kaiFebruary 16, 20101min1373
8888peoplepower ရဟူးမေးလ်ဂရုမှာ (ဖေဖေါ်ဝါရီ ၁၃ရက် )နေ့က “ ဗိုလ်ချုပ်အောင်ဆန်းဟာကွန်မြူနစ်လား ”ဆိုပြီး မေးခွန်းထုတ်လာတာကို အဲဒီထဲက ဆွေးနွေးသူ တယောက်က ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းတခုကို ကိုးကားဖြေရှင်းပေးလိုက်တာပါ။ အဲဒီဆွေးနွေးမှုတွေက  ဗိုလ်ချုပ်အောင်ဆန်းကဗျာတပုဒ်ဖြစ်တဲ့ “အောင်ဆန်းဇာနည် ”မှာ အဆုံးသတ်အပိုဒ်က “  ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ၊ ဗိုလ်ချုပ်ချမှတ်သွား။” ဖြစ်နေတာကစတာဖြစ်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ တည်ထောင်သူထဲမယ် ပါတဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ၆၂ အာဏာသိမ်းလူကြီးမင်းများ ဝါဒဖြန့်ခဲ့သလို “ဆိုရှယ်လစ်”ဝါဒယုံသလား။ မယုံဘူးလား။ ကွန်မြူနစ်ဖြစ်ခဲ့သလား။ အဲဒီဝါဒယုံ ကြည်သလား။ သိသာနိုင်မယ်ထင်ပါတယ်။ http://humanresourceprogram.blogspot.com ကကူးယူဖေါ်ပြတဲ့ အောက်ကမိန့်ခွန်းဖြစ်ပါတယ်။ ကျုပ်လည်း (တုံးချက်က)မခါမှ မဖတ်ဖူးသမို ့သိချင်သူတွေသိရအောင်တင်ပေးလိုက်တာပါပဲ။ သိန်း- သန်း ကွန်မြူနစ်တွေလို့ သူမိန့်ခွန်းမှာသုံးရာမှာ “သိန်း”ဆိုတာ သခင်သိန်းဖေမြင့်ကို ဆိုလိုတာလားလည်း မသေချာပါ။ “သန်း”ကတော့ သူနဲ့မယားညီအကိုတော်တဲ့ […]