ကေသရာဇာ ခြင်္သေ့မင်းဆိုပြီး အထင်ကြီးမိတာ လက်တွေ့မှာတော့ သနားစရာ အမှားကြီးမှားခဲ့ပေါ့၊ 😥 အစောတုန်းကတော့ အပြောမိုးလောက်ကြီး တတောလုံးကို ပြောင်းပြန် လှန်ပစ်မတဲ့ ယုံခဲ့မိပါတယ်  ထစ်ချုန်းမိုးလို ဟိန်းလိုက်ဟောက်လိုက်နဲ့ ရွာတော့လည်း တပေါက်နှစ်ပေါက် ဒါတောင် ပူနောင်ချပ်ခြိမ်း လွန်ဆွဲပွဲကယ်လို့ 😎 အစဉ်အလာဆိုတာ တရားသေ ဖက်တွယ်စရာ မဟုတ်ပေမဲ့ မူကိုလေးစားမှ လူရာဝင်မယ် 😐 အမြန်ရထားတစင်း ဘူတာဝင်ခါနီး အရှိန်လျော့ပေးတာ နားလည်နိုင်ပေမဲ့ တဘီးချင်းနေလှိမ့်ဖို့ မလိုဘူး 🙄 စကားပုံဆိုရိုးအတိုင်း လဖက်ကောင်း စားချင်လို့ ပလောင်တောင်တက် နှေးခဲ့ရတာ နားလည်ပါတယ် 😮 တောတောင်ထူထပ် အလီလီကျော်ဖြတ် အရွက်ဆွတ်ခါနီးမှ အပြန်ခရီးဝေးတယ် လက်တဆုပ်စာပဲယူမယ် ဆိုရင်တော့ အပြောင်းအလဲ မြန်လွန်းပါတယ် ချစ်သူရယ်…။ 😉 အဆိုအတီးမရ…ခိုညီးသလိုကပါတဲ့….အပျိုဂျီးမမ….အားနာဒယ် သို့….. […]


ခလေးများ ငယ်စဉ်မှာ မဟုတ်တာတခုခု လုပ်တော့မယ်ဆိုရင် ဒါမှမဟုတ် လုပ်မိရင် လူကြီးတွေက အင်အားသုံးဟန့်တားတယ်၊ ဖြောင်းဖျပြောဆို တားမြစ်ကြတယ်။ ဆုံးမပုံနည်းလမ်း ကွဲပေမဲ့ အမှားဖြစ်စေမဲ့ အစကို ဘယ်သူကမှ မလိုလားဘူး။ ဘာပြုလဲ?၊ အစရှိ အနောင်နောင်ဆိုတဲ့အတိုင်း ခလေးအသိစိတ်ထဲမှာ၊ မိမိပတ်ဝန်းကျင် အသိုင်းအဝန်းမှာ အကျင့်ဖြစ်သွားမှာ ဆိုးလို့ပါ။ အကောင်းအဆိုး ဘယ်အရာမဆို ဖြစ်လာဖို့ အစလိုတယ်။ အစရှိလာရင် တောက်လျောက်ဆက်သွားဖို့ မခဲယဉ်းတော့ဘူး။ ဒါကို သိထားတဲ့ သူများက ကောင်းသော အလေ့အကျင့်များ ဖြစ်စေဖို့ အားပေးအားမြောက်ပြုတယ်၊ မသိသူများကတော့ ဘာအရေးလဲ ဆိုပြီး ဂရုပြုရကောင်းမှန်း မသိကျိုးကျွံပြုတယ်။ လူ့အသိုင်းအဝန်းတခု ဖြစ်ပေါ်ပြောင်းလဲမှုမှာ တဖက်ဖက်က အရမ်းအားကောင်းနေရင် အကျင့်မှ စနစ်ဆီသို့ ပြောင်းလဲသွားပြီး တိုးတက်မှု ဆုတ်ယုတ်မှု၊ တရားမှု မတရားမှု များကို […]


အန်အယ်ဒီ အနေနဲ့ မှတ်ပုံတင် မတင်၊ ရွေးကောက်ပွဲဝင် မဝင် ဆုံးဖြတ်ရပါတော့မယ်။ မှတ်ပုံတင်ဖို့ သဘောတူကြပေမဲ့ ရွေးကောက်ပွဲကိစ္စ ကိုတော့ ဗဟိုကောက်မတီအဆင့် အကြေအလယ်ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။ နိုဝင်ဘာ ၁၄ရက်နေ့မှာ နိုင်ငံရေး အကျဉ်းသားများ ထပ်မံလွှတ်ပေးမယ် ပြောထားပေမဲ့ ကာကွယ်ရေးဦးစီးချုပ်ပါဝင်တဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ (ကာ၊လုံ) က အနားကပ်ပြီးမှ လွှတ်မိန့်ကို ရပ်ဆိုင်းထားလိုက်ကြောင်း အာရ်အက်ဖ်အေ သတင်းမှာ ဖတ်လိုက်ရပါတယ်။ စစ်အုပ်စု အနေအထားက ရှင်းပါတယ်၊ အတိုက်အခံများ ပေးသမျှယူ ကျွေးသမျှစား အထွန့်မတက်နဲ့။ အခြေခံဥပဒေကို လေးစားလိုက်နာ ရမယ်၊ ရွေးကောက်ပွဲ မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ရမယ်။ နိုင်ငံရေးလှုပ်ရှားမှုများကို ပေးထားတဲ့ ဘောင်အတွင်း လုပ်ရမယ်။ အပြန်အလှန်အားဖြင့် ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးမယ်။ ကြားထဲမှာ အငြိမ်မနေ ဟိုတောင်းဆို […]


နဝတ တက်ခါစ ဗိုလ်ချုပ်ထွန်းကြည်၊ ဗိုလ်ချုပ်ကျော်ဘ၊ ဗိုလ်ချုပ်မြင့်အောင်တို့ ခေတ်ကောင်းစဉ်က မြို့တွေမှာ မြို့မနာရီစင်များ အပြိုင်အဆိုင် ဆောက်ကြတာ မှတ်မိကြပါလိမ့်မယ်။ ဝန်ကြီးတွေ နယ်ဆင်းရင် မြို့မိမြိုဖများနဲ့တွေ့ပြီး အာဝါဒခြွေလေ့ရှိတယ်။ လူကြီးနားကပ်ချင်သူများက ဝန်ကြီးပြောချင်တာ ပြောပြီးရင် မြို့လူကြီးအနေနဲ့ ကျေးဇူးတင်ကြောင်းနဲ့ ရပ်ရွာလိုအပ်ချက်များ တင်ပြကြတယ်။ တီဗွီထဲ ပါတယ်ဆိုတော့ နည်းတဲ့ အခွင့်အရေး မဟုတ်ဘူး။ ပြောကလည်းပြောချင် အမှားပါမှာလည်း စိုးသေးတော့ ဘေးလွတ်ရန်လွတ် ဖြစ်တာကိုပဲ ရွေးပြောတယ်။ မြို့တိုင်းမှာ နာရီစင် ဆောက်နေရင် နာရီစင်ဆောက်ပေးပါ ခင်ဗျားပေါ့။ အဲဒီအခါ ဝန်ကြီးက နာရီစင် လိုချင်ရင် ငါး တတန် ရအောင်မွေး၊ သစ်တတန် ရအောင်စိုက် ဘာညာပေါ့လေ၊ သူ့အရပ်နဲ့ သူ့လူ ဇာတ်တိုက်စရာ မလိုအောင် အပီအပြင် ကကြတယ်။ မြို့သေးရင် […]


လောကကြီးရဲ့ ဆန့်ကျင်ဖက် သဘောတရားတွေကို နေရာတိုင်းမှာ တွေ့နိုင်တယ်၊ သူတို့ကပဲ တိုးတက်မှု၊ ဆုတ်ယုတ်မှု၊ တည်ငြိမ်မှု၊ လှုပ်ရှားမှုများကို ဆောင်ကြဉ်းပေတယ်။ ဒါကိုပဲ ဘုရားသခင် အလိုတော်၊ သဘာဝတရား ထိန်းညှိမှု၊ အညမည ဆက်နွယ်မှု သဘောတရားလို့ အမျိုးမျိုး သမုတ်ကြတယ်။ တရုတ်တွေရဲ့ ဖုန်းရွှေပညာရပ်မှာတော့ ရင် ယမ် ခေါ်တဲ့ဓာတ်မျိုး ဖြစ်မယ်ထင်တယ်။ ဘယ်လိုပဲ ခေါ်ခေါ်ပါ၊ သူက ရှိနေမှာမို့ သဘောသဘာဝကို နားလည်ထားဖို့ပဲ လိုတယ်။ ကောင်းသလား ဆိုးသလားထက် လိုက်လျောညီထွေ ရှိရင် အပေါင်းလက္ခဏာ ဆောင်မယ်၊ ကန့်လန့်တိုက်နေရင် အနုတ်ခံရမယ်။ ဥပမာပေး ပြောရရင် အိမ်ထောင်တခုမှာဗျာ မိဘနှစ်ပါးစလုံးက တပုံစံထဲဖြစ်နေရင် သိပ်မနိပ်ဘူး။ ခလေးတွေကို ထိန်းကျောင်းရာမှာ တဦးကတင်းရင် နောက်တဦးက ချော့မော့စည်းရုံး တတ်ရမယ်။ တဦးက […]


သံမဒဂျီး ဦးသိန်းစိန်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပြင်ဆင်ချက်ကို လက်မှတ်ထိုး အတည်ပြုလိုက်ပါပြီ။ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ အင်္ဂါနေ့မှာ မှတ်ပုံတင်ရေး မတင်ရေး ပါတီတွင်းဆွေးနွေးပြီး ဗဟိုအလုပ်မှုဆောင်ကော်မတီအဖွဲ့မဲနဲ့ ဆုံးဖြတ်ကြမယ်လို့ သတင်းများမှာ ဆိုပါတယ်။ သတင်းတပုဒ်မှာ ဒေါ်စုက မှတ်ပုံတင်ရေး ထောက်ခံပြီး ရွေးကောက်ပွဲတောင် ဝင်ဖွယ်ရာ ရှိတယ်၊ ဦးဝင်းတင်ကတော့ မပြတ်သား ဖြစ်နေတယ်လို့ ဖတ်ရတယ်။ ၁၉၉ဝခုနှစ် ရွေးကောက်ပွဲ အနိုင်ရ အမတ်နှစ်ဦး၊ ဒေါ်နော်အုံးလှတို့ အန်အယ်ဒီအဖွဲ့ဝင် ၃၃ဦးကတော့ ဆန့်ကျင်ကြောင်း ကြေငြာချက်ထုတ် ထားပါတယ်။ အခုအချိန်အထိ ဒေါ်စုနဲ့ ဦးသိန်းစိန်တို့ ဘာတွေကြိတ် သဘောတူထားတယ် မသိရသေးပါဘူး။ ဒေါ်စု အနေနဲ့ တဦးထဲ သွားနေပုံရတယ်။ ရွေးကောက်ပွဲ ဥပဒေ ပြင်ဆင်ချက်သုံးခုမှာ (၁) ထောင်ချခံရသူတွေကို ပါတီဝင် […]


Don Juan RonaldNovember 5, 20111min2294
စတုတ္ထ ပန်းသီး Net ပေါ်မှာ ကမာ္ဘကိုပြောင်းလဲသွားစေသောပန်းသီး သုံးလုံးအကြောင်းကိုအများကဖတ်ဘူးကြမှာပေါ့။ Eden ခြံ မှာမစားသင့်ဘဲ Adam နှင့် Eve တို့နှစ်ယောက်သားကခိုးစားမိလိုက်တဲ့ ပန်းသီး။ ကမာ္ဘ့ဆွဲအားကိုသိသွားစေသော Sir Issac Newton ၏ခေါင်းပေါ်သို့ကျလာသော ပန်းသီး။ အဆင့်မြင့်အီလက်ထရွန်းပစ္စည်းကို၊လူအများတကာအသုံးပြုတတ်အောင်းလုပ်ပေးတဲ့ Steve Jobs ရဲ့ပန်းသီး။ ယခုကျနော်ပြောတဲ့စတုတ္ထ ပန်းသီး ကဘာမှအရေးမကြီးတဲ့ပန်းသီးပါ၊အထင်ကြီးအောင် ပန်းသီးသုံးလုံးနဲ့အစချီလိုက်ခြင်းဖြစ်သည်။ ကျနော်ငယ်ငယ်တုံးကကြားဘူးတဲ့ပုံပြင်လေးတပုဒ်ကိုတင်ပြချင်လို့ပါ။ ပုံပြင်ကတော့ မိမိကိုယ်ကိုအလွန်ပညာရှိပြီးဗဟသုတနှင့်ကြွယ်ဝနေသောဆိတ်ကြီးတကောင်သည်၊အရာခပ်သိမ်းများကိုဝေဖန်သုံးသပ်လေ့ရှိပါသည်၊ ၎င်းဆိတ်ကြီးကိုအင်မတန်မှအထင်ကြီးပြီး၊ဆိတ်ကြီး၏နောက်မှတကောက်ကောက်လိုက်၍ပညာဆည်းပူးမှတ်သားလျက်ရှိသော ယုံဖြူ လေးတကောင်ရှိသည်။ တရက်တ၌၊ဆရာတပည့်နှစ်ယောက်သားသည်၊မြက်နုလေးများရွေးချယ်စားသုံးရင်းနှင့်၊ဖရဲသီးခြံတခုနားသို့ရောက်ရှိလာရာ၊ဖရဲခြံ၏ဘေးတွင်ပန်းသီးပင်တပင်ပေါက်လျက်ရှိပါသည်၊ ဆိတ်ကြီးသည်ကျောကုန်းယားယံ၍ပန်းသီးပင်၏ပင်စည်နှင့်သူ့ကျောကိုပွတ်ပြီးဇိမ်ခံနေသည်၊တဖက်မှလည်းသူ၏ဝေဖန်သုံးသပ်မှုစလေတော့သည်။ “ဒီမှာငါ့တပည့် ယုံဖြူ ဘုရားသခင်ကအရာခပ်သိမ်းကိုဖန်ဆင်းတဲ့နေရာမှာ perfect မဖြစ်ဘူး၊အနည်းနှင့်အများဆိုသလိုချို့ယွင်းချက်တွေတော့ရှိတတ်သည်၊ ဥပမာ၊ဒီဖရဲသီးနွယ်ပင်ကိုကြည့်လိုက်၊ပင်စည်ကသေးပြီးအသီးကအဆမတန်ကြီးနေတယ်၊ပန်းသီးကြပြန်တော့လည်းပင်စည်ကအဆမတန်ကြီးပြီးအသီးကသေးနေတယ်၊ အချိုးမကျလိုက်တာနော်၊ကြီးတဲ့အပင်ကကြီးတဲ့အသီး၊သီးသင့်ပြီး၊ငယ်တဲ့အပင်ကငယ်တဲ့အသီး၊သီးသင့်တာပေါ့၊ဟုတ်တယ်ဟုတ်? မင်းဘယ်လိုသဘောရသလဲ?”ဟုမေးလိုက်သည်၊ထိုအချိန်ပန်းသီးတလုံးသည် vibration နှင့် gravity ကိုမလွန်ဆန်နိုင်တော့၍၊အပင်နှင့်ခွဲခွာ၍ မုတ်ဆိတ်ကြီး၏နဖူးတည့်တည့်ပေါ်သို့ကျလာသည်၊အာကာသသို့ရောက်သွားသလိုဘဲမုတ်ဆိတ်ကြီး၏မျက်စိထဲတွင်ကြယ်တွေလတွေနှင့်ဝေဆာလျက်၊ နဖူးမှာလည်ပန်းသီးကဲ့သို့သောအနီရောင်အဖုကြီးပေါ်ထွက်လာသည်၊ တဆက်တည်း ယုံဖြူကဝေဖန်သုံးသပ်လိုက်သည်ကား “အာစရိရေ၊ယခုကျလာသောပန်းသီးသည်၊ဖရဲသီးသာဖြစ်ခဲ့ရင်၊အာစရိသည် အာလာထံသော်၎င်း၊ဘုရားသခင်ထံသော်၎င်း၊နိဗ္ဗာန်သို့သော်၎င်း၊ ဒါမှမဟုတ်ငရဲ […]


ဒီနေ့ Kyaymon နဲ့ တရုတ်ပြည်အကြောင်း ရန်ဖြစ်ပြီးသကာလ ဒေသအတွင်း တရုတ်ပြည်ရဲ့ လွှမ်းမိုး ဩဇာသက်ပုံကို စဉ်းစားမိတာလေး ရေးချင်တယ်။ ပညာရှင် မဟုတ်လို့ အရပ်သားလို ခပ်တိမ်တိမ်ကလေး တွေးပါတယ်။ ဆရာသစ်မင်းတို့လို ပညာရှင်များ၏ ထောက်ပြဝေဖန်စရာများကို ကြိုဆိုပါသည်။ တွေးမိပုံကဒီလိုပါ…. အာရှတိုက်မှာ အရှေ့နဲ့အနောက် ရေမြေတောတောင် ရာသီဥတု ယဉ်ကျေးမှုများ ကွာခြားတာကို သတိပြုမိတယ်။ အနောက်ဖက်ဒေသ အာရပ်ကမာ္ဘကတော့သိတဲ့အတိုင်း ပူပြင်းခြောက်သွေ့တဲ့ သဲကနာ္တရ ဒေသဖြစ်တယ်၊ အစ္စလာမ်ဘာသာ၊ အာရပ်ယဉ်ကျေးမှု ထွန်းကားတယ်၊ မြေကြီးထွက် ရေနံနဲ့ စီးပွားဖြစ်တယ်။ အရှေ့ဖက်မှာတော့ မြန်မာနိုင်ငံပါတဲ့ အရှေ့တောင်အာရှ (အာဆီယံ)၊ အရှေ့မြောက်အာရှ (တရုတ်၊ ဂျပန်၊ ကိုရီးယား)၊ တောင်အာရှ (အိန္ဒိယတိုက်ငယ်) ပါတယ်။ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဂျပန်၊ တောင်ကိုရီးယား […]


နယူးယောက်မြို့နဲ့ Long Island ဒေသတဝိုက် ပြေးဆွဲတဲ့ ဒေသဆိုင်ရာ အစိုးရတပိုင်း LIRR ရထား ကုမ္မဏီ အငြိမ်းစားရံပုံငွေ ဒေါ်လာသန်းတထောင်ကျော် အလွဲသုံးစားမှုကြီးကို ဖက်ဒရယ်ပြည်ထောင်စု အစိုးရမှ စုံစမ်းစစ်ဆေး နေပါတယ်။ သဂျီးရဲ့တိုင်းပြည်မှာလည်း ဒီလိုမျိုးရှိပါ ဂလားလို့ သံဝေဂ ယူမိပါတယ်။ အစိုးရ ကောင်းရင် အုပ်ချုပ်ပုံစနစ် မှန်ရင် တိုင်းပြည် တိုးတက်တယ် သဂျီးရေ၊ လူထက်မူ အရေးကြီးတယ်။ စပါးလုံး တထောက်လောက် ကြည့်ပြီး ဘာသာတရားကို အရမ်းမစွတ်စွဲနဲ့။ အခုလို ပြသနာမျိုးတွေ အများပြည်သူနဲ့ ဆိုင်တဲ့ ဌာနတိုင်းလိုလိုမှာ ရှိတယ်။ လုပ်ပုံလုပ်နည်း ဖြစ်ရပ်တွေသာကွာမယ်။ စီးပွားရေး ကော်ပိုရေးရှင်းတွေ အများပြည်သူနဲ့ဆိုင်တဲ့ လုပ်ငန်းဌာနတွေအားလုံး သူ့ဂွင်နဲ့သူ။ အစိုးရ ချွတ်ခြုံကျမှ ယိုပေါက်တွေ လိုက်ပိတ် ရင်းနဲ့ပေါ်ကုန်တာ။ စနစ်မှန်ရင် […]


ပြောင်သူလွှတ်တော်က နိုင်ငံရေးပါတီ မှတ်ပုံတင် ဥပဒေ ပြင်ဆင်ချက် အတည်ပြုလိုက်တယ်လို့ RFA သတင်းမှာ ဖတ်ရလို့ လက်တန်းကောက်ရေးလိုက်တယ်။ ပြင်လိုက်တဲ့ အဓိက အချက်သုံးချက်မှာ (၁) အရင် ဥပဒေမှာ သတ်မှတ်ထားတဲ့ ထောင်ဒဏ်ကျခံနေရသူ နိုင်ငံရေးပါတီဝင် မဖြစ်ရဆိုတဲ့ အချက် ဖျက်သိမ်းပြီး၊ (၂)၂၀၀၈ အခြေခံဥပဒေကို “ထိန်းသိမ်း စောင့်ရှောက်ရေး” အစား “လေးစားလိုက်နာရေး” နဲ့ အစားထိုးတယ်။ (၃) မှတ်ပုံတင်မယ့် ပါတီတခုဟာ အနည်းဆုံး မဲဆန္ဒနယ်မြေ (၃) ခု ကိုယ်စားပြုပြီး ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ရမယ်လို ့ ပြောင်းလဲထားတယ်။ ကြားဖြတ်ရွေးဂေါက်ပွဲမှာ ကိုယ်စားလှယ်နေရာ ၅ဝ လစ်လပ်တယ်။ http://www.rfa.org/burmese/news/parliament-10272011235203.html မဇ္ဈိမသတင်းမှာတော့ နေရာသုံးနေရာ သတ်မှတ်ချက်ဟာ ရွေးကောက်ပွဲဝင်လွန် နိုင်ငံရေးပါတီများနဲ့ မသက်ဆိုင်လို့ ရေးထားတယ်။ […]


ငယ်စဉ်က ရုရှားစာရေးဆရာကြီး လီယိုတော်စတွိုင်းရေးတဲ့ လူပေါကြီးအီဗန်ဝတ္ထု ဖတ်ဖူးပါတယ်။ (အထင်မကြီးနဲ့ ဘာသာပြန်)။ အသေးစိတ် မမှတ်မိပေမဲ့ ဆိုင်တာကို ကိုးကားပါရစေ။ လူပေါကြီးဆိုသော်လဲ မင်းသိင်္ခဝတ္ထုထဲက ဇာတ်ကောင်စရိုက် အတိုင်းပြောကြေးဆိုရင် လူစွမ်းကောင်း ဒါမှမဟုတ် ဂန္ဓာရီခရီးသည် ဖြစ်နိုင်ပါတယ်။ အီဗန်မှာ လောဘ၊ ဒေါသ မရှိဘူး။ ပကတိ ရိုးသားဖြူစင်တယ်။ အကိုနှစ်ဦးကတော့ သူလိုငါလို အတ္တကြီးသူများ ဖြစ်ပါတယ်။ အရွယ်ရောက်တော့ အကိုနှစ်ဦး အိမ်ထောင်ပြုကြပြီး မိဘသေလို့ အမွေခွဲတဲ့ အခါမှာလည်း ကျွဲနွားရွှေငွေတွေကို သူတို့ပဲ အကုန်သိမ်းတယ်။ အီဗန်ကတော့ ယူရကောင်း၊ နာရကောင်းမှန်း မသိဘူး။ တနေ့မတော့ အီဗန်တယောက် လယ်ထဲမှာ ထွန်သွားနဲ့ညှိနေတဲ့ မှင်စာတကောင် ဖမ်းမိတယ်။ မသတ်ဘဲ လွှတ်လိုက်လို့ မှင်စာက လိုရာဆုမန်းနိုင်တဲ့ ဆေးမြစ်သုံးခုပေးတယ်။ ဆေးမြစ်တခုကို အကိုကြီးက […]


အမေရိကန်နိုင်ငံမှ စတင်လိုက်တဲ့ ဝေါစထရိသိမ်းပိုက်ရေး လှုပ်ရှားမှု Occupy Wall street ဟာ အခုဆိုရင် အခွင့်ရေး တောင်းဆိုလှုပ်ရှားသူ၊ အလုပ်သမားသမဂ္ဂများရဲ့ အားပေးထောက်ခံမှုနဲ့ ကမာ္ဘတလွှား မြို့ကြီးများကို ပျံ့နှံ့သွားပြီး အရှိန်အဟုန်နဲ့ ချီတက်လျက်ရှိပါတယ်။ သက်ဆိုင်ရာ တိုင်းပြည်တွေမှာ ဖြစ်နေတဲ့ ရေရှည်စီးပွားရေးကျဆင်းမှု အခြေအနေဆိုးကို ကန့်ကွက်ဆန္ဒပြနေတာပါ။ လှုပ်ရှားမှု ကြွေးကျော်သံကတော့ “ငါတို့သည် ၉၉ရာခိုင်နှုန်းဖြစ်တယ်။” ဒီနေ့ စီအန်အန်မှာ စိတ်ဝင်စားစရာ သတင်းတပုဒ် ဖတ်ရပါတယ်။ http://money.cnn.com/2011/10/20/news/economy/occupy_wall_street_income/index.htm?hpt=hp_t2 အမေရိကန်နိုင်ငံသား အခွန်ထမ်းများရဲ့ တစ်ရာနှုန်းဖြစ်တဲ့ အချမ်းသာဆုံး ရေပေါ်ဆီလူတန်းစား အလွာထဲဝင်ဖို့ ဒေါ်လာတသန်း နှစ်စဉ်ဝင်ငွေရှိမှ ဖြစ်မယ်လို့ထင်နေရင် ပြန်စဉ်းစားလိုက်ပါအုံး။ ၂၀၀၉ခုနှစ်မှာ ထုတ်ပြန်တဲ့ အခွန်ဦးစီးဌာန စာရင်းကိန်းဂဏန်းများအရ နှစ်စဉ်ဝင်ငွေ ဒေါ်လာ၃၄၃၉၂ရ ရှိဖို့သာ လိုပါတယ်။ ကန့်ကွက်ဆန္ဒပြသူများကတော့ ရေပေါ်ဆီ၁%ကြောင့် ဆင်းရဲချမ်းသာ […]


သမဒဂျီးဦးသိန်းစိန်ရဲ့ ချစ်ခင်ကြင်နာမှုနဲ့ ပြန်လွှတ်ပေးလိုက်တဲ့ နိုင်ငံရေးအကျဉ်းသား၂၀၆ဦးရဲ့ စာရင်းကို thevoicemyanmar.com ကနေ scribd.com မှာတင်ပေးတာတွေ့လို့ လွတ်လာသူများရဲ့ ထောင်ကျသက်နဲ့ ရခဲ့တဲ့လျော့ရက်ကို ရွာသားများသိနိုင်အောင် ကူးယူဖော်ပြလိုက်ပါတယ်။ ဗွိုက်စ်ဂျာနယ်ကိုလည်း ဒီကနေ ခွင့်တောင်းပါတယ်။ အန်အယ်ဒီကြေငြာချက်မှာ လွတ်လာသူ နိုင်ငံရေးအကျဉ်းသား ၁၉၈ဦး၊ သို့ပေမဲ့ နိုင်ငံရေး အကျဉ်းသားစောင့်ရှောက်ရေးအဖွဲ့ အေအေအာပီကတော့ ၂၀၆ဦးလို့ဆိုပါတယ်။ ဦးဇာဂနာ၊ ဗိုလ်ချုပ်ဆေထင် တို့လို နှစ်ရှည်ထောင်ဒဏ်ချခံထားရတဲ့ အကျဉ်းသမားများပါသလို အတော်များများဟာ ပြန်လွတ်ခါနီးသမား၊ ထောင်ထဲမှာ အချိန်အတော်များများ ပေးဆပ်ခဲ့ရသူ (သို့) မတရားပြစ်ဒဏ်ရဲ့ သုံးချိုးနှစ်ချိုးကျော်မျှ ခံစားခဲ့ ရသူများ ဖြစ်ပါတယ်။ တဆက်ထဲမှာပဲ ရွာသားများအနေနဲ့ သူတို့ဘဝကို ပိုပြီးစာနာတတ်စေရန် လွတ်ခါနီးမှ လွတ်မြောက်လာသူအချို့နဲ့ ပြည်ပသတင်းဌာနများ တွေ့ဆုံမေးမြန်ခန်းများကို ကောက်နှုတ်တင်ပြပါတယ်။ သက်ဆိုင်ရာ သတင်းဌာနများကိုလည်း ဒီကနေ ခွင့်ပန်လိုက်ပါတယ်။ […]