ကျွန်တော် အရင်က ဘာသာပြန်ထားတဲ့ ဆောင်းပါးလေးတစ်ပုဒ် ပြန်တွေ ့မိလို ့ တင်လိုက်တယ်။ မူရင်း ဆောင်းပါးရေးသူကို မမှတ်မိတော့ တဲ့အတွက် ခရက်ဒစ်မပေးနိုင်တော့ပါ။ အရင်က ကိုယ်စိတ်ဝင်စား တာလေးတွေ လျှောက်ပြီး ဘာသာပြန်ထားတာ ဟိုတစ်စ ဒီတစ်စနဲ့ ဖြစ်နေတော့..မူရင်း ဆောင်းပါးကို မတွေ ့မိတော့ပါပဲ။ ============================================================= အောက်ပါ ဆောင်းပါးသည် မှော်ပညာအကြောင်း၊အခြေခံနည်းနာများ၊အယူအဆများ၊ရိုးရာမှော်ပညာအယူအဆ များနှင့်ခေတ်သစ်စိတ်ပညာနည်းနာများ၏ အခြေခံအကြမ်းဖျင်းအကြောင်းကိုလက်လှမ်းမှီသလောက်ဖော်ပြခြင်းသာဖြစ် ပါသည်။ပထမဦးစွာ Esotericဆိုသည့်စကားလုံးကိုရှင်းပြရန်လိုပေသည်။ထိုစကားလုံးသည် ဂရိစကားလုံး Esoterikos ဆိုသည့်စကားလုံးမှဆင်းသက်လာခြင်းဖြစ်ပြီး အဓိပ္ပါယ်မှာ အဇ္ဈတ္တ ဟုဆိုသည်။နောက်စကားလုံး Occult သည်လည်း လက်တင် စကား Occulere မှဆင်းသက်လာပြီး လျှိူ့ဝှက်ထားသော ဟု အဓိပ္ပါယ်ရသည်။ထိုစကားလုံးများသည် လျှို့ဝှက်ဆန်းကြယ်သော အတတ်ပညာများဖြစ်သည့် ဂန္ဓာရီ ၊ဂမီ္ဘရပညာများကို လေ့လာခြင်းကိုဖော်ပြပေသည်။ လျှိူ့ဝှက်မှုများသည် ထိုထိုသော ဂန္ဓာရီ […]