အလှူခံ Charity

စေတနာသဒ္ဓါထက်သန်၊ မထက်သန် ရွာသူရွာသားများခင်ဗျား..ဂေဇက်ရွာအွန်လိုင်း နာရေးအသင်းအတွက် (virtual death only) သဂျီးဝမ်းမနာသား ဦးကြောင်ပြုလုပ်မည့်အလှူတွင် တတပ်တအားနဲများမဆို ပါဝင်လှူဒါန်းကြဖို့ ဖိတ်ခေါ်အပ်ပါသည်။ အလှူနာယက ဦးဆောင်ပုဂ္ဂိုလ်များအဖြစ် ဝတ်မှုန်ရွှေရည်နျင့် စမ်းစမ်းခမ်းလှိုင်တို့ နှစ်ဦး ဆောင်ရွက်ပေးကြပါမည်။ ဧည့်ခံဖျော်ဖြေရေး အစီအစဉ်အဖြစ် လက်ဝှေ့ကျော် တုံးကျော်မှ အသည်းကောင်း၍ ပွဲတောင်းလာသူများကို ဘာမထီ ယှဉ်ပြိုင်ထိုးသတ်ပေးမည်ဖြစ်ကြောင်း သိစေအပ်ပါသည်။
ပထမဆုံး virtual သေသူ ရွာသားကြောင်ကြီး (အသက် ၁၀၁နှစ်)
အလှူငွေလျာထားချက် မြန်မာကျပ်ငွေသိန်းတထောင် (သို့မဟုတ်) ဒေါ်ါ်လာတသိန်းနှစ်သောင်းငါးထောင်
မှတ်ချက်။ ရွေငွေ အဖိုးတန်ပစ္စည်းများ လှူဒါန်းပါက ကာလပေါက်ဈေးအရ တန်ဖိုးသင့်ဈေးဖြတ်ပါမည်။ မြန်မာငွေကျပ်ဆယ်သိန်း (သို့မဟုတ်) ၎င်းငွေနှင့်ညီမျှသော ဒေါ်လာလှူဒါန်းသူတိုင်းကို သဂျီးဦးခိုင်မှ အဂ္ဂမဟာဓာတ်ကျသဗျာဘွဲ့ ချီးမြှင့်ပေးပြီး ရွာ၏ ကြက်သရေဆောင်များဖြစ် အသိအမှတ်ပြုပေးပါမည်။

အလှူရှင်ဦးကြောင်ကြီး 🙂

25 comments

  • ငပေါက်ဖော်

    January 11, 2012 at 12:28 pm

    ကဲ..ကဲ..
    သေပြီဆိုမှတော့ မုန် ့ ဟင်းခါး စားကြတာပေါ့
    အူးကြောင်ရဲ့ ပွို့င့်ခြောက်သောင်းကျော်ကို သဂျီး ထုတ်ပေးပါလော့…မုန် ့ဟင်းခါး ချက်ဖို ့ရံပုံငွေ မ.တည်ရအောင်..

    • pooch

      January 11, 2012 at 4:16 pm

      ပွိုင့်က အခုမှ ခြောက်သောင်းပဲရှိသေးတာလား ဒါဆို နည်းသေးတယ် မသေခိုင်းနဲ့အုန်း 😛

      • ငပေါက်ဖော်

        January 11, 2012 at 4:49 pm

        ကကြောင်ဂျီးရေ.
        ပွိုင့်နဲသေးလို ့ မသေနဲ ့ ဦးတဲ့..
        ပြန်ထ..ပြန်ထ..

        ပွိုင့်များမှ ပြန်သေ

  • Moe Z

    January 11, 2012 at 12:37 pm

    😀 😀 😀
    ဦးကြောင်ကို လှူသင့်မလှူသင့် စဉ်းစားလိုက်ဦးမယ်

  • water-melon

    January 11, 2012 at 12:42 pm

    ဟဲ့ မပေါက်ဖော် မုန့်ဟင်းခါး မချက်နဲ့
    အုန်းနို့ခေါက်ဆွဲချက်ရအောင်
    ဘယ်နေ့ချမှာလဲ ဘာကမ်းမှာလဲဟင် ဆပ်ပြာမှုန့်နဲ့ ဗွီဗွီချိုရည်လား
    စာဥ အမျိုးတွေရောခေါ်ခဲ့ ဆပ်ပြာမှုန့်နဲ့ ဗွီဗွီချိုရည် ကို ရွာမှာပြန်ရောင်းရအောင်
    ဖဲဝိုင်းရော စီစဉ်ပြီးပြီလား 21 ရိုက်မယ်နော် မပေါက်ဖော်
    အမလေး ဦးကြောင် အသေနောက်ကျလှချိလား အော် အသေစောလှချိလား
    ရွာထဲက မိကြောင်ကို ဖရဲဘယ်လိုပြန်ပြောရမှာလဲ အီးအီး 😥

    • ငပေါက်ဖော်

      January 11, 2012 at 12:50 pm

      ဟဲ့..ဟဲ့
      အသုဘ အုန်းနို ့ခေါက်စွဲကျွေး.တစ်ပြုံတစ်မကြီး ရေဝေးလိုက်သွားကုန်မဟဲ့
      မုန် ့ဟင်းခါးပဲလုပ်..
      အခုချက်..အခုချက်.ရေခဲထုပ် ကမ်းမယ်..ဖဲဝိုင်းက မသေခင်ကတဲက ရိုက်နေကြတာ.စီစဉ်စရာမလိုဘူး
      မိကြောင်ကို မှာလိုက်..အူးကြောင်ရေးခဲ့တဲ့ပွိုင့်ခြောက်သောင်းလောက်ကို သဂျီးဆီက ရအောင်တောင်းပါလို ့
      နေ ့ရွှေ ့ညရွှေ ့နဲ ့..သေတာသေသွားတယ်…အူးကြောင်မရလိုက်ဘူး..မိကြောင်ကို အမွေလွှဲခဲ့တယ်လို ့

  • water-melon

    January 11, 2012 at 12:55 pm

    မုန် ့ဟင်းခါးဆို မန်းလေး မော်ကျွန်း၊ရွှေလက်ရာက ငှားချက်နော် တခြားဆိုကြိုက်ဘူး
    တူဂျီးရေ မိကြောင်က သူရဲ့ဘဏ်အကောင့်ကိုလွှဲပေးပါတဲ့
    အကောင့်နံပါတ်က သုညဘဲဥစာဥတဲ့ 😀

  • etone

    January 11, 2012 at 1:21 pm

    သေပြီဆိုတော့ အသုဘအခမ်းနားလုပ်ရမယ် ။ ပြီးရင် ဖဲဝိုင်းရိုက်ရမယ် .. ဒါမှ အကောက်များများ ရမှာ 😆

    • Thel Nu Aye

      January 11, 2012 at 1:54 pm

      ဟယ်မအိတုန်။ အကောင်များများကောက်လို့ကဘုန်းကျော်နဲ့တွေ့နေအုံးမယ်။ သတိသတိ။

      • Thel Nu Aye

        January 11, 2012 at 1:55 pm

        ဆောရီး။ အကောင်မှားလို့ အကောက်ပါ။

        • etone

          January 11, 2012 at 4:17 pm

          ဘုန်းကျော်က ကုန်းပြီးပဲအော်တာပါ အစ်မရေ …. ။ မောလျှင် တိပ်သွားလိမ့်မယ် 😆

  • လှူတဲ့သူတွေကို ကျွန်တော်ဘွဲ့တံဆိပ်တွေထဲက
    တစ်ဝက်ခွဲပေးမယ် …..
    ဖဲဝိုင်းကတော့ ရှမ်းကိုးမီး ကစားကြ ဒါမှ မြန်မြန်ကုန်မှာ အကောက်ကောက်လို့လည်းကောင်းတယ် … 😀
    မုန့်ဟင်းခါး ချက်ရင် ငှက်ပျော်အူ များများထည့် … 😀

  • chityimhtoo

    January 11, 2012 at 2:03 pm

    ုမုန့်ဟင်းခါးကို ဂတ်စ်နဲ့ ချက်ပါလားဟင်…ထင်းနဲ့ချက်ရင် မီးခိုးတွေနဲ့ ရောပြီးငိုသလိုဖြစ်နေတယ်။နောက်ပြီး
    ဖဲရိုက်တဲ့လူတွေကို ဘီယာပုလင်းလေးတော့ထောင်ပေးစေချင်တယ်…ဒါမှ အရှိန်ကောင်းကောင်းနဲ့ ရိုက်နိုင်
    မှာ….ဖဲရိုက်ပြီးအကောက်ရှာပေးတဲ့လူတွေကိုတော့ အိတုန်ကဦးစီးတဲ့ ရွာသူလေးတွေ ဧည့်ခံကျွေးမွေးပါလိမ့်မယ်။။။ဟိဟိ

  • windtalker

    January 11, 2012 at 2:32 pm

    ကြေသောင် ကို အရေခွံချွတ်ပြီး
    ဂျပွန် က ဇိမ်ဖုန်းဂျီး ဆီကို ပို ့ပစ်မယ်
    ဒါမှ အာကေ မြိုးမြိုးမြက်မြက် ကလေး
    စားရမှာ

  • hmee

    January 11, 2012 at 3:47 pm

    မရှိမဖြစ် ကိုကြောင်ကြီးကို မေတ္တာတော်တွေ ဝိုင်းထားနေကြပါလား။ 😀

  • yaungchikha

    January 11, 2012 at 3:56 pm

    ဦးကြောင်ကြီး သေလို့ဖြစ်သေးဘူးလေ………. ရွာထဲမှာ မရှိမဖြစ်
    ဒါနဲ့ ဘယ်နေ့သဂြိုလ်မှာလဲဟင် ………………….. 😛

  • mzm

    January 11, 2012 at 4:33 pm

    ဖဲလေးတော့လာရိုက်ပေးအုးံမှ

  • zaw min

    January 11, 2012 at 8:51 pm

    အောင်မြတ်လေး ကိုရင်ကြောင် အမောင်အသေဆော်လို့နှမျှောလှချည့်ရဲ့(အသေစော)…
    အမောင်ကြောင်မရှိရင် ငါတို့ရွာမှာ ကာလသားကြောင်သားဟင်း(ယောင်လို့) ကာလသားကြောင်ကြီးမရှိတော့ ကာလသ္မီး ကြောင်မလေးတွေဘယ်သူနဲ့နေရမှာတုံးလို့…
    သူကြီးခင်မျှာ သနားစရာ ကြောင်အသုဘဖြစ်မြောက်ရေးအတွက် ချန်ထားသော အရံဘတ်ငွေများ(ထိုင်းငွေ)မရှိတော့၍ အရေးပေါ် မောင်းထု လူစုစေသည်၊လှဲနေ၊ခုံပေါ်နေ၊တုံးလုံးနေသူ ရွာသူားအပေါင်းတို့ ကျုပ်တို့ရဲ့ သူရဲကောင်းရွာသား ကြောင်ကြီး လမ်းသွားရင်းမတ်တတ်ကြီးလေဖြတ်ခါ ဂေဇက်တွင်အသေထွက်သွားပါ၍ သင်တို့၌ ရှိရှိသမျှပွိုင့်အားလုံးကို ကြောင်ကြီးအသုဘစည်ကားရေးအတွက် ယူသုံးရမည်ဖြစ်ပါကြောင်း ကြေနပ်မူမရှိပါက ဝ၀၉၁၁ သို့တိုင်ကြားနိုင်ကြောင်း မောင်းထုကာ ကြေညာလိုက်လေသတည်း…

  • ဦးဦးပါလေရာ

    January 12, 2012 at 12:27 am

    နေဦး.. နေကြဦး…

    အဲဒီအသုဘ ဘယ်ပွဲစားနဲ့အပ်ထားသတုန်း…

    ကြည့်လုပ်ကြနော်…

  • ကောင်းမြတ်သူ

    January 12, 2012 at 9:27 am

    သူကြီးရေ သူများတွေလို မချမ်းသာသေးလို့ သူကြီးရောင်းနေတဲ့ အဖြူ၊ အစိမ်းအချို့ကို ရောင်းပေးပါ့မယ်။ ဘွဲ့လေးတစ်ဘွဲ့လောက်ပေးပါဗျာ…………

  • MaMa

    January 12, 2012 at 9:29 am

    သာရေးမှာ လှူတာထက် နာရေးမှာ လှူတာက ပိုကုသိုလ်ရတယ်။
    ပိုကောင်းတယ်။
    လှူဖို့ စိတ်ဝင်စားတယ်။
    နောက်ပြီး ကိုယ့်ရွာထဲက သဂျီးကတောင် လေးစားရတဲ့ …
    (ကြောက်လို့လားတော့ မသိ) ကြောင်ကြီးကြောင်းကောင်းလည်း ဖြစ်တယ်။
    လှူမယ် လှူမယ်…….
    အင်းးးးးးးး ဘယ်လောက်လှူရင် အဆင်ပြေမလဲ ဆိုတော့ …….
    (အလှူငွေလျာထားချက် မြန်မာကျပ်ငွေသိန်းတထောင် (သို့မဟုတ်) ဒေါ်ါ်လာတသိန်းနှစ်သောင်းငါးထောင်)
    ဂစ် ဂစ် ဂစ် …..
    (အသံမထွက်နိုင်တော့ပဲ တက်သွားခြင်း) 😀

  • ကောင်းမြတ်သူ

    January 12, 2012 at 9:31 am

    သူကြီးရေ ကျန်ခဲ့လို့ အဖြူ၊ အစိမ်းဆိုတာ ကျောင်းဝတ်စုံကိုပြောတာနော်။ ကျန်တာတော့ အဆက်အသွယ်မရှိပါ။။။။ လက်ရှိဘွဲ့တံဆိပ်များပိုင်ရှင် King မှာတော့အဆက်အသွယ်ရှိနိုင်တယ်.သူကြီးဆက်သွယ်လို့ရအောင် ဟင်းပေးတာ….ဗြဲ……

  • kyeemite

    January 12, 2012 at 4:08 pm

    အလှူနာယက ဦးဆောင်ပုဂ္ဂိုလ်များအဖြစ် ဝတ်မှုန်ရွှေရည်နျင့် စမ်းစမ်းခမ်းလှိုင်တို့ နှစ်ဦး ဆောင်ရွက်ပေးကြပါမည်။ တဲ့….ဒါချို..တော်တော်.ယုံကြည်ကိုးစားဘို့ကောင်းနေပီဗျ..
    ဦးကြောင်ကြီး တဦးတည်ဆို..ယုံဘူး..ဖြတ်စားလပ်စား လုပ်မှာကြောက်တယ်..ခုတော့ယုံပီ..
    ဒေါ်လာလောက်တော့မကြီးသေးဘူး…မလာလောက်ဘဲရှိတယ်..
    မ လာ တစ်သိန်းလှူ မယ်..ဝတ်မှုန်ရွှေရည် အကောင့်ထဲ ခုဘဲထည့်ပေးလိုက်ပါပြီ..
    ဂေဇက်ရွာသားတွေလဲလှူကြပါ…ဦးကြောင်ကြီးကိုမယုံရပေမဲ့..အလှူနာယက ဦးဆောင်ပုဂ္ဂိုလ်များ
    ကိုယုံရတယ်လေ..ဟုတ်ဖူးလား

  • nature

    January 12, 2012 at 10:14 pm

    ရိုးရိုးရှင်းရှင်းကိုကျော်သူကိုပဲခေါ်အပ်လိုက်တာကောင်းပါတယ်။ ပြီးရင်သူကြီးကအမိန့်စာဖတ်မယ်။
    သူကြီး ။ ။သေသူရွာသားကြောင်ကြီး အသင်သည်ဘဝတပါးသို့ကူးပြောင်းသွားပြီးဖြစ်သဖြင့်ငါတို့ရွာသူကြီး၏ ထုံးစံအတိုင်း သူကြီးနှင့်အတူ လာစ်ဗေးဂတ်သို့လိုက်၍ မီလျှံဘစ်ဇနစ် လုပ်စားကြရမည်။ သူကြီးအမိန့်။

  • ဆူး

    January 14, 2012 at 2:36 pm

    ကြောင်ကြိး သေရင်တော့ သဂျီးအိမ်ကို အရင်သွားလိုက်ပါအုန်း။
    မီလျှံဘစ်ဇနပ် အမြင်ရှိတဲ့ သဂျီး အတွက် တညလုံး အိပ်မရအောင် သောင်းကျန်းပြလိုက်။

Leave a Reply