၂၀၁၂ နှစ်သစ်မင်္ဂလာ အခါသမယကို မြတ်ဗုဒ္ဓဟောကြား ဆုံးမခဲ့တဲ့ ရုပ်နာမ်ဓမ္မ သစ္စာတရားများနဲ့ စတင်ချင်ပါတယ်။ ရုပ်နာမ်နှစ်ပါး ခန္ဓာငါးပါးဆိုတာ ဝိပဿနာကမ္မဌာန်းရှုသူအတွက် အခြေခံတရားများဖြစ်ပြီး အောက်အဆင့်မှာ အသိညဏ်နက်ရှိုင်းလာတာနဲ့အမျှ ဒီဘူတာပဲ ပြန်ဆိုက်ပါတယ်။ အလွယ်ရှင်းဆုံးပြောရင် ခံစားမှုမရှိတဲ့ ရုပ်ဝတ္ထု အတွေးအာရုံသက်သက်တို့သည် ရူပက္ခန္ဓာ၊ ဘာညာမသိဘဲ အပြင်ဖက်က တစုံတခု သို့မဟုတ် စိတ်ထဲပေါ်လာတာနဲ့ ဘမ်းကနဲတိုက်ရုံ တိုက်မိလိုက်ခြင်းသည် ဝေဒနက္ခန္ဓာ၊ သိရှိခံစားပြီးသား အာရုံကို သတိရမိခြင်းသည် သညက္ခန္ဓာ၊ ထိုအာရုံအား ခံစားမှုအဖြစ်သို့ ပြောင်းလဲသိရှိခြင်းသည် သင်္ခါရက္ခန္ဓာ၊ နောက်ခံစားမှု တခုသို့ ပြောင်းလဲသွားခြင်းသည် မနောဝိညက္ခန္ဓာ ဖြစ်ပါတယ်။ ဝိပဿနာမှာ ရုပ်ကမ္မဌာန်း၊ နာမ်ကမ္မဌာန်း နှစ်မျိုးရှိတယ်။ ရုပ်ကမ္မဌာန်းသည် သမာဓိအားကောင်းရပြီး နာမ်ကမ္မဌာန်းက ပေါ့ပေ့ါပါးပါး ပိုရှိပါတယ်။ တချို့လည်း နာမ်ကမ္မဌာန်းသည် ခန္ဓာကိုယ် ဓာတ်ကြီးလေးပါးကို […]


သဂျီးဦးခိုင်၊ သဂျီးကတော်မဒမ်ခိုင်၊ သမီးတော်ကစ်တီခိုင် အပါအဝင် ရွာသူ၊ ရွာသား၊ လိင်တူဆော်သူများ အားလုံးကို ကျနော်ကြောင်ကြီးမှ ပျော်ရွှင်ဖွယ်ရာ ၂၀၁၂ခုနှစ် ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။ အမှန်ဝန်ခံရရင် ဆုတောင်းတာထက် ကျနော့်အက်ဗာတာပုံလေး ရွာထဲမှာ မှတ်တမ်းတင် ကျန်ခဲ့ချင်လို့ပါ။ ကျနော့်ရဲ့ ဖိုရမ်ထဲက express yourself အောက်က အမှန်တရားတခု ဆိုတဲ့ပို့မှာ ရွာသူမီးလေး လက်ဆောင်ပေးထားတဲ့ ပုံဖြစ်ပါတယ်။ မီးလေးကို လှီးကျွေးဖို့ အပြီးတွေးထားကြောင်း ဒီနေရာမှ ကျေးဇူးတင်စကား ပြောပါရစေ။ (မှတ်ချက်။ အသည်းနှလုံးကို လှီးကျွေးမှာ ဖြစ်ပါတယ်။) နှစ်သစ်မှာ စစ်မဖြစ်ကြပါနဲ့၊ အချစ်သစ်ရှာကြပါ။ အခြစ်များစွာနဲ့ကြောင်ကြီး


တိုင်းပြည်ကို လူမဆန်စွာ ရက်ရက်စက်စက် အုပ်ချုပ်ခဲ့သည့် ချစ်လှစွာသော မဟာခေါင်းဆောင် ကြောင်ကြီး သေလေပြီ။ လူမဆန်ဆို ၎င်းသည်ကြောင်တကောင် ဖြစ်သောကြောင့်တည်း။ သူ့လက်ထက်တွင် လူ့အခွင့်အရေး မပြောနှင့် ကြောင်များမှလွဲ၍ အခြားတိရိစာ္ဆန်များလည်း အခွင့်အရေးမရပေ။ လူများကဲ့သို့ အဖိနှိပ် အခံရဆုံးကား ခွေးများဖြစ်သည်။ တိုင်းပြည်တွင် ခွေးအရိပ်အယောင် ခွေးသံမကြားရ၊ ယုတ်စွအဆုံး ဟဲ့သောက်ခွေး၊ ခွေးမသား စသော အသုံးအနှုန်းများကိုပင် ပြင်းထန်စွာ တားမြစ်ထားသည်။ လူများကိုလည်း ကြောင်နှင့်တူစေရန် လေ့ကျင့်ပေးထား၍ တိုင်းပြည်ရှိလူအားလုံး အူကြောင်ကြောင် ဖြစ်နေပြီး ဝန်ထမ်းများမှာ အဆိုးဆုံးဖြစ်သည်။ ရာထူးမြင့်လေ ပိုကြောင်လေဖြစ်သည်။ ထိပ်ပိုင်း အရာရှိကြီးများကား ကြောင်သည့်အပြင် ဖားလည်းဖားကြသောကြောင့် ကြောင်ဖားများဟု အမည်တွင်သည်။ 🙄 ကြောင်ကြီး ဘုန်းတန်ခိုး နေလတောက်ပချိန်တွင် လက်ညှိုးညွှန်ရာ ငါးကြော် ဖြစ်ခဲ့သည်။ ဒီမိုကရေစီ […]

I-has-a-sad.jpg

ကမာ္ဘကြီး ချာချာလည် အချစ်ဆုံး ချာချာလည် ကျန်နေရစ်ပြီ ကံကိုယုံကြည်တယ်… (မို့မို့ဇော်ဝင်းသီချင်းစာသား) မဖြစ်ဘူးလို့ ထင်ခဲ့ပေမဲ့ ဖြစ်ခဲ့တယ်.. အနာဆုံးအချိန်ကို တွေးပူနေရင်း နာကျင်နေခဲ့ရတယ်.. နာတာများနေပေမဲ့ တကယ်နာတော့ မအော်နိုင်အောင် နာမိတယ်… နာတယ် နာတယ် နာတယ်ကွာ နာတယ် နာတယ် နာတယ်ဟေ့.. နာတယ်ဆိုတာ တကယ်တော့လည်း နာခွင့်ရှိသူများသာ နာလို့ရတာမို့ နာလိုလျက်နဲ့ နာဖို့မဖြစ်နိုင်လို့ နာလိုခံခက်နေမိတယ်…. တကယ်နာမိတဲ့တနေ့ နာခြင်းဝေဒနာ နာလို့နာမှန်းမသိ နာပြီးသွားပါစေလို့ နာနာနဲ့ဆုတောင်းပါတယ်….။ နာဖို့ထက် နာဖို့အရေး တွေးပူနေတဲ့ အကြင်နာကြောင်ကြီး 😥


ပြန်ကြားရေးဝံဂျီး အသစ်လဲပြီဆိုသောသတင်း စာနယ်ဇင်း မီဒီယာလောကတွင် ပျံ့နှံ့လျက်ရှိသည်။ အကြောင်းအရင်း တိတိကျကျ မည်သူမျှ မသိကြသော်လည်း မျက်စိကြီး နားကြီး လဗျွတ်ကြီး အတ္တကြီး အသိုင်းအဝန်းမှ ထွက်လာသော သတင်းအရ ယခင်ဝန်ဂျီး ဦးကြော်စမ်းတယောက် အကျွတ်တရားရကာ ဇိမ်ဖုံးဂျီး အပြီးအတိုင် ဝတ်သွားပြီဆိုသည် ။ ၎င်း၏ ဥပဇ္ဇါယ်ဆြာမှာ အမေလိကံနိုင်ငံ လော့အိန်ဂျလိစ်မြို့တွင် သီတင်းသုံးနေသော မွမ်းဒါလေ့ဃေစပ် အယ်ဒီတာချုပ် ဂျာပွန်ဇိမ်ဖုံးဂျီး ကိုဘေးနွားကင်ဥကိုင် ဖြစ်၏။ သူ၏ တရားမှာ “အချိန်ရှိခိုက် လုံ့လစိုက် အိပ်၊စား၊ကာမ နိဗ္ဗာန်ထိုက်” ဟူသော ဇိမ်တရားပင်ဖြစ်သည်။ ဦးကြော်စမ်း တယောက် ဆရာကောင်းတပည့် ပန်းကောင်းပန်ပီပီ နေညိုချိန်ရောက်တိုင်း ထန်းရည်နှင့် အညာနွားကင်ကို သုံးဆောင်ရင်း လူ့သဘာဝသစ္စာ ဇိမ်တရားကို ထန်းရည်သမားများအား ဟောကြားတတ်နေပေပြီ။ တအေ့အေ့ လေချဉ်တက်သံ […]


နေရာကား ငရဲပြည် ဆီပူဒယ်အိုးတမျှ အပူရှိန် ပြင်းလှပြီး ဖုံတသောသော ထလျက်ရှိသည့် လူသူကင်းဝေး ဖုတ်ကျက်တစ္ဆေများ ပျော်မွေ့ရာ ကြက်ပြေးမြို့တော်ရှိ (FOC ဖောက်သည်များသောကြောင့်) မြေအောက်လှိုဏ်ဂူ အစည်းအဝေးခန်းမ တခု၌ဖြစ်သည်။ လုံခြုံရေးအတွက် အစီအမံများ ချမှတ်ထားသည်မှာ ထူးကဲများပြားလှသဖြင့် လှိုင်ဂူအတွင်းရှိလူများအဖို့ ပို၍မလုံခြုံသလိုပင် ခံစားရပေသည်။ ဤကား အစောင့်များ သတိဝီရိယ အစဉ်နိုးကြားစေရန် ပြုလုပ်ထားသော တပ်ချောင်ကြုပ်ကြီး၏ ရွှေညဏ်တော် စူးရောက် မှုပေတည်း။။။။ 🙄 နံနက်၉နာရီ ၉မိနစ် ၉စက္ကန့်တွင် တပ်ချောင်ကြုပ်ကြီးမှ အစည်းအဝေး တက်ရောက်လာသည့် လူ၉ယောက်အား ကို၉ကျွန်းထွက် ကောက်ရိုးများ တပျတ်ပျတ် မြည်အောင် ၉ကြိမ်၉ခါ ဝါးစားစေခြင်းဖြင့် စစ် အုပ်ချုပ်ရေးမှ ဒီမိုကလေစီ အရက်သား အုပ်ချုပ်ရေးစနစ်သို့ ပြောင်းလဲရေး အစည်းဝေးပွဲ စတင်လိုက်သည်။ ၎င်းကိုယ်တိုင်မှာမူ […]


သတင်းတွေမှာ ဖတ်ရတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရသူများ (သို့မဟုတ်) နိုင်ငံရေး အကျဉ်းသားများ အရေးနဲ့ပတ်သက်လို့ ခံစားမိတာကို ပြောချင်တယ်ဗျာ။ တလောက သံမဒဂျီးဆိုသူ ပုလင်းတူဗူးဆို့ဖက် အင်ဒိုနီးရှားနိုင်ငံသွား ဘာလီရည်သောက်တုန်းက ဘာပြောဒယ် မှတ်သလဲ၊ နိုင်ငံရေး အကျဉ်းးသား မရှိပါတဲ့။ ဒီနေ့လည်း မဇ္ဆျိမသတင်းနဲ့ အင်တာဘူးမှာ (သူတို့က အငြင်းသန်လို့ 😆 ) မှာ ဒုဋိယ နိုင်ငံဂျားယေးးဝံဂျီးက “အဲဒီတော့ ကျနော်တို့ မြန်မာနိုင်ငံတော် အစိုးရရဲ့ ရပ်တည်ချက်ကတော့ ရှင်းလင်းပါတယ်။ ဒါကတော့ ဘာလဲ ဆိုလို့ ရှိရင် ကျနော်တို့နိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား သော်လည်းကောင်း၊ ယုံကြည်မှုကြောင့်ကျတဲ့ အကျဉ်းသားသော်လည်းကောင်း မရှိဘူးဆိုတဲ့ ကျနော်တို့ရဲ့ ရပ်တည်ချက်ဖြစ်ပါတယ်။ အဲဒီတော့ လူတယောက်ဟာ သူရဲ့ ယုံကြည် ချက်ကြောင့်ပဲဖြစ်ဖြစ်၊ သူရဲ့ နိုင်ငံရေးအရသော်လည်းကောင်း၊ […]


သတင်းက နဲနဲတော့ ဟောင်းနေပါပြီ၊ လွန်ခဲ့တဲ့ နိုဝင်ဘာ လကုန်ပိုင်းက ရာဟူးမှာ ဖတ်ရတာပါ။ ဆြာသစ်မင်းရဲ့ တိုင်းပြည်တည်ဆောက်ရေး အခြေခံအချက်များ ဆောင်းပါးကြောင့် နောက်ကျပေမဲ့လည်း ဆက်စပ်နေလို့ တင်လိုက်ပါတယ်။ အတိုချုပ်ပြောရင် တရုတ်နိုင်ငံသည် Vaccine ကာကွယ်ဆေး ဈေးကွက်ကို နှစ်အနည်းငယ်အတွင်း ဝင်လာတော့မယ်။ အဲဒီအခါ ရောဂါကာကွယ်ထိုးဆေး ဈေးနှုန်းများ ကျဆင်းသွားမှာမို့ ဆင်းရဲတဲ့ ကမာ္ဘ့နိုင်ငံများအတွက် သတင်းကောင်း ဖြစ်ပါတယ်။ လောလောဆယ် ဈေးကွက်ကို အနောက်နိုင်ငံ ဆေးဝါးကုမ္မဏီကြီးများ ထိန်းချုပ်ထားတာဖြစ်လို့ သူတို့အတွက်တော့ သတင်းကောင်း မဟုတ်ပါဘူး။ ၂၀၀၉ခုနှစ် ကမာ္ဘတဝှမ်း ဖြစ်ပွားခဲ့တဲ့ ကြက်ငှက်တုပ်ကွေးရောဂါ အသစ်အဆန်း ကာကွယ်ဆေးကို တရုတ်ဆေးဝါးကုမ္မဏီတခုက ရက်ပေါင်း၈ရရက်အတွင်း အောင်မြင်စွာ ထုတ်လုပ်ပြနိုင်ခဲ့လို့ တရုတ်နိုင်ငံ ခေတ်မှီဆေးဝါးနည်းပညာ အောင်မြင်မှုကို ကမာ္ဘက အာရုံစိုက်မိလာတယ်။ မတ်လအတွင်း တရုတ်ကျန်းမာရေး […]


ယနေ့အခါ သမယကား မြန်မာ့သမိုင်းတွင် အရေးပါလှသည့် နေ့တနေ့ပင် ဖြစ်ချေတော့သည်။ အကြောင်းမူကား အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီကလင်တန် မြန်မာနိုင်ငံသို့ လည်ပတ်စဉ် အများပြည်သူ တခဲနက် ရွေးချယ်တင်မြောက်လိုက်သည့် စစ်အုပ်ချုပ်ရေးအလွန် မြန်မာနိုင်ငံ၏ ပထမဆုံး သံမဒဂျီး ဦးကြောင်စိန်နှင့် တွေ့ဆုံရန် ရှိသောကြောင့် ဖြစ်ပေသည်တမုံ့။။။။ ဒန်တန်တန်…. လူကြီးလူကောင်းများ တွေ့ဆုံပွဲ ကန့်လန့်ကာ နောက်ကွယ်တွင် နှစ်ဖက်သော ထောက်လှမ်းရေး အဖွဲ့ဝင်များ ပျားပန်းခတ်မျှ အလုပ်များလျက် ရှိပေသည်။ အမေရိကန် စီအိုင်အေ ထောက်လှမ်းရေးဆိုလျင် လွန်ခဲ့သည် ရက်သတ္တပတ်ပေါင်းများစွာကပင် မြန်မာနိုင်ငံသာမက တကမာ္ဘလုံးရှိ ထောက်လှမ်းရေးကွန်ယက် များသို့ တပ်လှန့်နှိုးဆော်ထားသည်။ ထို့ပြင် တပတ်ခန့် တင်ကြိုပြီး မြန်မာနိုင်ငံသို့ ရောက်ရှိကာ ကလင်တန် သွားရောက်မည့် နေရာများ၊ နေအိမ်ခြံဝန်းတိုက်တာများသို့ ကွင်းဆင်းလေ့လာခြင်း၊ လုံခြုံရေး အစီအမံများ […]


ဒီဇင်ဘာ၂ရက်နေ့မှာ အမေရိကန်ဘွားတော်နဲ့ မြန်မာဘွားတော် တို့နှစ်ဦး အင်းလျားလမ်း ပါဝါ၅၄ နေအိမ်ခြံဝင်းအတွင်းမှာ တွေ့ဆုံကြပါလိမ့်မယ်။ သူတို့ဘာပြောမလဲ၊ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများကို အကဲဖြတ်၊ ဟောကိန်းထုတ် ခန့်မှန်းနေကြသူ မျက်စိကြီးနားကြီး အကုန်ကြီးသူ အများအပြားရှိပါတယ်။ သူတို့နဲ့ ခြေရာလိုက်တိုင်းဖို့ မဖြစ်နိုင်လို့ အဓမ္မရုပ်ဝါဒီ သဂျီးအလိုအတိုင်း မတူကွဲပြားစွာ ဖောက်ထွက်ခန့်မှန်းဖို့ အကြံရပါတယ်။ ရွာထဲမှာလဲ နိုင်ငံရေးနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း တင်လိုက်ရင် လက်ရှောင်သူ အတော်များတာကြောင့် ဒီတခါ လွတ်လွတ်ကင်းကင်း တင်ပါမယ်။ စူပါဘွားတော်နှစ်ဦး တွေ့ဆုံကြရင် ဘယ်သူဘာအရောင် ဝတ်မှာလည်း ခန့်မှန်းစေလိုပါတယ်။ အတွေ့အကြုံအရပဲဖြစ်ဖြစ်၊ မိမိကြိုက်နှစ်သက်ရာပဲဖြစ်ဖြစ်၊ မနောဓာတ်အာရုံနဲ့ပဲ ဖြစ်ဖြစ်ပြောနိုင်ပါတယ်။ ရွာထဲမှာ ဦးဖက်တီး၊ ကိုရင်စည်သူတို့လို့ ဝေဒဝိဇ္ဇာ၊ မနောဓာတ်ပေါက်သူ ပါရမီရှင်များစွာကိုလည်း တတပ်တအား ပါဝင်ခန့်မှန်းပေးဖို့ ဖိတ်ခေါ်ပါတယ်။ အဖြေမှန်သူကို အိမ်နားရှိ […]


ဩစတေးလျ ပါလီမန်အတွင်း သမ္မတအိုဘားမား ပြောကြားတဲ့ မိန့်ခွန်းတွင် ဒေသတွင်း အမေရိကန် ဩဇာသက်ရောက်မှုကို ဆန့်ကျင်နေသော နိုင်ငံများအား ပြင်းထန်သော သတိပေးချက် ပြုလုပ်ခဲ့ရာ၌ တရုတ်နှင့် မြောက်ကိုရီးယားတို့ကို တိုက်ရိုက် ပစ်မှတ်ထားလိုက်သည်။ မရိန်းကမ်းတက် စစ်သည်များကို နှစ်နိုင်ငံ ကာကွယ်ရေး ပူးတွဲသဘောတူညီချက် စာချုပ်အရ ဩစတေးလျနိုင်ငံတွင် ဖြန့်ကျက်ထားမည်ဟု အမေရိကန်နိုင်ငံမှ ကြေငြာအပြီး တရက်အကြာတွင် သမ္မတအိုဘားမားက “ ငါတို့ရဲ့ ဒေသတွင်း ရေရှည်အကျိုးစီးပွားက အမြဲတမ်း အခြေစိုက်စခန်းတည်ရှိဖို့ တောင်းဆိုနေတယ်။ အမေရိကန်ပြည်ထောင်စုဟာ ပစိဖိတ်ဒေသရဲ့ အင်အားကြီး နိုင်ငံဖြစ်ပြီး ငါတို့ ဒီနေရာမှာ ရှိနေရမယ်။” ကမာ္ဘပေါ်မှာ အလျှင်မြန်ဆုံးအရှိန်နဲ့ ဖွံ့ဖြိုးတိုးတက်နေပြီး ကမာ္ဘစီးပွားရေးရဲ့ တဝက်ကျော် အခြေပြုရာ အာရှဒေသသည် အရေးကြီးဆုံး ဦးစားပေးဆောင်ရွက်ရမဲ့ အမေရိကန် ပြည်သူများအတွက် အလုပ်အကိုင်၊ […]


အန်အယ်ဒီပါတီ ရွေးကောက်ပွဲဝင်ဖို့ နေပြည်တော်မှာ မှတ်ပုံတင်ခြင်းဆောင်ရွက်နေပါပြီ။ ကြားဖြတ်ရွေးကောက်ပွဲ အမှတ်တံဆိပ်အဖြစ် ပါတီအလံကို အနည်းငယ်ပြင်ဆင် အသုံးပြုမယ် ဆိုပါတယ်။ မူလအမှတ်တံဆိပ် ခမောက်ကို အန်ဒီအက်ဖ်ပါတီက ယူသွားလို့ အသစ်ရွေးရမှာပါ။ တိုင်းရေးပြည်ရေး ဘယ်တော့မှာ လက်မနှေးလေ့ရှိတဲ့ ရွာသားများလည်း မိမိနှစ်သက်ရာ အမှတ်တံဆိပ်ကို အခုမဟုတ်တောင် နောက်ပိုင်းကာလမှာ အသုံးပြုဖို့ ရွေးချယ်ဆန္ဒပြုပေးကြရင် ကောင်းမယ်ထင်ပါတယ်။ ဘယ်အကြောင်းကြောင့် ဘာကိုရွေးတယ်ဆိုတာပါ ရေးပေးနိုင်ရင် ပိုအထောက်အကူ ပြုပါလိမ့်မယ်။ ရွေးကောက်ပွဲ ဥပဒေအရ လူနာမည်၊ လူပုံများ (ဥပမာ – ဒေါ်စုဓာတ်ပုံ၊ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံ) သုံးခွင့်မရှိပါဘူး။ ကျနော်လည်း ဘယ်လိုဝင်နှောက်ရမလဲ စဉ်းစားနေတုံးပါ။ 👿 လက်ရှိအမည် – အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (national league for democracy) လက်ရှိတံဆိပ် – ခမောက် အမျိုးသားဒီမိုကရေစီအဖွဲ […]


ညီမလေးက အချစ်ကို ကိုးကွယ်သတဲ့လား… 🙁 ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်နဲ့ သံမဒဂျီးဦးသိန်းစိန် အင်တာဗျူးမှ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး တို့နဲ့ဆိုင်တဲ့ ကောက်နုတ်ချက်ပါ။ သံမဒဂျီးက ဘာတခုမှ အာမခံချက်ပေး မသွားဘူးနော်။ ဒီမိုကရေစီလမ်းကြောင်းဖော်ဆောင်နေပါတယ်ဆိုသူက ယုံကြည်ချက်ကြောင့် အဖမ်းခံရသူဆိုတာ လက်မခံဘူးတဲ့။ နိုင်ငံရေးအကျဉ်းသားဆိုတာ ခိုးဆိုးလုယက် ရာဇဝတ်သားတွေနဲ့ အတူတူပဲလား။ မီးတုတ်မရှို့ရလို့ ကျနော် စကားနာ ထိုးနေတာ မဟုတ်ဘူးနော်။ စစ်အုပ်စုရဲ့ ခြေလှမ်းတွေကို ပြောပြနေတာ။ နောက်ဆုံး နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးလိုက်တောင် ဥပဒေချိုးဖောက်ထားသူ များအနေနဲ့ လွှတ်ပေးမှာ။ နိုင်ငံရေးမှာ အသိအမှတ်ပြုမှုသည် အရေးကြီးဆုံးပဲ။ အရင်ကတော့ စစ်ယူနီဖောင်း ဝတ်ထားလို့ လုပ်ချင်တာလုပ်တာ မတားနိုင်ဘူးဆိုရင် အခုလို အရပ်သားအစိုးရပုံစံဖမ်းနေချိန်မှာ ဒီစကားမျိုး ပြောတာ အရမ်းထူးဆန်းနေတယ်။ အကြောင်းမဲ့ ပြောတာမဟုတ်ဘူး။ အဓိပါယ် […]