kaiSeptember 14, 20091min2915
IC မှ အစွမ်းဆုံး ဂစ်တာသမားဖြစ်သူ ချစ်စမ်းမောင် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေကြောင်း သိရှိရသည်။ ဇနီးဖြစ်သူနှင့်အတူ ဘုရားရှင်အတွက်မစ်ရှင် ကိစ္စများလုပ်ကိုင်ဆောင်ရွက်ရန် ရောက်ရှိနေသော ချစ်စမ်းမောင်သည် ယခင်က IC (Iron Cross)တီးဝိုင်းနှင့်အတူ ၂ခေါက်လာရောက်ခဲ့ဖူးသည်။ ယခုရောက်ရှိနေစဉ်အတွင်း စက်တင်ဘာ ၅-၆ ရက်နေ့များတွင် အဟန်းဘရာမြို ့နယ်-California ရှိ မြန်မာတို့၏ ခရစ်ယန်ချပ်ချ်သို ့သွားရောက်ကာဘာသာရေးကိစ္စများ ပြောကြားခြင်း ယခင်က IC ၏အဆိုတော်တဦးဖြစ်သူ ထွဏ်းထွဏ်းနှင့် တွဲဖက်ပြီး သီဆိုဖျော်ဖြေခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ ဖေါ်ပြပါပုံမှာ စက်တင်ဘာ ၆ ရက်နေ့က အဆိုပါချပ်ချ်တွင် ရိုက်ကူးထားသော ပုံဖြစ်သည်။ ဓါတ်ပုံကို ကိုတင့်လွင်ဥိးမှ ပေးပို့ပါသည်။