manawphyulayAugust 2, 20101min1175
စအိုပေါက်မပါသည့်ကလေးတစ်ဦး စေတနာရှင်များ၏အကူအညီကို လိုအပ်နေကြောင်း သိရသည်။ ကလေးမြို့၏မြောက်ဘက် ၁၄မိုင်ခန့်အကွာတွင်တည်ရှိသော လက်ပံချောင်း စံပြကျေးရွာနေ အဖဦးငွန်တောင်းလိန်နှင့် အမိဒေါ်ဆွီးခင်တောင်းတို့မှ ၂၀၀၉ခုနှစ် ဖေဖော်ဝါရီ ၄ရက်တွင် သားလေးတစ်ဦးမွေးဖွားခဲ့ပြီး အဆိုပါကလေးသည် စအိုပေါက် မပါသဖြင့် ကလေး ပြည်သူ့ဆေးရုံ၌သွားရောက်ဆေးကုသရာ ဆေးရုံမှဆရာဝန်များက ကလေး၏ဗိုက်ကိုအပေါက်ဖောက်ပြီး အူမကြီးထုတ်ကာ မစင်သွားစေခဲ့သည်။ ၂၀၀၉ခုနှစ် ဩဂုတ် ၅ရက်တွင် မန္တလေးပြည်သူ့ဆေးရုံကြီးမှ ထိုကလေး၏ စအိုပေါက်ကို အောင်မြင်စွာ ခွဲစိတ်အပေါက်ဖောက်ပေးနိုင်ခဲ့သည်။ ယခုအခါ ကလေး ဗိုက်မှဖောက်၍ထုတ်ထားသော အူမကြီးကို ဗိုက်ထဲပြန်ထည့်ပြီး ပုံမှန်အတိုင်းဖောက်ထား သည့် စအိုပေါက်နှင့်ဆက်သွယ်ရန်အတွက် ကလေးအားနည်းနေသေး၍ မဆောင်ရွက် နိုင်သေးဟု ဆိုသည်။ ကလေးအား အာဟာရရှိသောအစားအစာများကျွေးရန် ဆရာဝန်များက ညွှန်ကြားထားသော်လည်း မိဘများမှာ ငွေရေးကြေးရေးတတ်နိုင်မှုမရှိ၍ ရှိသလောက် ဖြင့် ကျွေးမွေးပြုစုထားသည်။ ကလေးဆေးကုသမှုစရိတ်လည်း လိုအပ်နေရာ စေတနာ […]