အထူးသတင်းစာ ရှင်းလင်းပွဲ တမြန်နေ့က လပြည်တော်တွင် ပြုလုပ်သော နိုင်ငံဒေါ်သတင်းစာရှင်းလင်းပွဲတွင် သမဒဦးကြောင်ကြီးမှ မြန်မာ့ နိုင်ငံရေးတွင် ကြောင်များပါဝင်နေမှုအား နိုင်ငံကြက်ရင့်လာသည်နှင့်အမျှ လျှော့ချသွားမည်ဖြစ်ကြောင်း၊ ယခု လောလောဆယ် ဈေးများတွင် အလေးမခိုးရန် ကြက်သားသည်များတွင် တာဝန်ရှိကြောင်း၊ ကြောင် အစိုးရမှ စီအိုင်အေ ဂြိုလ်တုမှတဆင့် စီစီတီဗွီရိုက် ကြပ်မတ်စစ်ဆေး သွားမည်ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော တရားဥပဒေစိုးမိုးရေး ကော်မတီမှာ အများထင်ကြသလို ဘာဘာညာညာအတွက် မဟုတ်ဘဲ ကြက်သားရောင်းချမှု မှန်ကန်တိကျရန် နိုင်ငံဒေါ်အဆင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း ဖြေကြားသွားသည်။ မေးခွန်းများ ဖြေကြားရာ၌ တဖြည်းဖြည် အရပ်ဖက်အာဏာ လွှဲပြောင်းခြင်းမှာ အင်ဒိုနီးရှားနိုင်ငံတွင်လည်း ထိုနည်းတူစွာဖြစ်ကြောင်း၊ အာဏာရှင် ဆူဟာတိုအား လာဘ်စားမှုဖြင့် အရေးယူခဲ့သလို မြန်မာနိုင်ငံတွင် မလုပ်ရခြင်းမှာမ နှစ်နိုင်ငံ မတူကြောင်း၊ မိမိပြောလိုသည်မှာ တူချင်သည့်အခါတူ၊ မတူချင်သည့်အခါမတူ၊ […]