တရုတ်ပြည်က သူ့ရဲ့ပထမဆုံး ပေ၉၉ဝအရှည်ရှိ လေယာဉ်တင်သင်္ဘောကို မန်ဒရင်းပင်လယ်ပြင်မှာ စမ်းသပ်ရေချ မောင်းနှင်လိုက်ပြီမို့ တရုတ်တို့ရဲ့ ကြီးထွားလာတဲ့ စီးပွားရေးအင်အားနဲ့အတူ ချဲ့ထွင်လာတဲ့ စစ်အင်အားတည်ဆောက်မှုကိုလည်း သတင်းမီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။ တရုတ်ပြည်မနဲ့ပြိုင်ဖက် ထိုင်ဝမ်နိုင်ငံကလည်း တနေ့ထဲမှာ သူတို့ရဲ့ လေယာဉ်တင်သင်္ဘောဖျက်ဒုံးပျံကို ထုတ်ပြန်ကြေငြာလိုက်တယ်။ လေယာဉ်တင်သင်္ဘောတစီး လည်ပတ်လှုပ်ရှားဖို့ဆိုတာ အလွန်ရှုပ်ထွေး၊ ကုန်ကျစရိတ် နှစ်စဉ် ဒေါ်လာဘီလျံ ချီတယ်လို့ ဆရာဦးဘိုဘိုကျော်ငြိမ်း ဘာသာပြန်တဲ့ ဆောင်းပါးတပုဒ်မှာ ဖတ်ဖူးပါတယ်။ သူ့တစင်းထဲသွားလို့ မရဘဲ ရေငုပ်သင်္ဘောများ၊ ဒုံးပျံတင် ဖရီးဂိတ်စစ်သင်္ဘောများ၊ ထောက်ပို့ သင်္ဘောများ တလှေကြီးနဲ့ ဆင်ဖြူတော်ကို အခြားဆင်များခြံရံသလို ထားရတာပါ။ မိမိကမ်းလွန်ပင်လယ်ပြင် သာမက တကမ္ဘာလုံးရှိ နိုင်ငံတကာပင်လယ်ပိုင်နက်မှာ လှုပ်ရှားနိုင်တဲ့ ပင်လယ်ပြာသင်္ဘောအုပ်စစ်စစ်ဆိုလို့ အမေရိကန်တနိုင်ငံထဲ ရှိမယ်ထင်ပါတယ်။ သူ့နောက်မှာ ဗြိတိန်၊ ပြင်သစ်တို့ ရှိပါလိမ့်မယ်။ ကုန်ကျစားရိတ် […]


သဂျီးတင်လိုက်တဲ့ ဩဂုတ်လ ၅ရက်ထုတ်.. မြန်မာ့အလင်းသတင်းစာပါ မောင်တင်အေး(သရက်)ရဲ့ နိုင်ငံကိုစွန့်ခွာခြင်းဆောင်းပါး ဖတ်ပြီး စဉ်းစားမိလို့ပါ။ ဆောင်းပါး အကြောင်းအရာ တိုင်းပြည်ကို စွန့်ခွာပြေးပြီး သူတပါးနိုင်ငံမှာ အခြေကျနေထိုင်သူ၊ နိုင်ငံတော် ကျေးဇူးသစ္စာကို ခံစားပြီး (သူတို့အဆိုအရ) တခြားနိုင်ငံမှာ ခိုလှုံခွင့်ခံ၊ နိုင်ငံသားခံယူသူ ပြည်ပအတိုက်အခံများကို စွတ်စွဲတိုက်ခိုက် ထားပါတယ်။ ဆောင်းပါးရှင် စွပ်စွဲသလို နိုင်ငံတော်ကပေးတဲ့ အခွင့်အရေးများ ဥပမာ ပညာသင်ဆု ယူပြီး အိမ်မပြန်တဲ့သူတွေလဲ ရှိပါမယ်။ ကျနော်က နိုင်ငံရေး ထဲထဲဝင်ဝင် လှုပ်ရှားသူ၊ နိုင်ငံရေးကြောင့် ပြည်ပရောက်နေသူလည်း မဟုတ်လို့ ပုဂ္ဂိုလ်ရေး ခံစားချက် မရှိပါ။ စဉ်းစားမိတာ နိုင်ငံတော်ဆိုတာ တကယ်ရှိသလား၊ ဝေါဟာရသက်သက်လား၊ ဘယ်လိုမျိုးကို ခေါ်သလဲ။ ပြည်တွင်းမှာ အတိုက်အခံများကို နှိပ်ကွပ်၊ ဝါဒဖြန့်ချီတဲ့အခါ စစ်အစိုးရ အဆက်ဆက် […]


ဒေါ်အောင်ဆန်းစုကြည် ပဲခူးနဲ့သနပ်ပင်မြို့တွေဖက်ကို ဩဂုတ်လ ၁၄ရက်နေ့မှာ နေ့ချင်းပြန်ခရီး ထွက်မယ်တဲ့။ အာဏာပိုင်တွေနဲ့လည်း လူထုစည်းရုံးရေးခရီးစဉ်မှာ လုံခြုံရေးကိစ္စ ပူးပေါင်းဆောင်ရွက်မယ်လို့ အာရ်အက်ဖ်အေ သတင်းမှာ ဖတ်ရတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းမှာတင် ဒေါ်စုကို စီးပွားရေးဖိုရမ် ဆွေးနွေးပွဲတက်ဖို့ ဦးသိန်းစိန်အစိုးရကဖိတ်မယ်။ ဝန်ကြီးဦးအောင်ကြည်နဲ့လည်း ထပ်တွေ့ဖို့ရှိတယ်။ တစညပါတီလည်း ဒေါ်စုနဲ့ တွေ့ဖို့ဖြစ်နိုင်တယ်၊ နောက်ဆုံး ကြံ့ဖွံ့အသင်းအတွင်းရေးမှူး ဦးဌေးဦးကလည်း ဒေါ်စုကို တွေ့မယ်ဆိုတယ်။ စစ်တပ်လွှတ်တော် ကိုယ်စားလှယ်အစုပဲ ပြောဖို့ကျန်တော့တယ်။ သူတို့က တမင်ချန် နေခဲ့တာများလား… ပုလင်းတူဗူးဆို့တွေ တယောက်ပြီးတယောက် တလေသံထဲ ပစ်လာကြတာ တိုက်ဆိုင်မှုတွေတော့ မဟုတ်လောက်ဘူးထင်တယ်။ ဆရာဇော်ဇော်အောင်ရေးထဲ လျို့ဝှက်သဲဖို ဝတ္ထုထဲမှာ မင်းသား ရန်သူပတ်လည် ဝိုင်းခံနေရတဲ့ အချိန်မျိုးမှာ အရက်ဘားထဲဝင်သွားတော့ ဘေးပတ်ဝန်းကျင်ကလူတွေ တဦးမှ သံသယဖြစ်စရာ မကောင်းဘူး။ အဲဒီမှာတင်ဗြုန်းဆို အခြေအနေဆိုးတခုမှာ အားလုံးအဆင်ပြေ […]


နိဒါန်း နန်းဒိ လှမ်းကြည့်စဉ်က ဟုတ်သလိုလို ဘုတ်ဆိုအသံကြားမှ ဂုတ်ပေါ်တုတ်ရောက်မှန်း သိရတယ်.. 🙄 စာကိုယ် စိုကာ ဆိုစရာ အပိုမပါ လိုနေတာ သိပေမဲ့ ထိုင်နေအကောင်း ထသွားမှကျိုးမှာမို့ ငိုနေတာ ဘယ်သူမှမသိ.. 😥 နိဂုံး နုန်းဂိ ဖုံးဖိဖိနဲ့ အပြုံးရှိမယ် ထင်ခဲ့တာ တဆုံးထိအောင် ဝင်သွားတယ် နောက်ထပ် ရှုံးရန်မရှိ.. 🙁     အရှုံးသမားကြောင်ကြီး


မြေရိုင်းလို့ ပန်းရိုင်းတယ် ဘူဝိုင်းလို့ ဂူရွိုင်းတယ် မြူဆိုင်းလို့ လူရိုင်းတယ် နင်နှိုင်းတော့ ငါတိုင်းတယ် ရန်ငါစည်းခြားကြ ရရင်ရ မရရင်ချ အနီးကပ်ဆုံးရန်သူ မမေ့ကြနဲ့ သေရဲသတ်ရဲ အနိုင်ယူရဲရင် အောင်ပွဲဆိုတာ လက်တကမ်းမှာ…။  


ဒီနေ့ တနင်္လာနေ့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရ ကိုယ်စားလှယ် ဦးအောင်ကြည်တို့ တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။ နအဖဘက်က ဘာတွေပြောကြမှာလဲ၊ အရင်လိုပဲ ရူးချင်ယောင်ဆောင် နေအုံးမှာလား။ သေချာတာတခုကတော့ စစ်ဗိုလ်ချုပ်ဟောင်း ဦးအောင်ကြည်သည် ဒေါ်စုနဲ့ ဆွေးနွေးဖက်တယောက် မဖြစ်နိုင်ပါဘူး။ ဟိုဖက်ဒီဖက် သတင်းစကားတွေကို သယ်ဆောင်ပေးသူ messenger သာဖြစ်ပါတယ်။ ဒါဆိုရင် ဒေါ်စုနဲ့ ဆွေးနွေးဖက် ဘယ်သူဖြစ်နိုင်မလဲ။ သမတ ဦးသိန်းစိန်လား၊ စစ်ဒုသမတ ဦးအောင်မြင့်ဦးလား၊ လွှတ်တော်ဥက္ကဌ ဦးရွှေမန်းလား၊ ကာချုပ်ဗိုလ်မင်းအောင်လှိုင် ဒါမှမဟုတ် ဗိုလ်ချုပ်မောင်အေးလား။ တယောက်မှာ မဟုတ်ပါဘူး၊ သူတို့အားလုံးသည် လားသာသာအဆင့်ပဲ ရှိတာပါ။ တကယ်တမ်း အဓိပ္ပါယ်ရှိလေးနက်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲလုပ်နိုင်သူက ချုပ်မှူးကြီး ကလွဲရင် အခြား ဘယ်သူမှ မဖြစ်နိုင်ပါဘူး။ ဒေါ်စုနဲ့ချုပ်မှူးကြီးတို့ အရင်ကလည်း တကြိမ်ထက်မနဲ […]


ငယ်ငယ်တုံးက ဘာသာပြန်ဆောင်းပါးတပုဒ်ထဲမှာ ဖတ်ဖူးတာ အင်္ဂလန်နိုင်ငံ အောက်စဖို့ တက္ကသိုလ် ရှေ့နေဘွဲ့ရ ကုလားတဦး ရထားနဲ့ ခရီုးသွားတယ်။ ကိုလိုနီခေတ်ဆိုတော့ အိန္ဒိယမှာ တတိယတန်းကို သာမာန်အိန္ဒိယပြည်သူတွေ၊ ဒုတိယတန်းကို မျက်နှာဖြူလူမျိုးတွေ၊ ပထမတန်းကို မျက်နှာဖြူအရာရှိကြီးတွေဆိုပြီး သတ်မှတ်ထားတယ်။ အနောက်တိုင်း ဝတ်စုံဝတ်ပြီး မာန်တက်နေတဲ့ ကုလားက သူ့မိန်းမကို အထုတ်အပိုးတွေနဲ့ တတိယတန်း လက်မှတ်ဖြတ်ပေးပြီး ကိုယ်တိုင်ကတော့ ဒုတိယတန်းကစီးတယ်။ ရထားထွက်ထွက်ခြင်းတော့ စတိုင်မလိုင်နဲ့ပေါ့။ နောက်တော့ လက်မှတ်စစ် မျက်နှာဖြူဘိုကလည်းတွေ့ရော သူ့ကို တွဲပေါ်ကနေ မောင်းချပစ်လိုက်တယ်။ လွတ်လပ်ရေးရကာစ မြန်မာနိုင်ငံမှာ ကုလားဆရာဝန်ကြီး တဦးရှိတယ်။ အင်္ဂလန်က ဆရာဝန် ဘွဲ့ရ၊ အင်္ဂလိပ်စကားလည်း မွတ်နေတာပဲ၊ ဝတ်တာစားတာလည်း အင်္ဂလိပ်တွေလိုပဲ ပုံတူကူးချသတဲ့။ မိသားစုဝင် အားလုံးကတော့ ကုလားတွေပဲ ဖြစ်ပုံရတယ်။ တနေ့မှာတော့ ကံအကြောင်းမလှလို့ […]

may_3-036-e1310702208161-600x800.jpg

  တလောက North Carolina ပြည်နယ် Duke University ကိုရောက်တုန်း အနုပညာပြတိုက်မှာ ခိုးရိုက်ထားခဲ့တဲ့ပုံများပါ။ ပြတိုက်လာကြည့်သူများကို ဓာတ်ပုံပေးမရိုက်ပေမဲ့ နိုင်ငံကြီးသား ပီသစွာ အစောင့်တွေအလစ်မှာ ခိုးရိုက်ထားတာပါ။ ဒါတောင် flash ကို မပိတ်တတ်လို့ နောက်က လိုက်ကြည့်တာ ခံရပါတယ်။ ပြတိုက်ကို လေးပိုင်းခွဲထားပြီး နာမည်တမျိုးစီပေးထားပါတယ်။ တိတိကျကျတော့ မမှတ်မိတော့ပါဘူး။ အမှန်က ချက်ခြင်းပုံတွေတင်ရမှာ ပျင်းနေတာနဲ့ ဘာမှရေရေရာရာ မမှတ်မိတော့ကြောင်းပါ။ တနေရာမှာပဲ အစောင့်က သဘောကောင်းစွာနဲ့ ဓာတ်ပုံရိုက်ခွင့်ပေးပါတယ်။ ကျန်တာတွေက မြန်မာ့နည်းမြန်မာ့ဟန် ကြိုးပမ်းအားထုတ်မှုတွေဖြစ်ပါတယ်။ အာရုံခံစား ကိလေသာ ပွားကြပါခင်ဗျား….. 🙄                       […]

PHB-Burmese-600x776.png

မြန်မာပြည်တွင်းမှာ လူမှုကယ်ဆယ်ထောက်ပံ့ရေး လုပ်နေကြသူများ အတွက်ပါ။  လျောက်လွှာကို အောက်ဖော်ပြပါလင့်ခ်မှာ ရယူနိုင်ပါသည်။ http://moemaka.com/index.php?option=com_content&task=view&id=9388&Itemid=1 ဆန်ဖရန်ဘေးဧရိယာက Project Help Burma က ပြည်တွင်းကူညီမှု လျှောက်လွှာခေါ်နေပြီ မိုးမခအထောက်တော် ဝ၀၂၊ ဇူလိုင် ၁၂၊ ၂၀၁၁ တင်ပြရမဲ့ လျောက်လွှာပုံစံကို ပေးထားတဲ့လင့်ခ်ကနေ ဒေါင်းနိုင်သလို အခုပို့စ်မှာလည်း ဓာတ်ပုံအနေနဲ့ ဖြည့်စွက်လိုက်ပါတယ်။ အဲဒါမှ အဆင်မပြေရင် သဂျီးထံတိုက်ရိုက်တင်ပြပြီး ဖောင်များကို ဆိုက်မှာ တနည်းနည်းနဲ့ တင်ပေးထားဖို့ တောင်းဆိုနိုင်ပါတယ်။ ကျနော့်ကို တိုက်ရိုက်အီးမေးလ်ကနေ ဆက်သွယ်ရင်လည်း တဆင့်အကျိုးဆောင်ပေးဖို့ ဝန်မလေးပါဘူး။ ၂၀၀၉ ခုနှစ်ကတည်းက စတင်ပြီး ဈေးရောင်းပွဲများလုပ်၍ ရန်ပုံငွေရှာနေတဲ့ Project Help Burma မြန်မာလူမှုရေးကူညီမှု ရန်ပုံငွေအဖွဲ့က ၂၀၁၁ အတွက် မြန်မာပြည်တွင်းက အလှူခံလျှောက်လွှာများကို လက်ခံနေပြီဖြစ်တယ်လို့ […]

visspassana.jpg

ဆရာသခင် Master ဆရာဆိုတာ ကျွမ်းကျင်သူလို့ အဓိပ္ပါယ်ထွက်ပါလိမ့်မယ်။ အလွယ်ပဲ နေ့စဉ်ဓူဝ သုံးလေ့ရှိကြရာမှာ ဆိုက်ကားနင်းသူကိုလည်း ဆိုက္ကားဆရာ၊ စာသင်ပြသူကို ကျောင်းဆရာ၊ ရုံးပြင်ကန္နားတွေမှာလည်း ဆရာ၊ ဆရာဝန်ကိုလည်း ဆရာ၊ စသဖြင့် အလွယ်တကူကနေ လေးစားသမှုအထိ ခေါ်ကြပါတယ်။ စစ်တပ်ထဲမှာတော့ ကိုယ့်ထက်နိမ့်တယ်ဆိုတဲ့ အနေနဲ့ နှိမ့်ခေါ်တာပါ။ စစ်ဗိုလ်က သူ့လက်အောက်က တပ်ကြပ်၊ တပ်ကြပ်ကြီး များကို ဆရာ၊ ဆရာကြီးလို့ ခေါ်ပါတယ်။ ပြန်တမ်းဝင်အရာရှိ မဟုတ်ပေမဲ့ သူတို့ရဲ့ကျွမ်းကျင်မှု လုပ်သက်ကို အသိအမှတ်ပြုတဲ့သဘော ဖြစ်ပုံရပါတယ်။ ဒီအထိတော့ ပြောစရာ မဟုတ်သေးပါဘူး။ စစ်တပ်က ဗိုလ်ကြီး၊ ဗိုလ်မှူးများ အရပ်ဖက်ရုံးတွေကို တဆင့်မြင့်၊ နှစ်ဆင့်မြင့် ရာထူးတွေနဲ့ ခုန်ပျံကျော်လွှား ဝင်ရောက်လာတဲ့အခါ လက်အောက်က စီနီယာအရပ်သား အရာရှိကြီးများကို အစမှာ ဆရာလို့ […]

doctor.jpg

  မြန်မာနိုင်ငံ ဆရာဝန်များအသင်း အရှုပ်တော်ပုံကဒီလိုပါ။ ဆရာဝန်အသင်းတိုက်က ဦးအရှုပ်ဆိုတဲ့လူ တော်ပုံများ သူငယ်စဉ် ဆယ်တန်း ကျောင်းသားဘဝကထဲက ၆ဘာသာဂုဏ်ထူးနဲ့ ထူးထူးချွန်ချွန်အောင်တယ်။ ဆေးကျောင်းမှာလည်း နှစ်တိုင်း Roll number 1 ရတယ်။ ဒါတင်မက မဟာဘွဲ့၊ FRCP ဆိုတဲ့ အင်္ဂလန်က သမားတော်ဘွဲ့လည်းရတယ်။ စစ်ဗိုလ်ချုပ်ကြီးတဦးနဲ့လည်း ဆွေမျိုးနီးစပ်တော်တယ်။ သူများတွေ တော်ပုံများ ပြောပါတယ်။ ဘာရယ်ဟုတ်ပါဘူး၊ မန်းဂေဇက်ရွာထဲမှာ ဆရာဝန်၊ ဆရာဝန်တွေနဲ့ပတ်သက်သူ၊ သူတို့ကို စိတ်ဝင်စားသူ ဘယ်နှစ်ယောက်များ ရှိလည်းလို့သိချင်လို့ စိတ်ဝင်စားမဲ့ ခေါင်းစဉ်လေးနဲ့ လှုပ်ကြည့်လိုက်တာပါ။ လွန်တာရှိ ဝန္ဒာမိပါ။ 😉

mother-in-law.jpg

အင်္ဂလန်နိုင်ငံက လက်ထပ်တော့မယ့်စုံတွဲ သတို့သားဖက် မိဘအိမ်ကို သွားလည်အပြီး ယောက္ခမ လောင်းကြီးကနေ ချွေးမဖြစ်မယ့်သူဆီ ပို့လိုက်တဲ့ သတိပေးအီးမေးလ်စာဟာ အင်တာနက်မှာ လတ်တလော ပျံ့နှံ့နေပါတယ်။ ကမာ္ဘဦးကထဲက ညှိလို့မရတဲ့သူနှစ်ဦးမို့ မဆန်းပေမယ့် တဖက်ကကြည့်ရင် အသက်၃ဝ ကွာနေကြသူ နှစ်ဦး (ယောက္ခမကြီး ၆ဝနှစ်၊ ချွေးမ ၂၉နှစ်ပါ။ အင်္ဂလန်နိုင်ငံက မရိုးနိုင်တဲ့ ဖြစ်ရပ်လေးတခုပါ)။ ရွာသားများ အထူးသဖြင့် ရွာသူများ ဆင်ခြင်နိုင်ကြဖို့ တင်ပြလိုက်ပါတယ်။ J ပြီးခဲ့တဲ့လတုန်းက သတို့သမီးလောင်း Heidi Withers ယောက္ခမအိမ်မှာ သတို့သားလောင်းနဲ့အတူ ညအိပ်ညနေ သွားလည်ပတ်စဉ် လိုက်နာရမဲ့ စည်းကမ်းများကို ယောက္ခမကြီးက သင်ကြားပေးလိုက်တာပါ။ စာကို မင်းပြင်ရမယ့် အချက်များ Your lack of manners လို့ ခေါင်းစဉ်တပ်ထားပါတယ်။ ဘူးလက်ပွိုင့်နဲ့ […]

foreign.jpg

ဒီနေ့မနက် အိပ်ယာထပြီး အင်တာနက်တက် သတင်းဖတ်တော့ မြန်မာတိုမ်းစ်အယ်ဒီတာချုပ် ရော့စ်ဒန်ကလေကို ထောင်ဒဏ်တလ (သို့) ဒဏ်ငွေတသိန်းနဲ့ အမှုဖြတ်ပေးလိုက်ကြောင်းတွေ့ရပါတယ်။ သူ့ကို ၄၄ရက်ချုပ်ထားပြီးလို့ ထောင်ဒဏ်ကျခံရန် မလိုတော့ေြ့ကာင်းမါ ဆက်လက်ဖတ်ရှုရပါတယ်။ အကျဉ်းထောင်တွင်း လူမဆန်မှုများကို ဘယ်သူမှ မခံစားစေလိုတဲ့အတွက် ကာယကံရှင်ကိုယ်စား ဝမ်းသာပါတယ်။ တနေ့ကလည်း တရုတ်ပြည်သားကျောက်ကုန်သည်၆ယောက်က မြန်မာကျောက်သမားတဦးကို ဝိုင်းရိုက်လို့  တရုတ်ကောင်စစ်ဝန်အကူအညီနဲ့ တရုတ်ပြည်ကို ပြန်ပို့လိုက်ကြောင်း သိရပါတယ်။ အာဏာပိုင်များရဲ့ တင်းကျပ်တဲ့ ချုပ်ကိုင်မှုအောက်မှာရှိတဲ့ မြန်မာပြည်မှာ အခုလို ဥပဒေအတိအလင်း ချိုးဖောက်မှုများကို အနိမ့်ဆုံးပြစ်ဒဏ်များနဲ့ အရေးယူမှုများဟာ ကိုယ့်နိုင်ငံသားများကိုရော သက်ရောက်မှုရှိမလား သိချင်ပါတယ်။ အရင်က အခြေခံဥပဒေမရှိလို့ဆိုသူ သောက်ရှက်နဲတဲ့ ကြားချောင်သတ်ပါတီများ၊ စားဖားသာကူး စာနယ်ဇင်းသမားများ၊ ဒေါင်းယောင်ဆောင်ကျီး ဒလျှိုဒလံများ ပိုသိကြမယ်ထင်ပါတယ်။ အတိုက်အခံတဦး သာမန်လူတိုင်းကျူးလွန်နိုင်တဲ့ အမှားအယွင်းတခုလုပ်မိပြီဆိုရင်တော့ အမြင့်ဆုံးပြစ်ဒဏ် အပေးခံရတယ်။ […]