ဘာသာတရားနဲ့ ယဉ်ကျေးမှုဆိုတာကို စဉ်းစားမိပါတယ်။ ဘာသာတရားဆိုတာ နာမ်ဝိညာဉ် ရေးရာနဲ့ဆိုင်တဲ့ ဆုံးမသွန်သင်ချက်တွေဖြစ်ပြီး ယဉ်ကျေးမှုသည် နဂိုရှိပြီးသား ဓလေ့ထုံးတမ်းများနှင့် ဘာသာတရားတို့ ပေါင်းစပ်ရင်းမှ တိုးပွားစည်ပင်လာတဲ့ ကျင့်ဝတ်စည်းကမ်းများလို့ လူပြိန်းဆန်ဆန် နားလည်ပါသည်။ သစ္စာလေးပါးတရားတော်ကို ထိုးထွင်းသိမြင်ရေးသည် ဗုဒ္ဓဘာသာ၏ ပန်းတိုင်ဖြစ်ပြီး ကာလဒေသ လူမျိုးဘာသာစကား ကွဲပြားမှုကိုလိုက်၍ ရှင်းလင်းချဲ့ထွင်ချက်တွေသည် ဆုံးမပို့ချသူ၊ လိုက်နာဆည်းကပ်သူများရဲ့ အသိညဏ်၊ လူနေမှုအဆင့်ကိုလိုက်၍ ပြောင်းလဲပါသည်။ အမှန်သစ္စာသည် မဖေါက်ပြန်ပေမဲ့ ခေတ်စနစ်ပြောင်းတိုင်း လူတွေရဲ့စိတ် ပြောင်းပါသည်။ ရုပ်နဲ့နာမ်၊ ပတ်ဝန်းကျင်နှင့်လူ့စိတ် ခွဲမရလို့ လူမှုဆက်ဆံရေး အတွေးအခေါ် အပြုအမူများအားလုံး ပြောင်းလဲရသည်။ အီဗော်လူးရှင်း အဆင့်ဆင့် ပြောင်းလဲခြင်း မျိုးရှိသလို ရီဗော်လူးရှင်း အခြေခံမှစ၍ ပြောင်းလဲခြင်းများ လည်းရှိသည်။ ပြောင်းလဲပုံတွေ ကွဲပြားသလို လူတွေ၏ တုံ့ပြန်လက်ခံပုံများလည်း မတူညီကြ။ ဤတွင် […]