မြန်မာ့ဒီမိုကရေစီအရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်အနှံ့ နိုင်ငံရေးခရီး ထွက်ဖို့ပြင်ဆင်နေတယ်လို့ တနင်္လာနေ့မှာ ပြောကြားလိုက်ပြီး အဲဒီခရီးစဉ်ဟာ ပြည်သူလူထုထောက်ခံမှုနဲ့ သူမရဲ့လွတ်လပ်ခွင့်ကို လွတ်မြောက်ပြီး ၆လအကြာမှာ စမ်းသပ်တာဖြစ်နိုင်သည်။ ဟောင်ကောင်မှာလုပ်တဲ့ ဗွီဒီယိုကွန်ဖရင့်တခုမှာ မေးမြန်းစဉ် အခုလို အတည်ပြု ပြောကြားလိုက်သည်။ ‘ဂျွန်လထဲမှာ ခရီးထွက်ဖြစ်ဖို့ မျှော်လင့်တယ်’ လို့ ဟောင်ကောင်တက္ကသိုလ်ရဲ့ စုဝေးပွဲတခုကို တက်ရောက်လာကြတဲ့ တတ်သိပညာရှင် တထောင်ကျော်ကို ရိုးရာအမျိုးသမီးဝတ်စုံ ဆင်မြန်းထားတဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်မှ ပြောသည်။ ‘ဘယ်ကိုသွားမလဲဆိုတာ မပြောနိုင်သေးပါဘူး၊ ခရီးစဉ်အသေးစိတ်ကို စီစဉ်နေဆဲလို့’ စစ်တပ် အာဏာတည်မြဲဖို့ လုပ်ဆောင်ချက်အဖြစ် အများပြစ်တင်ခြင်းခံနေရတဲ့ ရွေးဂေါက်ပွဲအပြီး တပတ်မပြည့်ခင် လွတ်မြောက်လာခဲ့သူ ဒေါ်စုကပြောသည်။ မြန်မာနိုင်ငံအနှံ့ကို ဒေါ်စုခရီးထွက်တိုင်း စစ်အာဏာပိုင်များ၏ နှောက်ယှက်ဖျက်ဆီးမှုများနှင့် ကြုံတွေ့ခဲ့ရသည်။ ယခုအကြိမ်တွင်လည်း စစ်အာဏာပိုင်များက လုံခြုံရေး အာမခံချက် ပေးမထားကြောင်းနှင့် နိုင်ငံသားတိုင်းကို […]