အခုတလော မြန်မာ့သတင်းတွေမှာ ငါးထောင်တန် မိုဘိုင်းဖုံးသတင်းများ ဆူညံနေတာမို့ ဘယ်လိုတတပ်တအား ဝင်နှောက်ရမလည်း စဉ်းစားမိတော့ best buy အီလက်ထရောနစ်စတိုးမှာ လျော့ဈေးရောင်းနေတဲ့ ဆမ်ဆောင်းအမျိုးအစား အေတီအန်တီ လက်ကိုင်ဖုံးဆက်ကို တွေ့ပါတယ်။ တလုံး ၂.၉၉ဒေါ်လာ အရောင်းခွန်ပေါင်းပါမှ ၃ဒေါ်လာ၂၆ဆင့်န် ကျသင့်ပါတယ်။ ဖုံးထဲမှာ ဆင်းမ်ကတ်နဲ့ ဘက်ထရီ၊ ဘက်ထရီကြိုး ပါရှိပါတယ်။ သုံးချင်ရင်ဖုံးကို အက်တီဗိတ်လုပ်ပြီး ပိုက်ဆံကဒ် ဝယ်ယုံပါပဲ။ တမိနစ်ကို ဆယ်ဆင့်န်ပါ။ ပြည်တွင်းက ရွာသားများ မုဒိတာပွားနိုင်အောင်လို့ပါ။ အခြား စမတ်ဖုံးများကတော့ ဈေးလည်းမချို၊ ပြီးတော့လည်း ဒေတာသုံးကြေးပေးရမယ့်အပြင် ၂နှစ်စာချုပ်ပါချုပ်ရမှာဖြစ်လို့ ပြောမပြတော့ပါဘူး။ ဖုံးအမျိုးအစားနဲ့ အချက်အလက်များကို အောက်မှကြည့်ကြပါ။ ပြည်တွင်းမှာ သုံးရမရ ပညာရှင်များ ဖုံးဖရီကွင်န်စီကို ကြည့်ရင်သိပါလိမ့်မယ်။ တခုတော့ရှိတယ် ယူအက်စ်ကဖုံးတွေက ကွန်ပြူတာနဲ့ချိတ်ဖို့ UBS မပါလို့ […]


ဗဟုအဖွဲ့ခေါင်းဆောင်များ မြန်မာပြည်သွားသောသတင်း ရွာထဲတွင်အုတ်အော်သောင်းနင်း ဖြစ်နေကြသည်။ ရွာသားကြောင်ကြီးမှ ခရုအဖွဲ့ ချက်ခြင်းထောင်သည့်နည်းတူ မဆဲမနေနိုင်သူ ကိုအောင်ပုမှ လအုအဖွဲ့၊ လတူချူသိမ် မာမီဖြိုးမှ အတုအဖွဲ့၊ ဂျပန်အခြေစိုက် ဏှူးဘာဂိုဏ်းဝင်မောင်ဂီမှ ဂလုအဖွဲ့၊ ပစ်စုပ်ပံဂိုဏ်းသား မောင်ဂွမှ မရှုအဖွဲ့၊ အရပ်နိမ့်သူများက ငပုအဖွဲ့၊ ကဗျာပိုးထသူများက ရတုအဖွဲ့ အသီးသီးဖွဲ့ ပြည်တော်ပြန်ရန် စိုင်းပြင်းကြလေသည်။ လေဥအဖွဲ့ဟု လူအများ ဝေဖန်သော ပညာရှင်လေးဦး ခေါင်းဆောင်သည့် ဗဟုအဖွဲ့မှာ အဘတက်ခြုပ်ကြီး ခေတ်တွင် ရွှေဥဖြစ်ဖို့ ကံမပါသဖြင့် လွဲခဲ့ရသော်လည်း ယခု သံမဒဂျီး လက်ထက်တွင်မူ သိမ်းငှက်ဥဖြစ်ရန် အခွင့်အလမ်းများ ပေါ်ပေါက်နေသည်။ မည်သည့်ဥပင် ဖြစ်ပစေ အကောင်အထည် မရှိသော လေဥထက် ပိုကောင်းသည် မဟုတ်ပါလော။ ဘာလုပ်လုပ် အလွန်နှေးသဖြင့် ခရုဟု အမည်ပေးခံရသူ ဦးကြောင်ကြီးမှာ […]


ဘားမိစ်ကလပ်စစ် ဓမ္မအမေးအဖြ ကဏ္ဍမှာ အခုလို မေးတာတွေ့တယ်။ ဗုဒ္ဓဝါဒမှာ ငါအတ္တ၊ ဝိညာဉ်၊ ရုပ်ခန္ဓာ မရှိဘူးဆိုရင် ဘဇာကြောင့် ဘဝအသစ်ပြန်ဖြစ်ခြင်းကို လက်ခံသလဲလို့ ဖီလော်ဆိုဖီအတန်း ဆရာမရဲ့ ဝေဖန်ချက်ကို အမေရိကန် ဘာသာရေးတက္ကသိုလ် တခုမှာ ကျောင်းတက်နေသူ ဗုဒ္ဓဘာသာဝင် မြန်မာတဦးက သက်ဆိုင်ရာ ဆရာတော်များကို ဇန်နဝါရီ ၃၁ရက်နေ့စွဲနဲ့ အင်္ဂလိပ်လို မေးထားတာပါ။ အကျင့်စရဏ မပါရင် နားလည်ဖို့ အတော်ခက်တဲ့ မေးခွန်းဖြစ်ပြီး အပေါ်ယံကြောသိသူ များပါမယ်။ ဒီကြားထဲ အင်္ဂလိပ်လို ရှင်းပြရင် နားလည်မှု ပိုလွဲနိုင်တယ်။ ငါအတ္တ ဝိညာဉ်ကောင် အယူဟာ ဟိန္ဒူဝါဒဖြစ်ကြောင်း ဖြေရှင်းချက်များရှိပေမဲ့ ပြောတုန်းခဏ အသိတရားရပြီး မျက်ကွယ်ရောက်တာနဲ့ ဝိညာဉ်ကောင် ရှိနိုးနိုးအယူ ပြန်ဖြစ်တတ်ကြတယ်။ ဗုဒ္ဓဝါဒအယူမှာ ဘဝဖြစ်စဉ်ကို ပိုးကောင် သွားသလို […]


“မန်းလေပြဲလေဂေဇက်ရွာ ဂျောက်ထဲကျမည့်ဘေး လက်မတင်လေးအလိုတွင် ကတ်မတော်မှ ရွာတာဝန်များကို မလွှဲမရှောင်သာ လွှဲပြောင်းယူလိုက်ရသည်။ ပုံ- ကတ်ချုပ်ကြောင်ကြီး” တီဗွီရေဒီယို မီဒီယာ သတင်းဌာနများမှ ဂေဇက်ရွာ အာဏာသိမ်းပွဲ သတင်း ပျံ့လွှင့်လာနေသည်။ ဟုတ်၏ မှန်၏။ ဇိမ်ဘုန်းဂျီးလူထွက် ဂေဇက်ရွာသဂျီး အာဏာရှင်ဦးခိုင်အား ဖြုတ်ချပြီး ရွာဝပ်ငြိမ်ပြားပိရေးအဖွဲ့ ငါးကြော်ကြောင်စာ ၁/၂၀၁၂ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ သဂျီးဦးခိုင် ဂျပန်ဘီယာနှင့် ကိုဘေးနွားကင်နှင့် စားသောက်မူးယစ် အိပ်ပျော်နေစဉ် ကြွက်ခလေး စာခလေး ကြောင်ဖမ်းသလို အလွယ်တကူ ခုတ်ယူဖမ်းဆီးခြင်း ခံလိုက်ရသည်။ ဝါးရင်းတုတ် ဗိုလ်ဖြိုးဦးစီးသည့် အပျိုစင်ဂျော်လကီး ကိုယ်ရံတော်တပ်ဖွဲ့မှာလည်း အာဏာသိမ်းပွဲကို တားဆီးရန်ဝေးစွ၊ ဘောလုံးဝိဇ္ဇာကပေ၏ ပရီးမီးယားလိဂ်ဘောပွဲ ခန့်မှန်းချက် တက်တက်စင်အောင်လွဲသဖြင့် စိတ်ဓာတ်ကျကာ ကိလေသာစိတ်ပင် မထနိုင်ကြ။ ထောက်လှမ်းရေးမူး BEDC ဗိုလ်စိန်ပေါက်မှာလည်း အာဏာသိမ်းရန် […]


ဒီနေ့ ကိုစိုးဝင်းထွဋ်ဆိုက်မှာ တင်ထားတဲ့ ဆရာမ မချစ်မြတ်နိုး ရှင်းပြတဲ့ တရားတွေကို နာမိတော့ တရားတော် အနှစ်သာရနဲ့ အထင်အားဖြင့် ထပ်မံ နီးစပ်ခွင့်ရတယ်။ တရားဓမ္မ အခြေခံရှိသူ ရွာသားများလည်း နာကြားဖို့ စေတနာရှေ့ထား ဝေငှပါတယ်။ ၃၈ဖြာ မင်္ဂလာတရားတော်ပါ ကာလေန ဓမ္မဿဝနံ သင့်တော်သော အခါ၌ တရားနာကြားခြင်း ဆိုတဲ့အတိုင်း ခန္ဓာညဏ်ရောက် တရားဓမ္မကို လူ၊ ပုဂ္ဂိုလ်မ မစွဲ နာကြားခြင်းအားဖြင့် ကံကုသိုလ်၊ ညဏ်ကုသိုလ်များ ယူနိုင်ကြဖို့ပါ။ မစွဲဖို့ ပြောသာပြောရတယ် ကျနော်တို့လို ပုထုဇဉ်များအတွက် ပုဂ္ဂိုလ်ခင်မှ တရားမင်တာ ထုံးစံဖြစ်ပါတယ်။ သို့ပေမယ့် ဂေါတမဘုရား သာသနာတော်နဲ့ တွေ့မှီနေပါလျက် သာမန် ဒါန သီလ သမထ တရားအဆုံးအမများ၊ ဓမ္မတာ ဘာဝနာပွားခြင်း နည်းနာနိဿယများနဲ့ […]


မြန်မာနိုင်ငံသံမဓ ဦးကြောင်ကြီးအား အမေရိကန်အခြေစိုက် မလေးဂွေယှက်မဂ္ဂဇင်း အယ်ဒီတာချုပ် ဂျော်လကီယာခိုင်မှ ယနေ့နံနက် ကိုးနာရီအချိန်က နေပြည်တော်ရှိ သံမဓအိမ်တော် ဧည့်ခန်းမဆောင်တွင် လာရောက်တွေ့ဆုံသည်။ လိပ်ခေါင်းနှင့်အတူ လေးဖက်နာ၊ ကျီးပေါင်းတက်၊ သွေးတိုး၊ ဆီးချိုရောဂါများလည်း ပါရှိသည်။ တွေ့ဆုံမေးမြန်းချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။ (မှတ်ချက်။ မေးမြန်းသူခိုင်မှာ ဂေး ဖြစ်သောကြောင့် မေးမြန်းသည့် အသုံးအနှုန်းအပေါ် နားလည်မှု ပေးကြပါ။) ခိုင် – ပြုပြင်ပြောင်းလဲရေး ဖြစ်ပေါ်ဖို့ အမာခံတွန်းအားက ဘာပါလဲရှင့်… ကြောင် – ဝါယောဓာတ်ဖောက်ပြန်မှု ဖြစ်ပါတယ်။။ ခိုင် – တိုင်းပြည် အနာဂတ်ကို ခန့်မှန်းပေးပါရှင့်… ကြောင် – ဓာတ်ကြီးလေးပါး ဆက်လက်ဖောက်ပြန်မှာ ဖြစ်တယ်။။ ခိုင် – ဥပမာ ပေးစေလိုပါတယ် သံမဓဂျီး… ကြောင် […]


ဒေါ်စု ခရီးထွက်ရင် လူထုကို အခါအားလျော်စွာ ကားပေါ်တက်ပြီး လက်ပြနှုတ်ဆက်တာ သတင်းဓာတ်ပုံများမှာ တွေ့ဖူးတယ်။ သူစီးတဲ့ကားက အိမ်စီးအဖြူရောင် ဆလွန်းကားလေးဆိုတော့ အဆင်မပြေဘူး။ ကားနောက်ခန်းတံခါးကိုဖွင့်ပြီး ကားကြမ်းပြင်ပေါ်တက် မျက်နှာပြရတယ်။ အခုဆိုရင် ရွေးကောက်ပွဲလည်း နီးနေပြီမိုလို့ မကြာခဏ မော်တော်ကားစီး ခရီးထွက်ရဖို့ ရှိပါမယ်။ အခုကားလေးက ဟိုသွားဒီသွားလောက်ပဲကောင်းတာမို့ လူထုနဲ့လည်း နီးနီးကပ်ကပ် ထိတွေ့လို့ရ ခရီးသွားဖို့လည်း ပိုသင့်တော်မယ့် ကားခေါင်မိုး sunshade အဖွင့်အပိတ်ပါတဲ့ ဖိုးဝှီးဒရိုက်ဗ်ကားမျိုးဖြစ်ဖြစ်၊ ဆလွန်းကားဖြစ်ဖြစ် အသစ်ထပ်ဝယ် ဒါမှမဟုတ် လက်ရှိကားနဲ့လဲစီး ဒါမှမဟုတ် နိုင်ငံခြားလုပ်ကားဈေး သိပ်ကြီးတယ်ဆိုရင်လည်း စက်ကောင်း အကြမ်းခံ အဲယားကွန်းလိုမျိုးပါတဲ့ ပြည်တွင်းဖြစ် ကြားတစီးစီး ရွေးချယ်ဖို့ အကြံပြုချင်ပါတယ်။ ဒေါ်စု အခုစီးနေတဲ့ကားကို အများပြည်သူကို လေလံပစ်ပြီး ရလာတဲ့ အပိုဆောင်းငွေများဖြင့်လည်း ကားသစ်တစင်း ဝယ်ယူနိုင်မယ်ထင်ပါတယ်။ […]


ဒီနေ့ အင်တာနက်သတင်းများမှာ ကြားဖြတ်ရွေးကောက်ပွဲနဲ့ဆိုင်လို့ သတင်းအချို့ ဖတ်ရပါတယ်။ (၁) ပြန်လွတ်လာတဲ့ အက်စ်အန်အယ်ဒီခေါင်းဆောင် ဦးခွန်ထွန်းဦးကို ရှမ်းကျားဖြူပါတီမှ ပါတီနှစ်ရပ်ပေါင်းပြီး လားရှိုးမြို့နယ် ကိုယ်စားပြုဝင်ပြိုင်ဖို့ ကမ်းလှမ်းချက်နဲ့ ရွေးကောက်ပွဲ မဝင်ဘဲနေခဲ့တဲ့ တိုင်းရင်းသားပါတီများ ပြန်လည် မှတ်ပုံတင်ရန်ရှိခြင်း (၂) မိထ္ထီလာမြို့နယ် အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းအဖြစ် ပါတီဗဟိုမှ ဦးဝင်းထိန် (အန်အယ်လ်ဒီ ရုံးအဖွဲ့မှူး)အား ရွေးချယ်လိုက်ခြင်းကို မြို့နယ်အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးမှ စိန်ခေါ်ကာ တသီးပုဂ္ဂလ အရွေးခံမည်ဆိုခြင်း။ ဧရာဝတီတိုင်း မြန်အောင်မြို့နယ်မှာလည်း အလားတူ ပြသနာ ရှိနေတယ်။ http://burmese.dvb.no/archives/20131 (၃) နေပြည်တော် နယ်မြေများမှာ အဆိုတော် ကိုဇေယျာသော်နဲ့ လတ်တလော ပြန်လွတ်လာသူ မျိုးဆက်သစ်များ အန်အယ်လ်ဒီပါတီမှ ဝင်အရွေးခံပါမယ်။ ကိုယ်စားလှယ်လောင်းရွေးတာနဲ့ ပတ်သက်ပြီး သဘောထား တင်းမာသူများကို မရွေးဘူးလို့ ဒေါ်စုမှာ […]


အမေရိကန်သဂျီး လေသံကြီး ရွှေဖျံကွီး စေတန်အထီး၊ ဂလေနံစီး ဖြေရန်ပုတီး ဟေမန်ငြီး ဝေဖန်ရွှီး၊ ငွေလျှံမီး ခြွေရံသီး ပေခံပြီး ကြွေအံတီး၊ ဆွေမချန်လှီး ထွေမာန်ဖီး ရေဆန်ခရီး မြေလှန်သတည်း..။ ပန်ကြားချက်။။ ပုဆိန်ရိုး သဂျီးကို ဝိုင်းဆဲဂျကွာ..။


“ပြင်သစ်သံရုံး၏ မဆင်မခြင်လုပ်ရပ်လော၊ မတော်တဆလော France” မူလတင်ထားတဲ့ ခေါင်းစဉ်ဖြစ်ပါတယ်၊ ကွန်းမန့် ဆဲ့ငါးခုလောက်ရအပြီးမှာ ဗားမားဗွီဂျေမီဒီယာရဲ့ ဗီဒီယိုဖိုင်ကို ကြည့်လိုက်ရတော့ ထင်သလိုမဟုတ်ဘူးဆိုတာ တွေ့ရလို့ ခေါင်းစဉ်ကို ပြင်လိုက်ပါတယ်။ မူလအရေးအသားတွေကိုတော့ မှတ်တမ်းအလို့ငှာ မဖျက်ဘဲထားသေးပါတယ်။ လိုအပ်ရင်၊ တောင်းဆိုသူရှိခဲ့ရင် ဖျက်ပေးပါမယ်။ လက်အုပ်ချီထားသူ သံဃာရုပ်ထုသာမက အပူဇော်ခံနေသူ အခြားသံဃာရုပ်ထုတပါးလည်း ရှိကြောင်း သက်သေပြထားတဲ့ ပုံရိပ်ကို ကွန်းမန့်၁၃ခုမြောက် ရွာသဂျီး ဦးခိုင်ပေးတဲ့ မှတ်ချက်မှာ တွေ့နိုင်ပါတယ်။ ဒီနေ့မနက် မဇ္ဈိမသတင်းမှာတင်ထားတဲ့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးမှ ပြင်သစ်နိုင်ငံရဲ့ အမြင့်ဆုံးဂုဏ်ထူးဆောင်တံဆိပ်ကို ဒေါ်အောင်ဆန်းစုကြည်အား ပေးအပ်ချီးမြှင့်ပွဲအခမ်းအနား ဓာတ်ပုံကို ကြည့်ပြီး ရွာထဲက ရုပ်ဝါဒီ အတ္တသဂျီးဦးခိုင်ကို သတိရလို့ တင်လိုက်ပါတယ်။ ကမာ္ဘ့အင်အားကြီး ဒီမိုကရေစီစနစ်ဦးဆောင် နိုင်ငံတနိုင်ငံဖြစ်တဲ့ ပြင်သစ်နိုင်ငံအနေနဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အပေါ်အသိအမှတ်ပြုထောက်ခံမှုကို ကျေးဇူးတင်ပါတယ်။ (အချို့ကလည်း […]


ကြောင်ကြီး၏ အမှုကား ပေါ့ပေါ့သေးသေးမဟုတ် အမြင့်ဆုံးပြစ်မှုဖြစ်သည့် နိုင်ငံတော်ပုန်ကန်မှု ဖြစ်သည်။ ပလက်ဖောင်းပေါ်တွင် ခင်းရောင်းနေသော နိုင်ငံမြေပုံအား အညောင်းဆန့်ရာမှ ကန်မိသွား၍ အဆွဲခံရခြင်း ဖြစ်သည်။ အမှန်စင်စစ် ကြောင်ကြီးအား ရန်ညှိုးရန်စရှိထားသော မမှန်၏ အကွက်ဆင် လုပ်ကြံမှုဖြစ်သည်။ ဝဋ်ရှိ၍ ခံရသည်မှာ “မိန်းမလှအမုန်း ငပိတုံး” ဆိုရိုးအတိုင်း ပြင်းထန်စူးရှ လွန်းလှသည်။ ကြောင်ကြီးကား သီးခံခြင်းတရား လက်ကိုင်ထားလျက် မေတ္တာပွားသည်မှတပါး စိုးစဉ်းမျှ မတုန်လှုပ်ချေ။ စင်ကြယ်မြင့်မြတ်သော သူတော်ကောင်း ဖြစ်ပေ၏….။ မမှန်နှင့် ကြောင်ကြီး လဘက်ရည်ဆိုင်တွင် နောက်ဆုံးကျန်သော ပဲပြုတ်နံပြား လုကြရင်း နင်ပဲငါစား ကတောက်ကဆဖြစ်ခဲ့သည့် ကျောင်းတော် ရန်စရှိခဲ့ဖူးလေသည်။ မြန်မာကုန်ပစ္စည်းများ တရုတ်သို့ သွင်းသည့်အခါ တွင်းထွက်သယံဇာတ အဖိုးတန်များဖြစ်ပြီး ၎င်းတို့ဖက်မှ ပြန်ပို့သောအခါ ဆေးဝါးအတု အစားအစာအတု ဘိလပ်မြေအတု […]


စေတနာသဒ္ဓါထက်သန်၊ မထက်သန် ရွာသူရွာသားများခင်ဗျား..ဂေဇက်ရွာအွန်လိုင်း နာရေးအသင်းအတွက် (virtual death only) သဂျီးဝမ်းမနာသား ဦးကြောင်ပြုလုပ်မည့်အလှူတွင် တတပ်တအားနဲများမဆို ပါဝင်လှူဒါန်းကြဖို့ ဖိတ်ခေါ်အပ်ပါသည်။ အလှူနာယက ဦးဆောင်ပုဂ္ဂိုလ်များအဖြစ် ဝတ်မှုန်ရွှေရည်နျင့် စမ်းစမ်းခမ်းလှိုင်တို့ နှစ်ဦး ဆောင်ရွက်ပေးကြပါမည်။ ဧည့်ခံဖျော်ဖြေရေး အစီအစဉ်အဖြစ် လက်ဝှေ့ကျော် တုံးကျော်မှ အသည်းကောင်း၍ ပွဲတောင်းလာသူများကို ဘာမထီ ယှဉ်ပြိုင်ထိုးသတ်ပေးမည်ဖြစ်ကြောင်း သိစေအပ်ပါသည်။ ပထမဆုံး virtual သေသူ ရွာသားကြောင်ကြီး (အသက် ၁၀၁နှစ်) အလှူငွေလျာထားချက် မြန်မာကျပ်ငွေသိန်းတထောင် (သို့မဟုတ်) ဒေါ်ါ်လာတသိန်းနှစ်သောင်းငါးထောင် မှတ်ချက်။ ရွေငွေ အဖိုးတန်ပစ္စည်းများ လှူဒါန်းပါက ကာလပေါက်ဈေးအရ တန်ဖိုးသင့်ဈေးဖြတ်ပါမည်။ မြန်မာငွေကျပ်ဆယ်သိန်း (သို့မဟုတ်) ၎င်းငွေနှင့်ညီမျှသော ဒေါ်လာလှူဒါန်းသူတိုင်းကို သဂျီးဦးခိုင်မှ အဂ္ဂမဟာဓာတ်ကျသဗျာဘွဲ့ ချီးမြှင့်ပေးပြီး ရွာ၏ ကြက်သရေဆောင်များဖြစ် အသိအမှတ်ပြုပေးပါမည်။ အလှူရှင်ဦးကြောင်ကြီး 🙂


၂၀၁၁ခုနှစ် အထူးခြားဆုံး ပုဂ္ဂိုလ်ဆုကို ဖွတ်အလကားဂျာနယ်မှ မျက်နှာလိုအားရ ပေါချောင်ကောင်း စက္ကူသွင်းခွင့်မျှော်၍ ဒီပုပ်ထဲမှဒီပဲ ဆိုသူအား ရွေးချယ်လိုက်လေရာ ၎င်းဂျာနယ် အဓိကပြိုင်ဖက် (အတိအကျ ပြောရင် နှာတဖျား အသာတွင်ရှိသည်) မန်းတာလေဂေဇက်ဒေါ့ကွန်းမှ အားကျမခံ ၂၀၁၁ခုနှစ်၏ အထူချာဆုံး ပုပ်ကိုယ်စုတ် ကို အယ်ဒီတာချုပ်မှူးကြီး ဦးကြောင်မှ သံမဒဂျီး ဦးကြောင်ချီးအား ရွေးချယ်လိုက်သည်။ ဂေဇက် အတိုင်ပင်ခံ အယ်ဒီတာအဖွဲ့နှင့် အမှုဆောင်အယ်ဒီတာအဖွဲ့တို့မှလည်း ကန့်ကွက်ခြင်း အလျဉ်းမရှိကြပေ။ (မရှိဆို အဆိုပါ အဖွဲ့များ လုံးဝမရှိခြင်းဖြစ်သည်။) သံမဒဦးကြောင်ချီးသည် နှစ်ပေါင်းငါးဆယ်ကျော်အတွင်း စစ်ဗိုလ်ပေါင်းများစွာအနက် ပြည်သူ့အသံကို နားရွက်ဖြင့် ကြားရမှန်းသိသူ ပထမဆုံး စစ်ဗိုလ်ချုပ်ဟောင်း သမဒဂျီး ဖြစ်သည့်အပြင် လက်ညှိုးဖြင့် ညွှန်ပြပြီး ပါးစပ်နှင့် လမ်းညွှန်ချက်များပေးသူ၊ မြစ်ဆုံစီမံကိန်းသို့သော စီမံကိန်းကြီးအား အဘချုပ်ကြီး ခိုင်းသည့်အတိုင်း […]