ကျပ်မပြည့်မင်းတြားကြီး စိုးစံတော်မူတဲ့ နေပြည်တော်မှာ လုံခြုံရေးအခြေအနေ မကောင်းလို့ ရှိတဲ့ မဲဆန္ဒနယ်လေးခုစလုံးမှာ ကြားဖြတ်ရွေးကောက်ပွဲများကို ရွှေ့ဆိုင်းလိုက်ကြောင်း ယူကေဂျီသတင်းဌာနအား ကိုးကား၍ အေပီသတင်းတရပ်တွင် ဖော်ပြသည်။


တလောက နိုင်ငံတကာမြို့ပြကြီးတွေမှာ အခွင့်အရေး လှုပ်ရှားသူတွေရဲ့ occupy movement များ ရေပန်း အတော်စားလိုက်တယ်။ သူတို့ပြုပြင်ပြောင်းလဲချင်တဲ့ ရည်မှန်းချက်ရဲ့ အချက်အခြာကျတဲ့ နေရာဒေသများကို လူထုအင်အားပြ ချီတက်သိမ်းပိုက်ခြင်း သင်္ကေတကို နည်းဗျုဟာမျိုးစုံနဲ့ လုပ်ဆောင်ဂျတာပါ။ ရက်ပေါင်းများစွာ သိမ်းပိုက်ဆန္ဒပြတာ ရှိသလို သာမန်လမ်းပေါ်ထွက် ဆန္ဒပြတာလည်း ရှိတယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ တုံ့ပြန်ပုံကလည်း သူတို့အပြုအမူကိုလိုက်လို့ အမျိုးမျိုးဖြစ်ပါတယ်။ (အာဏာရှင်နိုင်ငံများမှာလို အဓမ္မရိုက်နှက် သတ်ဖြတ်တာမျိုးတော့ ရှိဘူးပေါ့ဗျာ။ သတ်မှတ်ထားတဲ့ တရားဥပဒေနဲ့အညီ ဖမ်းဆီးအရေးယူ၊ ငွေဒဏ်တပ် အာမခံပေး ပြန်လွှတ်တာလောက်ပါပဲ။ အဲဒီလှုပ်ရှားမှု တခုထဲနဲ့ လိုချင်တဲ့ ရည်မှန်းချက်ပြည့်ဖို့ မဖြစ်နိုင်ပေမဲ့ အများပြည်သူ အသိအမှတ်ပြုမှု အကြီးအကျယ်ရသွားတယ်၊ လှုပ်ရှားသူအချင်းချင်းကြားမှာ ယုံကြည်မှုခွန်အား တိုးပွားစေတယ်၊ တောင်းဆိုနေတဲ့ ကဏ္ဍနယ်ပယ်များမှာ ပြုပြင်ပြောင်းလဲရေးသမားများကို အားသစ်လောင်း ပေးလိုက်တယ်။ […]


၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ရွေးကောက်ပွဲ မသမာမှုအပုပ်နံ့များ ထွက်ပေါ်လို့နေပါပြီ။ မြို့နယ်တိုင်းမှာ မဲစာရင်းကွာဟတာတွေ၊ ရပ်ကွက်တခု လမ်းတခုလုံး မဲစာရင်းပျောက်နေတာတွေ၊ သေသူများ ပြန်ရှင်လာတာတွေ၊ လူတဦးထဲနာမည်နဲ့ အယောက်တထောင်ကျော် ဖြစ်နေတာတွေ ပြောရရင် အောလဘုံ တိုက်နေတယ် (ဘပုရေ စကားခဏ ချေးသုံးခွင့်ပြုပါ)။ ၂၀၁ဝ ရွေးဂေါက်ပွဲတုန်းကလည်း ပုံပျက်ပန်းပျက် ကလိန်ကျမှုများ ရှိခဲ့ပေမဲ့ အန်အယ်လ်ဒီလို အင်အားတောင့်တဲ့ အတိုက်အခံပါတီ မပါဝင်လို့ အသံမထွက် နိုင်ခဲ့ဘူး။ ရွေးဂေါက်ပွဲကော်မရှင်ငှက်ကထ ဥတင်အေးက ပြီးခဲ့တာတွေ ပြီးပါစေတော့၊ ရှေ့ဆက်မဖြစ်အောင် လုပ်ပါမယ်တဲ့။ လွယ်လိုက်တာနော်.. အဲလို လုပ်လို့ရကြေးလား၊ တရားဥပဒေအထက် မည်သူမှ မရှိစေရဆို…။ လက်ရှိ မဲစာရင်းတွေသည် ၂၀၁ဝ ရွေးကောက်ပွဲ မဲစာရင်းများကို အခြေခံထားလို့ တရားဥပဒေကြောင်းအရ သိပ်အရေးကြီးတယ်။ ၂၀၁၂ စာရင်း […]


မြန်မာပြည်မှာ ဝန်ထမ်းတွေအတွက် ရှားပါးစရိတ်နဲ့ နေ့တွက်လုပ်ခတွေ တိုးပေးနေပြီတဲ့..။ ကျုပ်တို့ရွာသူားတွေကိုရော သဂျီးဘယ်လို လုပ်ပေးမှာလဲ။ သဂျီးမှာပဲ ပါးစပ်ပေါက်ရှိတာမဟုတ်.. ကျုပ်တို့မှာလည်း ရှိတယ်။ သဂျီးစားတတ်ဝါးတတ်သလို ကျုပ်တို့လည်းစားတတ် ဝါးတတ်တယ်၊ စားချင်ဝါးချင်တယ်..။ သဂျီးနောက်ဆုံးပေါ် ဇိမ်ခံကားစီးသလို ကျုပ်တို့လည်း ချယ်ရီဝက်ဂွန်လောက်တော့ အနည်းဆုံး စီးချင်တာပေါ့။ ဂေဇက်ရွာထောင်ပြီး ၂နှစ်လောက်အတွင်း သဂျီးသာ တိုက်ဆောက်ကားစီး ပုံစံပြောင်းသွားတယ်.. ရွာသူသားတွေမှာ ဒုံရင်းက ဒုံရင်းပဲ..။ သူ့လက်ဝေခံ လက်တဆုပ်စာ (အင်္ဂလိပ်လိုတော့ crony) လောက်ပဲ သိန်းနဲ့ချီရသွား ကျိကျိတက် ချမ်းသာသွားဂျတယ်။ ကျုပ်တို့ ခေါင်းပေါ်နင်းတက်သွားဂျတယ်။ ဘာလုပ်ပေးပါလို့ ပြောနေစရာ မလိုဘူး… သဂျီးဘက်က သိတတ်ရင် သိတတ်၊ နို့မို့လို့ကတော့.. မီးဒုတ် မီးဒုတ် ရှို့ရှို့….သဂျီးအီးတချက်ပေါက်ရင် ရွာမီးဟုန်းဟုန်းတောက်စေရမယ်..။ 👿


စစ်ထောက်လှမ်းရေးဟောင်း ဦးခင်ညွန့် ပုဂံကို ရောက်နတဲ့ သတင်း http://komoethee.blogspot.com/2012/03/blog-post_7743.html#links မှာဖတ်ရတယ်။ သူ့ဘုန်းကလည်း မသေးဘူးဗျ… ပြုတ်သွားတာတောင် လက်အုပ်ချီတဲ့သူတွေက ရှိနေတုန်း..။ သူနဲ့အတူ စင်ရော်မောင်မောင် (ထင်တာပဲ) ကိုလည်းတွေ့တယ်။ အဲဒီငတိကို ဒေါ်စုလွှတ်လာပြီးနောက်ပိုင်း ရုပ်ရှင်နယ်မှာ ဟောင်ဖွာဟောင်ဖွာလုပ်တာ မတွေ့တော့ဘူး။ ဦးသိန်းစိန်အစိုးရက မသုံးဘူးထင်ပါရဲ့…။ တိုင်ပြည်ကို ထောက်လှမ်းရေးကွန်ယက်နဲ့ နှိပ်စက်ကလူပြုသွားတဲ့ စစ်အာဏာရှင်ဟောင်းကိုတောင် လက်အုပ်ချီကြသေးရင် ကျုပ်တို့ရွာသားတွေ ပေါက်ကရရေးတာကို ပွိုင့်ပေးချီးမြှောက်နေတဲ့ သဂျီးဦးခိုင်ကို ဘဇာကြောင့် လက်အုပ်မချီသင့်ရမှာလဲ။။ နောင်ကို သူနဲ့ ဆက်သွယ်ရင် လက်အုပ်ချီဂျ။ စာနဲ့ရေးလို့ ပုံဖော်မပြနိုင်ရင် ထီးသုံးနန်းသုံး ဝေါဟာရနဲ့ အရိုအသေပေးရမယ်။ ကြောင်ကြီး အခုရေးပြတာကို နမူနာယူဂျ..။ မှန်လှပါသဂျီးမင်းဖလ.. သမီးတော်ခိုင်မင်းသမီးလေး ကျန်းမာတော်မူပါရဲ့လား..။ ကျွန်တော်မျိုး ငမိုက်သား ကြောင်ကြီးမှ လွမ်းဆွတ်သတိရကြောင်း ရွှေနားတော်သွင်း လျှောက်ထားခွင့်ပြုပါ..။ […]


ဘီဘီစီမြန်မာပိုင်း စာမျက်နှာမှာ “ရှားပါးသတ္တုပစ္စည်း တရုတ်တို့ကန့်သတ်မှု WTOကိုတိုင်ကြား” ဆိုတဲ့သတင်း ဖတ်လိုက်ရတယ်။ ဘီဘီစီ မြန်မာစာလုံးက ဇော်ဂျီစာလုံးမဟုတ်လို့ တိုက်ရိုက်ကူး တင်လို့မရဘူး။ အဲဒီထဲက ပြောချင်တာလေးကို ကောက်နှုတ်လိုက်ပါတယ်။ http://www.bbc.co.uk/burmese/news/2012/03/120313_rare_earths_complaints.shtml “တရုတ်နိုင်ငံဟာ ကမာ္ဘပေါ်မှာ ရှားပါးတဲ့ သတ္တု၉၅% ထိကြွယ်ဝတဲ့ တိုင်းပြည်ဖြစ်ပါတယ်။ အဲဒီသတ္တု၁ရမျိုးကို အိုင်ဖုန်းနဲ့ လျှပ်စစ်ကားလို ပစ္စည်းများ ထုတ်လုပ်ရေးမှာ အသုံးချပါတယ်။ အနှုတ် အသိမ်းအယူ အများဆုံးက အမေရိကန်နိုင်ငံဖြစ်ပါတယ်။ တရုတ်က အဲဒီသတ္တုတင်ပို့တာကို ထိန်းချုပ်ပြီး ကမာ္ဘ့ ဈေးကွက်မှာ ဈေးနှုန်းတက်အောင် လုပ်နေတယ်လို့ အမေရိကန်က စွတ်စွဲထားပါတယ်။ တရုတ်နိုင်ငံ ကလည်း ကမာ္ဘ့ကုန်သွယ်ရေးအဖွဲ့ချုပ် စည်းမျဉ်း စည်းကမ်းများနဲ့အညီ ထိန်းချုပ်တာလို့ တုံ့ပြန် ပါတယ်။ အလွန်အကျွံ တွင်းတူးမှုတွေကြောင့် ပတ်ဝန်းကျင် ထိခိုက်ပျက်စီးရတာကို ထိန်းချုပ်ဖို့ ဒီလိုသတ်မှတ်ချက်တွေ […]


မတ်လ၁၄ရက်နေ့ ညပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် ရုပ်မြင်သံကြားကနေ ရွေးကောက်ပွဲမဲဆွယ် စည်းရုံးရေးမိန့်ခွန်း လွှင့်မယ်လို့ အင်တာနက်သတင်းမှာ ပါတယ်။ ရုပ်သံမိန့်ခွန်းကိုလည်း အင်တာနက်မှာ ကြိုတင်ကြည့်ရှု နားထောင်နိုင်နေပြီ။ ဒေါ်စုမိန့်ခွန်းနဲ့ ပတ်သက်ပြီးတော့ လောင်းဂျေးစားဂျေး တခုထပ်ချင်တယ်…။ အဲဒီည တနေရာရာမှာ ပုံမှန်မဟုတ်ဘဲ မီးပျက်လိမ့်မယ်..။ ပွိုင့်၇၀၀၀ဝကြေး လောင်းမလား… လျှပ်စစ်ဝံကြောင် 😎


အခုတလော မြန်မာပြည်အနှံ့ မီးလောင်တဲ့သတင်းတွေ ဖတ်နေရတယ်။ ရပ်ကွက်ထဲလောင်လိုက် ဈေးမှာလောင်လိုက်နဲ့…. ရှစ်လေးလုံး အရေးတော်ပုံ မတိုင်ခင်က အတိုင်းပဲ..။ အဲတုန်းကလည် ဒီလိုပဲ ဟိုရပ်ကွက်မှာလောင်လိုက် ဟိုမြို့မှာလောင်လိုက် ဟိုဈေးမှာလောင်လိုက်နဲ့… အယူသည်းတာတော့ ဟုတ်ဘူးနော်…သို့ပေမဲ့ လူမစွမ်းနတ်မဆိုတဲ့ စကားရှိတယ်။ လူတွေ မလုပ်ရဲရင် အစောင့်နတ်တွေက လှုံ့စော်ပေးရတယ်။ ရဲဆေးတင်ပေးရတယ်ပေါ့ဗျာ.. လူလိုဆိုရင်တော့ အရက်တိုက်ပြီး မြှောက်ပေးတာပေါ့။ အပြောင်းအလဲ ကြီးကြီးမားမားတခု မကြာခင် လာဖို့ရှိနေတယ်။ ဒုတိယအကြိမ်မြောက် ရှစ်လေးလုံးတော်လှန်ရေး သမိုင်းတပတ်ပြန်လှည့်လာပြီ..။ အဲလို ဖြစ်စေဖို့ အခြေခံအကြောင်းတရားများလည်း ရှိနေတယ်။ တိုင်းပြည်ဆင်းရဲငတ်ပြတ်နေတယ်၊ ဦးသိန်းစိန်အစိုးမရမှာ နိုင်ငံရေး စီးပွားရေး မယ်မယ်ရရ ဖြေရှင်းချက် မရှိဘူး။ လေပဲရှိတယ်..လေထိုး လေလျော်တဲ့ခေတ် ကုန်သွားပြီ။ ပြီးခဲ့တဲ့ ၂၀၁ဝ ရွေးကောက်ပွဲ လိမ်ခဲ့သလို အခု ၂၀၁၂ ရွေးကောက်ပွဲမှာလည်း […]


ရွေးကောက်ပွဲ စည်းရုံးရေးခရီး ပြန်လာတဲ့ ဒေါ်စုယာဉ်တန်း နေပူတော အပြန်လမ်းမှာ ခဲအပေါက်ခံရတာ အဲဒီနေရာမှာ ပထမဆုံးအကြိမ် မဟုတ်ဘူးတဲ့။ အယင်ကလည်း သံရုံးကားနဲ့ လူကြီးကားတန်းလည်း အဲသလို အပစ်ခံရဖူးသတဲ့။ တောင်ငူမဲဆွယ်ပွဲမှာလည်း ဂျင်ကလိနဲ့အပစ်ခံရလို့ အန်အယ်လ်ဒီ လုံခြုံရေးအဖွဲ့ဝင်နှစ်ဦး ဆေးရုံတင်ထားရကြောင်း အခြားသတင်းတခုမှာဆိုတယ်။ အန်အယ်လ်ဒီ ရွေးကောက်ပွဲ ဆိုင်းဘုတ်နှစ်ခုလည်း ဓါးလှီးအဖျက်ခံရတယ်။ စစ်တပ်အုပ်ချုပ်လို့ တိုင်းပြည်ငြိမ်ဝပ်ပိပြားပြီမှတ်တာ အထင်နဲ့အမြင် တက်တက်စင် လွဲသဗျို့။ ဒီပုံဆို ကမာ္ဘလှည့်ခရီးသည်များ လုံခြုံရေး အများကြီး စိုးရိမ်ရတယ်၊ သွားမလည်ဂျရင်ကောင်းမယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက်လည်း လုံခြုံမှု မရှိဘူးဖြစ်နေပြီ။ ကြေးမုံလေးရေ နင့်အမျိုး မဟုတ်တရုတ်ကြီး လုပ်ငန်းတွေကြတော့ ဘာဖြစ်သံမှ မကြားပါလား။ လူချစ်လူခင်သိပ်ပေါလို့ ထင်တယ်နော်…။ 🙄 http://www.thithtoolwin.com/2012/03/blog-post_8286.html ဒေါ်အောင်ဆန်းစုကြည် ယာဉ်တန်းတိုက်ခိုက်ခံရကြောင်း ဦးခွန်သာမြင့် အတည်ပြုပြောကြား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်၏ […]


“ဦးကြောင်ကြီး ကျန်းမာပါစေ..ဦးကြောင်ကြီး ကျန်းမာပါစေ” သိန်းချီသော လူထုကြီး ခြေလျင်တမျိုး ဆိုင်ကယ် စက်ဘီးများနှင့်တဖုံ၊ မော်တော်ယဉ်တန်းဖြင့်တသွယ် လေဆိပ်အထွက် မိန်းလမ်းကြီးမတလျောက် ညီညာဖြဖြ ကြွေးကြော်ရေရွတ်ရင်း အောင်စည်အောင်မောင်းများတီး၍ ချီတက်လာသည်။ လေယာဉ် ဆင်းလျင်ဆင်းခြင်း မန်းမြို့သူ အလှပဂေး ပုရှ်သခင်မလေး နှင့် မိုးစက်သခင်မလေးတို့မှ ပန်းကုံးစွပ်ကာ ခရီးဦးကြိုဆိုပြုသည်။ ပုရှ်လေးက ထမီစကပ်အလယ်ခွဲ လက်ရှည်အကျီင်္လေးနှင့် မြန်မာဆန်ဆန် မြင်သူငေးအောင် လှပနေသလို မိုးစက်လေးကလည်း ပိုင်ဝေဂါဝန်ရှည်ဘေးခွဲနှင့် ရေရေလည်လည် ဟော့တ်ပြနေသည်။ ဦးကြောင်ကြီးမှ ၎င်းတို့နှစ်ဦးအား အားနာပါးနာဖြင့် အမိုးဖွင့်ကားပေါ်ဆီသို့ ပွေ့ဖက်ချီတင်ခေါ် လိုက်ရသည်။ (မှတ်ချက်၊ ကားမှာ အတန်ငယ် မြင့်နေသည်ကတကြောင်း၊ အချိန်ငဲ့ကွက်ရသည်ကတကြောင်း) ထို့နောက် ဟောပြောပွဲ လုပ်မည့်နေရာသို့ ကားဘီးတဘီးချင်းလှိမ့်ကာ ထွက်ခွာသည်။ မိုးကလည်း တဖွဲဖွဲရွာနေပေ၏။ မျက်လုံးပေကလပ် ပေကလပ်နှင့် အနားကပ်ရန် […]


ဒီနေ့ ဒီဗွီဘီသတင်းမှာ စစ်ကိုင်းတိုင်း ကသာခရိုင် အမျိုးသားလွှတ်တော် (Upper House) အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ဦးစောလှိုင်ကို ရွေးဂေါက်ပွဲကော်အသေမှ လက်မခံပယ်ဖျက်ကြောင်း ဖတ်ရပါတယ်။ ကာယကံရှင်၊ မိဘနှစ်ပါးစလုံး နိုင်ငံသားဖြစ်ရမည့် အချက်နဲ့ ငြိစွန်းကြောင်း ကြက်ဖွတ်ပါတီမှ တိုင်တယ်လို့ သစ်ထူးလွင်သတင်းမှာ ရေးထားတယ်။ ဦးစောလှိုင်သည် ၁၉၉ဝခုနှစ်ရွေးကောက်ပွဲတုန်းမှာ အရွေးကောက်ခံ ပြည်သူ့လွှတ်တော်အမတ် ဖြစ်ခဲ့ပြီး အခု၂၀၁၂ခုနှစ်ကြမှ ဘယ့်နှယ်လုပ် ရွေးဂေါက်ပွဲဥပဒေနဲ့ မကိုက်ညီ ဖြစ်သွားရလည်း အစဉ်းစားရခက်လှတယ်။ အတည်ဖြစ်ရင် ပေးထားတဲ့ မစို့မပို့ ၄၈နေရာ (အထက်၊ အောက်၊ ဒေသလွှတ်တော် နေရာစုစုပေါင်း တထောင်ကျော်မှာ) ကြားဖြတ်ရွေးဂေါက်ပွဲမှာ ရှင်နည်းရာ အဂ္ဂလူအထွက် ခံရပါဦးမယ်။ ဒေါ်စု ဘာလုပ်မှာလည်း..။ ထိုင်ခုံတထောင်ကျော်မှာ တနေရာ ဝ.၁ရာခိုင်နှုန်း မရှိဆိုပေမယ့် လေးဆဲ့ရှစ်နေရာ အမြင်နဲ့ကြည့်ရင် ၂ရာနှုန်းထက် […]


တိုင်းရေးပြည်ရာ မငြိမ်မသက်ဖြစ်နေကြသဖြင့် မြို့မီးလောင် တောကြောင် လက်ခမောင်းခတ် စကား ရှိသည့်အတိုင်း ကြောင်ကြီးမှ လူသားများကို အုပ်ချုပ်ဗိုလ်လုပ်လျက်ရှိသည်။ သူ့အား မဟာကတ်ချုပ်ကြီးဟု တလေးတစား ခေါ်ကြသည်။ ကတ်ချုပ်ကြောင်ကြီး လက်ထက်တွင် တိုင်းပြည်တိုးတက်စေရန် အမျိုးမျိုးသော ပြည်တော်သာ စီမံကိန်းများ ချမှတ်ဆောင်ရွက်သည်။ တိုင်းပြည်ကို ပြည်ထောင်စု ကြောင်ကိုတ မဟာကတ်ချုပ် နိုင်ငံတော် ဟုခေါ်တွင်စေပြီး အစိုးရအဖွဲ့တွင် ကတ်ချုပ်ကြောင်ကြီး ဥက္ကဌ၊ သမီးလေး ဝတ်မှုံမိုးမြင့် တွင်း-၁၊ သမီးလေး စံရတီရွှေရည် တွင်း-၂ များအဖြစ် အသီးသီး ခန့်အပ်သည်။ ( တွင်း = အတွင်းရေးမှူး) ပို့ဆောင်ရေးကဏ္ဍအတွက် မည်သည့်နိုင်ငံတွင်မှ မရှိသေးသော မြေအောက်လှည်းလမ်းကို ကြွက်အကူညီဖြင့် ဖောက်သည်။ ဆင်းရဲချမ်းသာ ကွာဟချက် ကျဉ်းမြောင်းစေရန် အိမ်တိုင်းတွင် သရီးဒီ ရုပ်မြင်သံကြားစက်များ […]


လတ်တလော သတင်းတွေမှာ အောက်လွှတ်တော်ငှက်ကထ ဦးရွှေမန်းရဲ့ လက်ရှိနိုင်ငံရေး အနေအထားအပေါ် ပွင့်လင်းတဲ့ ဝေဖန်ချက်များ၊ အဆိုပြုချက်များ မီဒီယာတွေမှာ ဖတ်ရပါတယ်။ ဒါ စစ်တပိုင်းအစိုးရအတွင်း အကွဲအပြဲလား၊ ပါတီတွင်း ဒီမိုကရေစီပုံစံ လုပ်ပြနေတာလား၊ ဘာလား ညာလား တခုခုပဲ။ အကြောင်းအရင်းခံ တခုခု သေချာပေါက်ရှိရမယ်။ အချို့ကလည်း အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေး နှစ်ပိုင်း အားပြိုင်နေပြီ၊ အစိုးမရ အဖွဲ့အတွင်းမှာကို နှစ်ဖွဲ့သုံးဖွဲ့ကွဲနေတယ် စသဖြင့် ပြောကြတယ်။ မိုးပေါ်က သိကြားမင်းကို နိုင်ငံရေးနဲ့ နတ်ပြည်ရေး မရောထွေးအောင် ဖယ်ထားရင် တကယ်သိနိုင်သူများဆိုလို့ နေပြည်တော်မှာ ကတုတ်ကျင်းတူး ပုန်းနေတဲ့ စီနီယာတက်ခြုပ်ကျီးနဲ့ အမေရိကန်စီအိုင်အေ နှစ်ဦးသာ ရှိပါမယ်။ စစ်အုပ်ချုပ်ရေးကနေ အရပ်သား အုပ်ချုပ်ရေးပုံစံကိုပြောင်းတော့ ဦးရွှေမန်းကို ပြုပြင်ပြောင်းလဲရေးသမားအဖြစ် ပုံဖော်ထားခဲ့တယ်။ အဲဒီအယင် ၂၀၀၄ခုနှစ်မှာ […]