စအိုပေါက်မပါသည့် ကလေးငယ်တစ်ဦး ကူညီမှုလိုအပ်နေသည်

manawphyulayAugust 2, 20101min1165

စအိုပေါက်မပါသည့်ကလေးတစ်ဦး စေတနာရှင်များ၏အကူအညီကို လိုအပ်နေကြောင်း သိရသည်။
ကလေးမြို့၏မြောက်ဘက် ၁၄မိုင်ခန့်အကွာတွင်တည်ရှိသော လက်ပံချောင်း စံပြကျေးရွာနေ အဖဦးငွန်တောင်းလိန်နှင့် အမိဒေါ်ဆွီးခင်တောင်းတို့မှ ၂၀၀၉ခုနှစ် ဖေဖော်ဝါရီ ၄ရက်တွင် သားလေးတစ်ဦးမွေးဖွားခဲ့ပြီး အဆိုပါကလေးသည် စအိုပေါက် မပါသဖြင့် ကလေး ပြည်သူ့ဆေးရုံ၌သွားရောက်ဆေးကုသရာ ဆေးရုံမှဆရာဝန်များက ကလေး၏ဗိုက်ကိုအပေါက်ဖောက်ပြီး အူမကြီးထုတ်ကာ မစင်သွားစေခဲ့သည်။
၂၀၀၉ခုနှစ် ဩဂုတ် ၅ရက်တွင် မန္တလေးပြည်သူ့ဆေးရုံကြီးမှ ထိုကလေး၏ စအိုပေါက်ကို အောင်မြင်စွာ ခွဲစိတ်အပေါက်ဖောက်ပေးနိုင်ခဲ့သည်။ ယခုအခါ ကလေး ဗိုက်မှဖောက်၍ထုတ်ထားသော အူမကြီးကို ဗိုက်ထဲပြန်ထည့်ပြီး ပုံမှန်အတိုင်းဖောက်ထား သည့် စအိုပေါက်နှင့်ဆက်သွယ်ရန်အတွက် ကလေးအားနည်းနေသေး၍ မဆောင်ရွက် နိုင်သေးဟု ဆိုသည်။
ကလေးအား အာဟာရရှိသောအစားအစာများကျွေးရန် ဆရာဝန်များက ညွှန်ကြားထားသော်လည်း မိဘများမှာ ငွေရေးကြေးရေးတတ်နိုင်မှုမရှိ၍ ရှိသလောက် ဖြင့် ကျွေးမွေးပြုစုထားသည်။ ကလေးဆေးကုသမှုစရိတ်လည်း လိုအပ်နေရာ စေတနာ ရှင်များအနေဖြင့် ဦးငွန်တောင်းလိန်+ဒေါ်ဆွီးခင်တောင်း ဖုန်း- (တစ်ဆင့်) ဝ၇၃-၂၂၀၀ရ သို့ ဆက်သွယ်လှူဒါန်းနိုင်သည်။
source: yangontimes

5 comments

  • etone

    August 2, 2010 at 8:22 am

    အတိတ်က ကံတွေပေါ့နော် ။ စိတ်မကောင်းပါဘူး ။

  • Yin Nyine Nway

    August 2, 2010 at 8:37 am

    အေး ဘယ်လို လုပ်မှာလဲ ဟင်
    ကြည့်ရတာ စိတ်မချမ်းသာစရာ

  • manawphyulay

    August 2, 2010 at 8:45 am

    ကလေးလေး အသက်ရှင်ဖို့ အတော် ကြိုးစားရမှာပေါ့နော်………….

  • khaung shan

    August 2, 2010 at 10:06 am

    တတ်နိုင်သလောက်တော့ကူညီပေးကြရုံပဲပေါ့…။

  • winne

    August 2, 2010 at 12:38 pm

    အတိတ်က ဝဋ်ကြွေးတွေဘဲ။ ဘယ်သူ မပြု မိမိမှု ယခုဘဝကတော့ သိပ်ဖြူစင်လွန်းပါတယ် ဘာမှ မသိရှာဘူးနော်။ သူရှင်သန်ပြန်တော့လည်း ဒီလို ဒုက္ခတွေနဲ့ နှစ်ပါးသွားရအုန်းမယ်။ ကံပါသလောက်တော့ နေရမှာပေါ့လေ

Leave a Reply