kaiMarch 17, 20113min811
နိဒါန်း နိုင်ငံရေးနဲ့ လူမှုရေးသိပ္ပံပညာရှင်များက paradigm of social orderမှာ မဏ္ဍိုင်သုံးမျိုးရှိတယ်လို့ ရှုမြင်သုံးသပ်ထားကြပါတယ်။ ဒီသုံးမျိုးကတော့ နိုင်ငံတော် (The state)၊ ဈေးကွက် (The Market) နဲ့ အရပ်ဘက် လူ့အဖွဲ့အစည်း (The Civil Society) တို့ပဲ ဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ ဈေးကွက်ကို ပထမ မဏ္ဍိုင်နဲ့ ဒုတိယမဏ္ဍိုင်လို့ သတ်မှတ်ကြတဲ့အတွက် အရပ်ဘက်လူ့အဖွဲ့အစည်းကိုကျတော့ တတိယ မဏ္ဍိုင် လို့ သတ်မှတ်ကြပါတယ်။ Civil societyဆိုတဲ့ သဘောတရားကို လူမှု ဖွဲ့စည်းပုံအမျိုးမျိုးမှာ အဓိပ္ပာယ်ဖွင့်ဆိုထားကြပြီး၊ အထူးသဖြင့် နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်း အကြားက ဆက်နွယ်မှုတွေမှာ အကျိုးသက်ရောက်မှုရှိတဲ့ သဘောတရား တခုအဖြစ် ယူဆထားကြပါတယ်။ Civil society သဘောတရားကို အထင်ရှားဆုံး ကိုယ်စားပြုဖော်ဆောင်တဲ့ […]