wailynnooJune 8, 20101min570
အင်တာနက်ဆက်သွယ်မှုများ မြန်ဆန်စေရေးနှင့် ဆက်သွယ်ရေး လုံးဝပြတ်တောက်ခြင်းမရှိစေရေးအတွက် အစိုးရပိုင်မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထိုင်း၊ အိန္ဒိယနှင့် မြန်မာနိုင်ငံအကြားတွင် နယ်စပ်ဖြတ်ကျော် ဖိုင်ဘာဆက်ကြောင်းလေးခု ထပ်မံသွယ်တန်းမည်ဖြစ်ကြောင်း ထိုလုပ်ငန်း၊ သတင်းအချက်အလက်နှင့် နည်းပညာဌာနတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ လက်ရှိတွင် နယ်စပ်ဖြတ် ကျော် ဖိုင်ဘာဆက်ကြောင်းအနေဖြင့် ထိုင်း၊ တရုတ်နိုင်ငံများနှင့်ဆက်သွယ်ထားပြီး ထိုဆက်ကြောင်းများသည်  Bandwidth capcity အားဖြင့် 10Gb (STM 64) စီရှိပြီး Microlink အဖြစ် 2.5Gb (STM 16) စီရှိသည်။ ယခုထပ်မံသွယ်တန်းမည့် ဖိုင်ဘာဆက်ကြောင်းများအဖြစ် မြန်မာနှင့်ထိုင်းအကြားတွင် မြဝတီဘက်မှ ဆက်ကြောင်းနှစ်လိုင်း ထပ်မံသွယ်တန်းမည်ဖြစ်ပြီး မြန်မာနှင့်အိန္ဒိယအကြားတွင် တမူးဘက်မှ  ဆက်ကြောင်းနှစ်လိုင်း သွယ်တန်းမည်ဖြစ်သည်။ အဆိုပါဆက်ကြောင်းများသည် Bandwidth capcity အားဖြင့် 155Mb (STM 1) စီရှိမည်ဖြစ်ပြီး ထိုကဲ့သို့ နယ်စပ်ဖြတ်ကျော်သွယ် […]


kaiDecember 21, 20091min1002
အခုတလော ဈေးဝယ်ရာသီ ၊လက်ဆောင်ပေးရာသီ ကွန်ပျုတာဝယ်ကြလိုသူများအတွက်ပါ။ ကွန်ပျူတာမှာ အရေးအကြီးဆုံးဆိုရမှာက စီပီယူခေါ်တဲ့ဦးဏှောက်ဖြစ်ပါတယ်။ သူကောင်းရင်ကောင်းသလို မြန်မှာဖြစ်တယ်လို ့အခြေခံအားဖြင့် ယူဆနိုင်ပါမယ်။ ပြီးတော့ ကွန်ပျူတာလုံးမှာဈေးအကြီးဆုံးဖြစ်နေတဲ့ ပစ္စည်းတခုလည်းဖြစ်ပါတယ်။ ဒီတော့ ကိုယ်ဝယ်မဲ့ကွန်ပျူတာ ဘယ်အမြန်နှုန်းရောက်နေလဲသိရအောင်အမြန်နှုန်းပြုစုထားတဲ့စာရင်းဂရပ်လေးတွေ့တာနဲ့ တင်ပေးလိုက်ပါတယ်။ ဇယားအရ အဓိကခွဲဝေရခက်မဲ့Intel နဲ့ AMDကို ပြထားပါတယ်။ ပြထားတဲ့ မျဉ်းကြောင်းကလေးပိုရှည်ရင် ပိုမြန်မှာဖြစ်မယ်လို ့အကြမ်းအားဖြင့် မှတ်ယူကြပါ။ အသေးစိတ်သိချင်ရင်တော့ အောက်က ဝက်ဘ်ဆိုက်မှာသွားကြည့်ကြစေလိုပါကြောင်း..။