် ကေအိုင်အိုသဗုံ ဦးမျိုး သာမီးဂလေး နှစ်ဦးမှ မေတ္တာဖြင့် ဆောင်ရွက်ပေးလိမ့်မည်။ သဒို့သားအရံ မထားပါ (သနလို့)  


သမဒဂျီး ဦးသိန်းစိန်ကို တရုတ်ကြီးက လျှာဂျီးနဲ့ လျှာဂျီးနဲ့….. ……….. ….  🙂 ဧရာဝတီ ဘလော့ဂ်မှာ တင်ထားတဲ့ သမဒ ဦးသိန်းစိန် တလုပ်ပြည်တောလား သဒင်းဓာတ်ပုံ ကြည့်ဂျဇမ်းပါဦး.. အယပ်ဂဒို့။ ဝသဗုံ ကြေးမုံဂျီးအမျိုး ကွမ်းရှီးပြည်နယ်ကွန်ဂရက် အတွင်းရေးမှူးနဲ့ မြန်မာသမဒဂျီး ဘေးဂျင်းယှဉ် ထိုင်ရသဒဲ့။ တရုတ်-အာဆီယံ စီးပွားရေး ဆွေးနွေးပွဲ နန်နင်းမြို့မှာလုပ်လို့ နိုင်ငံဂေါင်းဆောင်ခြင်း မတွေ့ရဒါ နားလည်တယ် သို့သော် ကျုပ်တို့သမဒကို ပြည်နယ်အတွင်းရေးမှူးနဲ့ တန်းတူထား ခံရတာဒေါ့ မရှိဒဲ့သိက္ခာ ကျလွန်းသဗျာ..။ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး ဒါမျိုးထင်ပါရဲ့..။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်လာတော့ ဦးသိန်းစိန်နဲ့ တန်းတူထိုင် စဂါးပြောပေမဲ့ ဟိုဟာက ကမာ္ဘ့အင်အား အကြီးဆုံးနိုင်ငံ အစိုးရအဖွဲ့ နံပါတ်နှစ် ပြောလို့ရသူ၊ ကမာ္ဘ့နိုင်ငံရေးရာတွေကို ကိုင်လှုပ်နိုင်စွမ်း […]


စပါယ်ရှယ် အိမ်လုပ် အာလူးကြော်နည်း လျှို့ဝှက်ချက်မှာ နှစ်ပြန်ကြော်ပြီး ၎င်းနှစ်ခုအကြား ရေခဲသေတ္တာထည့် အအေးခံပေးခြင်းဖြစ်၏။ ပထမ ဆီပူနှစ်ခြင်းသည် အာလူးအသား နူးညံ့ပျော့ပြောင်းစေရန်နှင့် ဒုတိယအခါတွင်မူ  အာလူးအပြင်သား ကြွပ်ရွအောင် မီးပြင်းတိုက်ပေးရမည်။ လူနှစ်ယောက်စာအတွက်… စားသုံးဆီ၊ တပေါင် ဆယ်အောင်စ (တပိဿာ နီးပါးလောက်ထင်တယ်) ခန့်ရှိ အာလူးများအား အခွံမချွတ်ဘဲ တလက်မ လေးပုံတပုံအရွယ် အချောင်းများ လှီးဖြတ်ပါ။ အိမ်သုံးဆား ဖြူးပါ၊ ကြော်ပြီးလျင် မြည်းလို့ရလဗျီ..။ ပြုလုပ်ပုံ အဆင့်ဆင့် နည်းနာနိဿယ ညွှန်ကြားလွှာ အမိန့်ပြန်တမ်း ဥပဒေသ ဖော်မြူလာ မှတ်တမ်း ပုရပိုက် ၁။ ကွာတားခြင်ခွက် ၆ခွက်စာအရွယ် ဇောက်ဒယ်အိုး dutch oven ထဲ ဆီနှစ်လက်မ မြှုပ်အောင်ထည့်ပြီးလျင် မပူမပြင်း ၃၇၅ ဒီကရီ ဖာရင်ဟိုက်ရောက်အောင် […]


ဘာသာရေး ကိုင်းရှိုင်းသူတွေဟာ ဘာသာမဲ့များထက် ညဏ်ရည် ပိုမိုနိမ့်ကျတယ်လို့ ဆယ်စုနှစ်ပေါင်းများစွာ ပြုလုပ်သော သိပ္ပံနည်းကျ ဆန်းစစ်ချက် ၆၃ခုအား ကိုးကား၍ စာတမ်းတစောင်က ဆိုသည်။ မိုင်ရွန်ဖက်ကာမင်န် ဦးဆောင်သော ရော့ချက်စတာ တက္ကသိုလ် သုတေသနအဖွဲ့မှ “အသိညဏ်ထက်မြက်မှုနဲ့ ဘာသာတရား ယုံကြည်သက်ဝင်မှု အနှုတ်လက္ခဏာဆောင် ပြောင်းပြန်အချိုးကျကြောင်း” စစ်တမ်း၆၃ခုအနက် ၅၃ခုတွင် တွေ့ရသည်။ ညဏ်ကောင်းသူများသည် အိုးမင်းရင့်ရော်သည့်တိုင် ယုံကြည်သက်ဝင်ရန် ခဲယဉ်းလှပြီး ၎င်းတို့ ဘာသာတရား ဝေးကွာရသည့် အကြောင်းအရင်းမှာ အရင်ထင်ထားသလောက် ရှင်းလင်းဖြောင့်စင်းမှု မရှိကြောင်း သုတေသီများ တွေ့ရှိသည်။   ယခင်လေ့လာချက်များတွင် ညဏ်ရည်မြင့်မားသူများသည် ပိုသိပိုတတ်သူများ ဖြစ်သောကြောင့်ဟု ရိုးရှင်းစွာ ယူဆသော်လည်း အကြောင်းဇစ်မြစ်မှာ ပိုရှုပ်ထွေးဖွယ်ရှိသည်။ ညဏ်ကောင်းသူသည် အိမ်ထောင်ရှင် ဖြစ်တတ်ကာ ဘဝတွင် အောင်မြင်မှု ပိုရလေ့ရှိသဖြင့် ဘာသာတရား […]


ကြီးကြီးကျယ်ကျယ် အသစ်အဆန်း ဘာထွက်မလဲ မျှော်နေသူ စမတ်ဖုံးရူးများအတွက် ဒီနှစ်ဟာ စိတ်ပျက်စရာ ဖြစ်ပါတယ်။ အဲလိုပြောတာ ဖုံးကောင်းကောင်းတွေ ထွက်မလာလို့ မဟုတ်ပါဘူး။ ပြောကြေးဆို အများကြီးပါ… HTC One၊ BlackBerry Z10၊ Samsung Galaxy S4နဲ့ Moto X တို့ရှိပါတယ်။ အဲဒီ ရှယ်ဖုံးတွေ ဝယ်မိသူတိုင်း နှစ်သက်ကြပါလိမ့်မယ်။ ပြောစရာရှိတာ အဲဒီဖုံးတွေကို ဘယ်လောက် အမွှမ်းတင်တင် ကြော်ငြာလုပ်လုပ် နည်းပညာ အလှည့်အပြောင်း ရယ်လို့ပြောဖို မရှိခြင်းပါ။ သူတို့အားလုံး ဒီပုတ်ထဲကဒီပဲ ဖြစ်လို့နေပါပြီ။ ၂၀၀ရခုနှစ်မှာ အက်ပဲလ်ကုမ္မဏီက အိုင်ဖုံးနဲ့ ခုန်ပျံကျော်လွှား အနိုင်ယူပြီး နောက်မှာတော့ သူ့ကို ပြိုင်ဖက်တွေ လိုက်မှီသွားကြတယ်။ အများစုအတွက် ဖုံးအားလုံးဟာ ပိန်မသာ လိန်မသာပါပဲ။ အက်ပလီကေးရှင်းတွေ သုံးလို့ရမယ်၊ […]