အခုတလောမှာ အလုပ်ကလည်း အိုတီဆင်းရတဲ့ရက်တွေ များနေတာကြောင့် ပုံမှန် စာမရေးဖြစ်တာတောင် အတော် ကြာသွားတယ်။ ဒါပေမဲ့ အင်တာနက်က အလကားရတဲ့ eBook လေးတွေကို ဒေါင်းလုပ်ပြီး အလုပ်ထဲမှာ အားတဲ့အချိန် ဖတ်ဖြစ်ပါတယ်။ ဒါနဲ့ပဲ တစ်နေ့ညက Vol.(5), No.(21),April – 20 – 26, 2011 ထုတ် SHADE of the mandalay hill (မန်းတောင်ရိပ် အနုပညာဂျာနယ်) ဒေါင်းလုပ်ထားတာလေးကို ဖတ်ကြည့်မိတော့ ကျနော်ရေးထားတဲ့ စာမူ တပိုင်းတစကို “ယောက်ျားဆိုတာ” ဆိုတဲ့ ခေါင်းစဉ်နဲ့ သွားတွေ့ရပါတယ်။ အဲဒီစာကို “Living Together နဲ့ မြန်မာလူငယ်များ” ဆိုတဲ့ ခေါင်းစဉ်နဲ့ MG မှာနဲ့ ကျနော့်ဘလော့ www.shwemyine.com […]