တောက်စ်..အားနာလို့ လိုက်လျောတာ အတယ်များထင်သလား။ အကုန်ဖမ်း.. တကောင်မှ အပြင်မှာမထားနဲ့။ သမဒဦးကြောင်ကြီး ရေလည်လည် တင်းနေသည်။ လက်ပံတောင်းတောင် အရေးတွင် လူပုံအလယ် အရှက်ခွဲ ခံရသည် ယူဆ၍ ဒေါကီးခြင်းဖြစ်၏။ သနားလို့ နောက်လှည့်ပြတာ ကြည့်ယုံအားမရ ပြေးဆောင့်ရက်တယ်။ အကုန်ဖြတ်ပစ် အရင်းကစဖြတ် ငုတ်စိလေးတောင် ချန်မထားနဲ့။ ကြောင်ကြီးဘာကောင်ဆိုတာ သိစေရမယ်။ ရဲတပ်ဖွဲ့ကို ဒီအတိုင်းဆက် မထားဘူး။ အသစ်ပြန်ဖွဲ့မယ်၊ လက်ရှိရဲချုပ် ဦးမာဃကို ဖြုတ်လိုက်။ သူ့နာမည် သိကြားမင်းနဲ့တူတော့ ရဲတပ်ဖွဲ့အသစ်နဲ့ ပဏာမစားဘူး။ လူသစ်ထဲက ဘယ်သူရှိလဲ..။ ဗိုလ်စိန်ဗိုက် ရှိပါတယ် သမဒဂျီး။ ဒင်းကအမူးသမား မူးယစ်ဌာနကိုပို့။ ဗိုလ်ကပေ.. သူက လောင်းကစားဒိုင်.. ဒ/နဌာနကိုပို့။ ဩဇီဗိုလ်ဖော.. သူ့ကို ရေကြောင်းရဲဆီသွားခိုင်း၊ ဤသို့ဖြင့် စိတ်ကြိုက်လူစားထိုး ရှာဖွေရာ တရုတ်ရဲတပ်ဖွဲ့ […]


ဆရာ မနိုင် ပြိုင်ချင်ရာပြိုင် ရွာသူရွာသားအပေါင်းတို့ခင်ဗျား.. ကျနော်များ မတထောင်သား ဂေဇက်အဖွဲ့သားများ ဦးဆောင်၍ ဂဇက်ရွာ ရဲစခန်းအား မနက်ဖြန်နံနက် ဝေလီဝေလင်း အချိန်တွင် ဝင်ရောက်စီးနင်း တိုက်ခိုက်မီးရှို့မည်ဖြစ်သည်။ ထိုသို့ စီးနင်းတိုက်ခိုက် မီးလောင်ဗုံးများ အားရပါးရ ပစ်သွင်းအပြီးတွင် ပြသနာ ပြေလည်စေရန် စခန်းမှူး ရဲမူး ဖောရှောခိုင်နှင့် ရဲသားများအား ဝန်ချတောင်းပန်ပွဲ ဆက်လက်ပြုလုပ်ပါမည်။ ထို့ကြောင့် ရဲဘော်ရဲမေများ အနေဖြင့် စုရပ်သို့ လာသည့်အခါ တုတ်၊ဓါး၊ မီးလောင်ဗုံးများနှင့်အတူ အုန်းပွဲငှက်ပျောပွဲများ တပါတည်း ယူဆောင်လာကြပါရန် နှိုးဆော်ပါသည်။ မှတ်ချက်။ သဂျီးသမီးတော်ဂလေးအား ကြံစည်နေသူများ မပါရ။ ဦးကြောင်ကြီး – ဂဇက်ပြည်သူ့ကွန်မန်ဒို မုံရွာ၊ နိုဝင်ဘာ ၃၀ လက်ပန်တောင်းတောင် ကြေးနီး စီမံကိန်းကို ငြိမ်းချမ်းစွာ ကန့်ကွက် ဆန္ဒပြနေကြသည့် […]


ကျုပ်တို့ဟာ နိုင်ငံဂျီးသားအမြင်နဲ့ ကြည့်ရမယ်။ ကျုပ်တို့နိုင်ငံကို အဆင့်မြင့်တဲ့နိုင်ငံ၊ အဆင့်ရှိတဲ့နိုင်ငံ၊ ကမ္ဘာလေးစားတဲ့ နိုင်ငံဖြစ်အောင် ဘယ်လိုလုပ်မလဲ။ ဘယ်လိုနေမလဲ၊ ဘယ်လိုထိုင်မလဲ….. နိုင်ငံရေးသမား ဦးကြောင်ကြီး မုံရွာလက်ပန်းတောင်းတောင် ဒေသခံများအား ရဲရဲတောက် မိန့်ခွန်းပြောကြား နေဟန်ဖြစ်သည်။ ပရိတ်သတ် မိန့်ခွန်းကြားနေသော်လည်း အသံရှင်အား ရှာမတွေ့ချေ၊ ထို့ကြောင့် သို့လော သို့လော ဖြစ်ကာ ဘေးဘီဝဲယာ ရှာကြသည်၊ အဆင့်မြင့်ဆို၍ ကောင်းကင်မော့ကြည့်သူကြည့်နှင့် လူအုပ် အိန္ဒြေမရ လှုပ်လှုပ်ရွရွ ဖြစ်ကုန်သည်။ ခေတ်မှီသူများက ဝိုင်ဖိုင်နည်းပညာဖြင့် ဟိုတယ်မှ မိန့်ခွန်းခြွေသည်ဟု ထင်မြင်ချက်ပေးသလို ဂြိုလ်တုသုံး၍ နေပြည်တော်မှ တိုက်ရိုက်အသံလွင့်သည် ပြောသူကပြောသည်။ အမှန်တော့ ဘယ်မှမရောက် လူထုပရိတ်သတ်ရှေ့ ချောက်ထဲတွင် သူရှိနေသည်။ ဦးကြောင်မိန့်ခွန်းပြောစဉ် မြေတဖြေးဖြေး ပြိုဆင်းသွားရာ နေရင်းထိုင်ရင်း ချောက်ထဲ ရောက်သွားလေသည်။ ဤသည်ကို […]


လက်ပံတောင်းကြေးနီတောင် သပိတ်စခန်းတွေ အင်္ဂါနေ့က အင်အားသုံး ရိုက်နှက်အဖြိုခွင်းခံရ၊ သပိတ်အဖွဲ့ဝင်များစွာ အဖမ်းခံရတယ်။ ရာနဲချီပြီးတော့လည်း ထွက်ပြေးနေရပါတယ်။ ဂဇက်ရွာသွားတို့အနေနဲ့ ဦးသိန်းစိန် စစ်တပိုင်းအစိုးမရနဲ့ သူ့လက်ပါးစေ လူရမ်းကားတွေ၊ ခရိုနီတွေ၊ တရုတ်ပြည်မနဲ့ တနည်းနည်း ပတ်သက်နေတဲ့ ကုမ္မဏီတွေကို ဆန့်ကျင် ကန့်ကွက်ကြပါ။ လက်တွေ့အကျဆုံး ဆဲနိုင်တာ တရုတ်ကူမြူနစ် လက်ဝေခံ စီးပွားရေးသမား ဂဇက်သဂျီးဦးခိုင် ရှိပါတယ်။ ပိုးစိုးပက်ဆက် ဝိုင်းဆဲဂျပါ၊ မိုက်တော့မရိုင်းပါနဲ့ ဆင်ဆာအဖျက်ခံရမှာစိုးပါတယ်။ တလက်စထဲ ပြောချင်တာ လွှတ်တော် တယားအုပဒေ ဆိုးမိုးရေးကော်မတီ ငှက်ကထ ဘွားဒေါ်ဂျီးမှာလည်း တာဝန်ရှိတယ်။ ကြာသာပတေးနေ့ကျရင် သပိတ်စခန်းကို သွားတွေ့မယ်ဆိုလို့ အင်္ဂါနေ့မှာ လုံထိန်းတပ်နဲ့ ဖြိုခွင်းပစ်လိုက်တာပါ။ ဘွားဒေါ် လေသနတ်ပစ်တာ ရပ်သင့်ပြီ။ ဒီလိုအကြမ်းဖက်လာမယ်ဆိုတာ နိုင်ငံရေးအမြင်ရှိသူတိုင်း ကြိုတွက်မိပြီးသား ဖြစ်ပါတယ်။ ဘွားဒေါ်အနေနဲ့ မသိပါ […]


သပိတ်စုံ သူပုန်ထ ရရင်ရ မရရင်ချ မီးတုတ် မီးတုတ် ရှို့ရှို့… ဝမ်ပေါင် ဆံချောင်ရင် ကန်ဘောင်မှာ အလံထောင်ကြ နှံကောင်ဘဝ ရန်စောင်ချစို့.. ကံဆောင်တော့ ညဏ်အောင်တယ် ဟန်မဆောင် ခြံပေါင်ရမှာမို့ တန်အောင်တော့ မာန်ထောင်ပြ…။


တလောက သမဒဂျီး ဦးသိန်းစိန် အင်တာဗျူးမှာ မြန်မာအစိုးရ အခက်အခဲ တွေ့နေစဉ်မှာ တရုတ်ပြည်သည် အကူအညီပေးခဲ့တဲ့ အကောင်းဆုံး မိတ်ဆွေဂျီးဆိုပြီး မဟာချီးမွှမ်းခန်း ဖွင့်သွားပါတယ်။ ပြည်တွင်းပြည်ပ စောင့်ကြည့်အကဲခတ်များက ရုတ်နဲ့ကန် နှစ်နိုင်ငံအကြား ဗျာများနေတဲ့ သမဒဂျီးကို စာနာမှုပေးခဲ့ကြပြီး အသံတိတ်နေပေးခဲ့ကြတယ်။ ဒါကိုပဲ အဟုတ်ထင်သွားသလား မသိဘူး၊ လက်ပံတောင်း ကြေးနီတောင် သပိတ်စခန်းဖွင့် ဆန္ဒပြသူတွေဆီ ပြည်ဒေါင်စုဝမ်ကျီး ဦးအောင်မင်းသွားတွေ့ခိုက် ” တရုတ်က မူဆယ်ဖက်ကနေ ပစ္စည်းတွေ သွင်းပေးပြီး ထမင်း ကျွေးကြောင်း ၊ တရုတ်ကျေးဇူး ကြီးကြောင်း ၊ တရုတ်နိုင်ငံရဲ ့ ကျေးဇူးကို ကာပြန်ရင် အဝီစိငရဲမှာ နောက်ဘုရား မပွင့်မချင်း နေရမှာဖြစ်တယ် ” ပြောသွားခဲ့ကြောင်း fng news မှာဖတ်ရတယ်။ သစ်ထူးလွင်မှာလည်း […]


သမတ အိုဘားမား – ကျေးဇူးတင်ပါတယ် (လက်ခုပ်သံများ…)… ကျန်တာ ဒစ်ရှင်နရီနဲ့ ဆက်ဖတ်ကြပါ။ PRESIDENT OBAMA: Thank you. (Applause.) Myanmar Naingan, Mingalaba! (Laughter and applause.) I am very honored to be here at this university and to be the first President of the United States of America to visit your country. I came here because of the importance of your country. […]


ဘယ်သူမှန်လို့ ဘယ်သူမှားလည်း မသိတော့ဘူးဗျာ။ ကျနော်ကတော့ ဘက်မလိုက် စာနယ်ဇင်းသမားပီပီ ဟိုလူ့ကိုသာစေ ဒီလူ့ကိုနာစေ စိတ်ထားလုံးဝ (လုံးဝ) မရှိရကြောင်းပါ။ စာဖတ်သူ ဂုံသားရေရှိ လူဂျီးမင်းများ ကိုယ်တိုင် ဝေဖန်ဆုံးဖြတ်ကြဖို့ အယ်ဒီတာကိုယ်စား တင်ဆက်လိုက်ခြင်း ဖြစ်ပါတယ်။ ကျေးဇူးတင်အထူး တင်ရှိပါသည်။ ဒေါ်ကြေးမုံဂျီး တရုတ်ကူမြူနစ်ပါတီ ကေဒါအမှတ် ၇၈၆၄၂ဝ နှင့် အများသိစေရန် ကြေငြာခြင်း ကျွန်ုပ်၏မိတ်ဆွေ ဦးကြောင်ကြီး ကျားဆရာ ၁၂ / ကဆရ (နိုင်) ဝ၀ရ ယခု ခေတ္တ စင်ကာပူကျောင်းတိုက်၊ ပုဇွန်တောင်တွင် နေထိုင်သူ၏ လွှဲအပ်ချက်အရ အောက်ပါအတိုင်း ကြေငြာအပ်ပါသည်။ကျွန်ုပ်မိတ်ဆွေ ဦးကြောင်ကြီးနှင့် ဒေါ်ကြေးမုံဂျီးတို့သည် ၂၉-၂-၂၀၁၁တွင် တရုတ် ကူမြူနစ်ပါတီ ဌာနချုပ်၌ တရားဝင် ထိမ်းမြားခဲ့ပါသည်။ လက်ထပ်ပြီးနောက် အင်တာနက်ရွာ ဗလီဆရာ […]


နိုင်ငံကြော် ရှေ့နေဂျီး ဦးကြောင် (B.A, L.L.B, R.L, L.L.M, မီညောင်, ခွီးဂရား) ဗဟိုတရားရုံး အသစ်ကြီးတွင် ရေရေလည်လည် ဇိမ်ကျနေသည်။ ရုံးသစ်ဖွင့်ပွဲ ကျင်းပထားသည်မှာ များမကြာသေး၍ ရုံးဥပစာမျက်နှာသာမက ရုံးခန်းအပြင်အဆင်၊ ရုံးသုံးပရိဘောဂများပါမကျန် အားလုံးသစ်လွင် တောက်ပနေ၏။ ရုံးထဲလည်း ကြည့်ပါအုံး.. တိုက်ပုံအမဲ၊ ကော်လာလည်ပတ်အဖြူ၊ ပိုးပုဆိုး တရွှမ်းရွမ်းနှင့် ရှေ့နေကြီးငယ်များ၊ ပျားပျမ်းခပ်မျှ ဟိုဒီပြေးလွှား အလုပ်များနေကြသည့် ရုံးအမှုထမ်းများ လှုပ်ရှားသက်ဝင်နေသည်မှာ လောကပါလတရား ထွန်းကားတော့မည့် အတိတ်နမိတ်ဖြစ်သည်။ “ဒေါ်မိုးစက်.. ပုဒ်မ၃၇ရ လိင်တူခြင်း မုဒိမ်းမှုနဲ့ အဖမ်းခံထားရတဲ့ မောင်ဘပုအမှု အခြေအနေ ဘယ်လိုရှိသလဲ။ ပေါ့ပေါ့ဆဆ မလုပ်နဲ့နော်၊ တရားလို စီတုံးဆိုတဲ့ သတ္တဝါကို သိပ်မသင်္ကာဘူး။ အလိုတူအလိုပါ ဖြစ်နိုင်တယ်။ ဘပုကြည့်ရတာ လူဂျီးလူဂေါင်း၊ ထိုင်းနိုင်ငံ […]


ဒီပို့စ်ကို အမျိုးမျိုးစဉ်းစား အခါခါ ရေးလိုက်ဖျက်လိုက် လုပ်ပြီးမှ အတိုဆုံး (ဒါတောင် ၄မျက်နှာရှိတယ်) :kwi: အရိုးအရှင်းဆုံးရေးဖို့ ဆုံးဖြတ်လိုက်တယ်။ ရှင်းလေရှုပ်လေ ရေးလေရှည်လေ ဆိုတော့လည်း အခက်သားပဲ။ သန်လျင်သဘာဝရိပ်သာ ကမ္မဌာန်းပြဆရာမ ချစ်မြတ်နိုးက ပြောတယ်၊ ဖြစ်ကြောင်းသိရင် သိယုံနဲ့ပြတ်တယ်၊ လိုက်ဖြတ်စရာ မလိုဘူး။ အဲဒီစကားအရ ဒီလောက် ပေရှည်ထားတာ တကယ်မသိသေးကြောင်း ဝန်ခံပါသည်။ သို့သော်ပေါ့လေ ဂဇက်ဆိုတာ မတူသော အတွေးများနဲ့ လောကဂျီးကို ရှုပ်အောင်လုပ်ထားတဲ့ နေရာမိုလို့ နည်းနည်းတော့ ရှုပ်ခွင့်ပြုပါ။ ဆွေးနွေးချင်တာ ဒီလိုဗျ။ စိတ်သည် အရှိလား မရှိလား။ စာလိုတော့ ရုပ် နာမ် စိတ်စေတသိက်ကို နိဗ္ဗာန်နဲ့အတူ ပရမတ်တရားထဲ ထည့်တယ်။ ဒါနဲ့ လူအများ အတွက်လွဲတယ်။ စာလိုတော့ သိကြတာပေါ့လေ၊ ရှေ့သုံးခုက […]


ပင်ဆယ်ဗေးနီးယားက အမျိုးသမီးတဦးခမျာ ရေထဲက ဘဲရိုင်းအုပ်ကို ကယ်ဆယ်ဖို့ ရေစီးသန်လှတဲ့ချောင်းထဲ ခုန်ချခဲ့လို့ ဘေးဥပဒ်အန္တရာယ် ဖြစ်စေမှု အပါအဝင် ပြစ်မှုများနဲ့ စွဲချက်အတင်ခံနေရသည်။ ဂျက်စတင်းနား လန်နီယူးစကီးဟာ တင်္နလာနေ့ ညနေတုန်းက ဂလန်းရော့ခ်ဒေသ ကောဒိုရပ်စ်ချောင်းအတွင်း ဆင်းခဲ့တာဖြစ်ပြီး လေးနှစ်သားအရွယ် ခလေးကပါ အမေနောက်လိုက်ရန် ကြိုးစားခဲ့သည်။ အိမ်နီးခြင်းတဦးက ခလေးငယ်အား တားဆီးခဲ့ရပြီး လန်နီယူးစကီး ၄၁နှစ်ကို လည်ပင်းအနက်ရှိ ရေထဲမှ ကယ်တင်ဖို့ မီးသတ်သမားရှစ်ယောက် အသုံးပြုခဲ့ရသည်။ သူမအား ဆင်ခြင်တုံမဲ့ အန္တရာယ်ပြုမှု၊ ဥပဒေ မလိုက်နာမှု၊ မူးရစ်ရမ်းကားမှုတို့ဖြင့် စွဲချက်တင်ထားသည်။ လန်နီယူစကီးက ရေထဲချော်ကျသွားတာသာ ဖြစ်ကြောင်းဆိုပေမဲ့ ရဲအဖွဲ့၏ အသက်ရှုလေမှုတ် စစ်ဆေးချက်တွင် ကားမောင်းရန် သတ်မှတ်နှုန်းထက် အယ်ကိုဟောလ်ပါဝင်မှု နှစ်ဆမက ပိုထားသည်။ :kwi: Cops: Drunken woman […]


အပျိုစင်ဘဝ တန်ဖိုးထားကြ။ ဒီလိုပြောတာ သဂျီးပြစ်တင် ကြိမ်းမောင်းနေတဲ့ ကွန်ဆားဗေးတစ် ရှေးရိုးစွန်း အမြင်ရှိလို့ မဟုတ်ဘဲ တန်ရာတန်ကြေး ဈေးကောင်းရအောင်လို့ပါ။ အေဘီစီသတင်းမှာ ဒီလို ဖတ်ရတယ်။ အသက်နှစ်ဆယ်အရွယ် ဘရာဇီးပျိုဖြူ ကောလိပ်ကျောင်းသူ Catarina Migliorini ဟာ အင်တာနက်မှတဆင့် အပျိုစင်ဘဝကို ဒေါ်လာ ၇၈၀,၀၀ဝနဲ့ ဂျပန်တဦးအား လေလံတင် ရောင်းချလိုက်ခြင်းဖြင့် ကမာ္ဘကျော်သတင်း ဖြစ်စေလိုက်သည်။ ဂျပန်ဖောက်သည်ဂျီး Natsu သည် အမေရိကန်၊ ဩစတေးလျ၊ အိန္ဒိယ၊ ဘရာဇီးနိုင်ငံတို့မှ လေလံပစ်သူများအား အကြိတ်အနယ် ကြိုးစားပမ်းစား အမျိုးဂုဏ်ဆောင်ရန် ဇာတိသွေး ဇာတိမာန် အပြည့်ဖြင့် (ဤကား ဘာသာပြန်ဆြာ ဦးကြောင်ကြီးအာဘော်၊ စကားချပ်) ယှဉ်ပြိုင်ခဲ့ရသည်။ ကိုရွှေဂျပန်အဖို့ ဘရာဇီး ကျောင်းသူလေးနှင့် ချစ်ရည်လူးရန် တနာရီ အချိန်ရမည်ဖြစ်ပြီး ဥပဒေပိုင်းဆိုင်ရာ […]


မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဥပဒေသစ်ကို ထုတ်ပြန်လိုက်ကြောင်း သစ်ထူးလွင်ဆိုက်မှာ တနေ့က ဖတ်ရတယ်။ ယခင် ၁၈၉၉ ရန်ကုန်ရဲအက်၊ ၁၉၄၅ ရဲအက်တို့ကို အစားထိုးပြီး ဖွဲ့စည်းပုံ ဖော်ပြထားတယ်။ ဖွဲ့စည်းပုံ ကြီးကြီးမားမား ပြောင်းလဲတာမျိုး အပြင်လူအနေနဲ့ မတွေ့မိဘူး၊ ရာထူး အခေါ်အဝေါ် အသစ်ဆိုပေမဲ့ ရဲချုပ်မှ ရဲဗိုလ်ချုပ်ကြီး၊ ရဲမှူးက ရဲဗိုလ်မှူး၊ ရဲအုပ်က ရဲဗိုလ် ဖြစ်သွားတာပါ၊ အတန်းအဆင့်အားဖြင် ၁ဝမျိုး အတူတူပဲ။ အရင်လို ဒုရဲအုပ် (စခန်းမှူး) အပြာခံ တပွင့်အစား ရဲဗိုလ်တန်းပေးတယ်၊ အယင် မြို့နယ်မှူး ဒုတိယရဲမှူး သုံးပွင့်နေရာ အဆင့်တူ ရဲဗိုလ်မှူးပဲ ဆက်ထားမယ်ထင်တယ်။ ရဲတယောက် ပြောဖူးတယ်၊ ဒုရဲအုပ် တပွင့် အပြာခံဆိုတာ ကိုလိုနီခေတ် လက်ကျန် ရာထူးပေးပုံစနစ်တဲ့၊ ဒုရဲအုပ်ခြင်း အတူတူ […]