etoneFebruary 22, 20131min32033
ဒီနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ကျွန်မဘဝမှာ ထူးထူးခြားခြား အမှတ်တရဖြစ်စေခဲ့တဲ့ ဘဝတစ်ဆစ်ချိုးတွေထဲက အမှတ်တရ နေ့လေး တစ်ခုပါပဲ ။ တစ်ခါမှ အကျွမ်းတဝင်ပတ်သတ်ခဲ့ ဖူးခြင်းမရှိတဲ့ ၊  ပတ်ဝန်းကျင်သစ်တစ်ခုနဲ့ စတင်ထိတွေ့ ခွင့်ရခဲ့တဲ့ နေ့လေးလို့ ပြောလျှင်လည်း မမှားနိုင်ပါဘူး ။ မတူညီတဲ့ စိတ်ဓါတ် ပိုင်ရှင်မျိုးစုံနဲ့ သိကျွမ်းခွင့်ရတဲ့ နေ့လေး တစ်နေ့အဖြစ်လည်း သတိတရရှိနေခဲ့ပါတယ် ။ ဘဝအတွက် အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုကို မရည်ရွယ်ပါပဲ ၊ မိမိဆန္ဒမပါပဲ မိဘ၊ ဆွေမျိုးများရဲ့ ထိန်းချုပ်မှုနဲ့ သွပ်သွင်းခြင်း ခံရလိုက်ရတဲ့ ပထမဆုံးအလုပ်ခွင်ဝင်ခဲ့ရတဲ့ နေ့လေးပါပဲ ။  ဘာလိုလိုနဲ့ (၇)နှစ် ပြည့်ခဲ့ပါပြီ ။ %%%%%%%%%%%%%%% ပေါ့ပေါ့နေ ပေါ့ပေါ့စား ၊ ဘဝကို ဘာမှ […]


etoneFebruary 18, 20131min27936
အားလုံးပဲ မင်္ဂလာပါနော် … ဒီရက်ပိုင်း ဘာမှ ရေရေရာရာ position မဟုတ်ပဲ အလုပ်တွေရှုပ်နေတာက တကြောင်း ၊ စာရေးရင်းနဲ့ အဆုံးမသတ်ပဲ ထားခဲ့တာတွေလည်းရှိတာက တကြောင်း၊ ပျင်းနေဖြစ်တာကလည်း တကြောင်းမို့ ပို့စ်မရေးဖြစ်တာ ကြာသွားခဲ့ပါတယ် ။ အခုတော့ ကိုယ်တိုင်လည်း မျက်မြင် ကြုံတွေ့ခဲ့ပြီး ၊ စိတ်ထဲ အတော်လေး ကသိကအောက်ဖြစ်နေ တဲ့ အကြောင်းရာလေးတွေကို မိမိရဲ့ တစ်ဦးတစ်ယောက်တည်း အမြင်ကနေ ဇောင်းပေးရေးသွားမှာ ဖြစ်တာကြောင့် ၊အရေးသား အသုံးနှုန်းတွေပေါ်မှာပဲဖြစ်ဖြစ် ၊ ကြုံခဲ့ရတဲ့ အတွေ့ကြုံပေါ်မှာဖြစ်ဖြစ်  ထိခိုက်နစ်နာမှုများ  ရှိလျှင် ခွင့်လွှတ်ကြပါလို့ ကြိုတောင်းပန်ထားပါရစေ ။ %%%%%%%%%%%%%%% ပြီးခဲ့တဲ့ တပတ်စနေနေ ့က လှည်းတန်းဘက်ကို အိမ်ကခိုင်းတဲ့ ကိစ္စတစ်ခုကြောင့် ခဏတာ ရောက်ဖြစ်ခဲ့ပါတယ် ။ […]


etoneDecember 18, 20123min20231
                သဂျီးနဲ့ တကွ ရွာသူ၊ရွာသား … မင်္ဂလာပါနော် ။ နှစ်ကုန်ခါနီး အချိန် ၊အလုပ်တွေ နှစ်ဆ၊ သုံးဆ တိုးလုပ်နေရတာကြောင့် အရင်ကလို ရွာရိုးကိုးပေါက်ခြေကျင်မလျှောက်နိုင်ခဲ့ပါဘူး ။ တစ်ချို့ပို့စ်လေးတွေ အရမ်းကောင်းပေမယ့် ကော့မန့် မပေးနိုင်ခဲ့တာလည်း အားနာမိပါတယ် ။ လတ်တလောမှာ ရွာပြင်ကတောင်ရစ်သီ ရစ်သီမလုပ်နိုင်တဲ့ နေ့တွေမျိုးလည်းရှိနေပါသေးတယ် ။ကျွန်မအခုလို နေ့စဉ်နေ့တိုင်း အလူးအလဲ ရုန်းကန်ရင်း အလုပ်လုပ်ရတဲ့အခါ ၊ စိတ်ဖိစီးမှုတွေ ၊ စိတ်အလိုမကျမှုတွေ ကြီးစိုးလာခဲ့ပြီး စိတ်မကျန်းမာတဲ့ အနေထားမျိုးရင်ဆိုင်ခဲ့ရပါတယ် ။ လက်လုပ်လက်စား အခြေခံ လူတန်းစား ဘဝမို့ ၊ သင့်တော်ရာနေရာမှာ ၊ သင့်တော်တဲ့ အလုပ်လုပ်ရတာ […]


etoneOctober 23, 20126min49558
လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ၊ ရွှေတိဂုံဘုရား နဲ့ ရင်ပြင်တော် တလျှောက်ကို ပြုပြင်မွန်းမံပြီး ခါစ ၊တပတ်တခါနီးပါး ဘုရားရောက်ဖြစ်ခဲ့ပါတယ် ။ ရောက်ဖြစ်တိုင်း ၊ ထူးခြားနေတဲ့ နတ်မင်းကြီးတွေမျက်နှာကို ဓါတ်ပုံရိုက်မယ်ကြံရွယ်ပြီးမ ရိုက်ဖြစ်ခဲ့ပါဘူး ။ ဘာသာရေး အယူဆတွေနဲ့ ပတ်သတ်လို့ လက်ရှောင်ခဲ့တာကြောင့် ဒီလို ဓါတ်ပုံတွေ ရိုက်ဖို့လည်း စိတ်ကူးသာ ရှိတာ လက်တွေ့မှာ မချင့်မရဲဖြစ်ခဲ့ပါတယ် ။ တခြားသော ဘာသာဝင်တွေ ထင်မြင်ယူဆချက် တစ်စုံတစ်ရာ ပေးဖို့ ဟိုက်လိုက်လုပ်သလို ဖြစ်နေမှာလည်းကြောက်တာကြောင့်ပါ ။ တပတ်တစ်ခါ ဘုရားရောက်တိုင်း ရိုက်ကောင်းနိုး ၊ မကောင်းနိုးနဲ့ စဉ်းစား လာလိုက်တာ ရင်ပြင်တော်တလျှောက် ပြုပြင်မွန်းမံ အပြီး သုံးလလောက်မှာ ၊ ဆက်မစဉ်းစားနိုင်ပဲ ၊ ဓါတ်ပုံရိုက်ယူထားခဲ့မိပါတယ် ။  […]


etoneOctober 10, 20121min64191
ဒီနေ့မနက်စောစော မိုးလေးတဖွဲဖွဲရွာလို့ အိပ်ယာမထချင်ပဲ ကွေးကောင်းတုန်းရှိသေးတယ် ၊ ဝုန်း ဝုန်း ဒိုင်း ဒိုင်း အသံစုံကြောင့် မျက်လုံးပြူးသွားရပါတယ် ။ တစ်စုံတစ်ယောက် တံခါးခေါက်ခြင်းလို့ သိပေမယ့် ၊ အိမ်သားတွေအကုန်ခရီးသွားလို့ တစ်ယောက်တည်းကျန်နေခဲ့တဲ့ ကျွန်မအဖို့ ဘယ်ဧည်သည်ကိုမှ လက်မခံချင်ပါဘူး ။ ဆက်ဆံရေးကောင်းလွန်းလို့ ကျွန်မနဲ့ ပတ်သတ်ပြီး ဧည့်သည် လာစရာလည်း မရှိတာကြောင့်  ၊ စောင်ခေါင်းမြီးခြုံပြီး ၊ တံခါးခေါက်သံကို ဥပက္ခာပြုကာ ပြန်ကွေးမိပါတယ် ကမာ္ဘပြိုတာတောင် ထမကြည့်ဘူးဆိုတဲ့ အတွေးတွေနဲ့ပေါ့  ။ တံခါးဆီက ထုရိုက်သံကလည်း အဆက်မပြတ်နဲ့  ဇွဲကြီးစွာ ထွက်ပေါ်နေတုန်းပါပဲ ။ စောင်းခေါင်းမြီးခြုံထားတာတောင် ၊ တံခါးခေါက်သံကြားနေရသေးတာကြောင့် ကျွန်မစိတ်တိုစပြုလာပါပြီ ။ စိတ်အချဉ်ပေါက်သလို နည်းနည်းဖြစ်လာပါပြီ ။ ခဏတော့စောင့်ကြည့်ပေမယ့် ရပ်မသွားပဲ တရစပ်ခေါက်သံကြောင့် […]


etoneOctober 1, 20121min48649
ငထုံတဲ့ …..ငထုံ ဆိုတာ တခြားတော့မဟုတ်ပါဘူး …. မနေ့ကမှ သစ်စက်စက် ကင်ပွန်းတပ်လိုက်တဲ့ ကျွန်မရဲ့ နာမည်သစ်လေးပါပဲ ။ တစ်မိသားစုလုံးကလည်း ၊ နာမည် အသစ်ပေါ် အကြွင်းမဲ့ ထောက်ခံလိုက်ကြပါတယ် ။ ထိုက်တန်တဲ့ နာမည်လို့လည်း ဆိုကြသတဲ့ 😥  မိအေးကဖြင့် နှစ်ခါပဲ နာပါတယ် … ကျွန်မကတော့ အကြိမ်ကြိမ်ကိုနာတာတောင် အမှတ်မရှိလို ့ နောက်နောင် အမှတ်သည်းခြေရှိသွားအောင် နာမည်ပါပြောင်းလိုက်ရတဲ့ အဖြစ်ပါ ။ အကြိမ်ကြိမ်နာတယ်ဆိုတာ အသည်းနာတယ် ၊ (ရင်ခံတယ်၊ နင်တယ်) ရင်နာတယ် ၊ စိတ်နာတယ်ဆိုတာကို ရည်ညွှန်းပါတယ် ။ :hee: ကံစမ်းမဲ ၊ ဒစ်စကောင့်တွေအတော်များများ မက်လုံးပေးတဲ့နောက်ကို ယောင်လိုက်ရင်း ၊ အမြဲတမ်း မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့တဲ့ […]


etoneSeptember 25, 20122min45178
I love you ဆိုတဲ့ စာကြောင်းလေး တကြောင်းနဲ့  အေးခဲနေတဲ့ ဆက်ဆံရေးကို ၊ ပြန်လည် နွေးထွေး လာနိုင်စေတယ်လို့ ပြောလျှင် ၊ လွယ်လွယ်နဲ့တော့ ယုံရခက်မယ်ထင်ပါတယ် ။ စိန်ခေါ်မှုနဲ့ အပြိုင်ဆိုင်များလှတဲ့ နှစ်ဆယ့်တစ်ရာစုမှာ အရွယ်ရောက်ရတဲ့ ကျွန်မတို့တွေ ဘဝအာမခံချက်နဲ့ အသက်ရှင်ရပ်တည်ရေးအတွက် ၊ နေဝင်နေထွက် ရုန်းကန်ရင်း အလုပ်လုပ်ကြရပါတယ် ။ ဘိုးတော်ဘုရားလေးဘက်သွားတဲ့ ခေတ်ကလို အိမ်ထောင်ဦးစီးတစ်ယောက်ရှာရုံနဲ ့ တစ်ဆွေလုံးတစ်မျိုးလုံး ထိုင်စားလို့ရတဲ့ခေတ်မဟုတ်တော့ ၊ မိသားစုတွင်းမှာတောင် ၊ လူတိုင်းနီးပါး တက်ညီလက်ညီ အလုပ်လုပ်ကြရတယ် ။ အလုပ်မလုပ်နိုင်လို့ အိမ်မှာနေတာတောင် ၊ အိမ်အလုပ်လုပ်ပြီး တာဝန်ကျေရတာမျိုးပါ ။ ကျွန်မတို ့မိသားစုလည်း အများနည်းတူ ၊ ကိုယ့်လှေကိုယ်ထိုး ပဲခူးရောက်ရောက်ဆိုတဲ့ စိတ်မျိုးတွေနဲ့ […]


etoneAugust 27, 20121min54547
မနေ့က ပိတ်ရက်မှာ မိသားစုနဲ့  ထိုင်နေကျ ကော်ဖီဆိုင်လေးမှာ အေးအေးလူလူ ကော်ဖီထိုင်သောက်ရင်း အရှေ့ဝိုင်းက အတွဲ တစ်တွဲကိုမြင်ရတာ အတော်လေး အခြေနေဆိုးနေတာနဲ့ ဓါတ်ပုံရိုက်မှတ်တမ်းတင်ထားခဲ့ပါတယ် ။ ကျွန်မဓါတ်ပုံ ဓါတ်ပုံရိုက်မှန်း လည်း သူတို့မြင်ပါတယ် ။ မြင်လို့ပဲ ပိုဆိုးလာသလား မပြောတတ်တော့ပါဘူး ။ မိသားစုနဲ့ သွားထိုင်လို့ မျက်နှာပူပြီး ထားစရာနေရာတောင်မရှိပါဘူး ။ အမေကတော့ ပြောပါတယ် …..  ငါ့သမီးကိုသာ အပြင်မှာ အဲ့လို မြင်ရလျှင် ၊ ရှက်လွန်းလို့ သေမှာပဲတဲ့ …… ။ ဒီခေတ်မိန်းကလေးတွေများ ထိန်းမနိုင် သိမ်းမနိုင်နဲ့တဲ့ ……. သမီးတစ်ကောင် နွားတစ်ထောင်ရယ်ဆိုပြီ … တီးတိုးညီးတွားသံလေးကြားလိုက်ရတယ် ။သူ့သမီး အဖြစ်မရှိတာကို ၊ အထင်ကြီးတတ်တဲ့ အမေ့ကိုလည်း ..အားနာနာနဲ့ပဲ  ပြန်ပြုံးပြမိပါတယ် […]


etoneAugust 25, 20121min27227
ညီမလေးတစ်ယောက်က ကော်ရည်ခေါက်ဆွဲ စားချင်တယ် ပြောပြောနေပေမယ့် အနီးနားမှာ ကော်ရည်ရောင်းတဲ့ဆိုင်မရှိလို့ ၊ မကျွေးဖြစ်ခဲ့ဘူးလေ ။ အဝေးကြီးလည်း သွားမစားချင်တာနဲ့ ဒီတပတ်တော့ ကိုယ်တိုင်ပဲ ကော်ရည်ခေါက်ဆွဲ လုပ်ကျွေးဖြစ်ခဲ့ပါတယ် ။ ကော်ရည်ခေါက်ဆွဲ နှစ်ယောက်စာ ချက်ရင်း ၊ ရွာသူားတွေကို သတိရမိလို့ ၊ ကော်ရည်ခေါက်ဆွဲ ချက်နည်းလေး ရေးပေးလိုက်ပါတယ်နော် ။ ကော်ရည်ခေါက်ဆွဲ လုပ်တော့မယ်ဆိုလျှင် ဂျုံခေါက်ဆွဲခြောက် ၊ ကြက်သား ၊ မှိုခြောက် ၊ ပန်းခြောက် ၊Sausage(ကြိုက်လို့တမင်ထည့်တာပါ၊ သာမန်အားဖြင့်မထည့်စားတတ်ကြပါဘူး ) ၊ ကော်မှုန့် ၊ ဘဲဥ ၊ ကန်စွန်းရွက် ၊ ပဲငံပြာရည် ၊ ဆား ၊ သကြား နဲ့ ရေတို့ အဓိက လိုအပ်ပါတယ် […]


etoneAugust 20, 20122min45128
              ရုံးပိတ်ရက် ၊ကျောင်းပိတ်ရက်မှာ သူငယ်ချင်းတွေဆုံလို့ပဲဖြစ်ဖြစ် ၊ မိသားစုတွေ အပျင်းဖြေပဲဖြစ်ဖြစ် အပျော်တမ်းမုန့်လုပ်စားဖို့ဖက်ထုပ်လုပ်နည်းလေး ရေးပေးပါမယ် ။ ဖက်ထုပ်ကို ပုံစံမျိုးစုံနဲ့ လုပ်စားကြပေမယ့် ၊ ဒီတစ်ခါ ရေးပြမယ့်နည်းလေးကတော့ စားနေကြ ဖက်ထုပ်အရသာတွေနဲ့ မတူပဲ ၊ နည်းနည်းလေး ကွဲထွက်နေတဲ့နည်းလေးပါ ။ ဖက်ထုပ်ထဲမှာ ထည့်မယ့် အစာရဲ့ အရသာလေးက …. ချဉ်ချဉ်စပ်စပ်လေးပေါ့ ……. ။ အထူးသဖြင့် ကိုရီးယားတွေ လုပ်စားတဲ့ ဖက်ထုပ်ပုံစံပါပဲ ။ ပါဝင်တဲ့ ပစ္စည်းတွေကတော ့ ဂျုံ ၊ ကြက်ဥ ၊ ဝက်သား ၊ ဂေါ်ဖီ ၊ ပဲပင်ပေါက် ၊ […]


etoneAugust 14, 20121min39838
ပြီးခဲ့တဲ့ ပိတ်ရက်တစ်ရက်က ၊ အိမ်စောင့်နတ်နဲ့ ရန်ဖြစ်ထားတဲ့ ကျွန်မကို ၊ အမျိုးတစ်ယောက်နေမကောင်းတာ သတင်းမေးသွားဖို့ ၊ အိမ်ကလူကြီးတွေတွန်းအားပေးတာကြောင့် မသွားချင်ပဲ သတင်းမေးရောက်ခဲ့ပါတယ် ။  နေမကောင်းတဲ့ လူကို ကြည့်ပြီး ရယ်ပြရမလား ၊ စိတ်မကောင်းပဲဖြစ်ရမလား ၊ သူ့ဝေယျာဝစ္စတွေပဲ ကူလုပ်ပေးရမလားဆိုတဲ့ အတွေးတွေနဲ့ စိတ်ရှုပ်နေတာကြောင့် မသွားချင်ခဲ့တာပါ ။ နေမကောင်းတဲ့ လူဆီသွားတဲ့အခါ ၊ လက်ဗလာနဲ့သွားလို့မဖြစ်တော့ ၊ တစ်ခုခုဝယ်ဖို့တွေးရပြီပေါ့ ။ ဘာရောဂါဖြစ်မှန်းလည်း မသိ ၊ ဘာစားချင်မှန်းလည်းမသိ ၊ ဘာစားလို့ သင့်တော်လဲမသိတော့ ၊ သူ့အတွက် တစ်ခုခုဝယ်ဖို့ တွေးရတာကစပြီး စိတ်ကျဉ်းကြပ်သလို ခံစားရပါပြီ ။ %%%%%%%%%%%%%% မရောက်ဖြစ်တာ ကြာပေမယ့် ၊ ခပ်ရေးရေးမှတ်မိနေတဲ့ အသိဉာဏ်ထဲကအတိုင်း ၊ […]


etoneAugust 3, 20121min29532
စိတ်ထဲမှာ တစ်ခုခုခံစားမှု ဖြစ်လာတိုင်း ရွာထဲဝင်ပြီးရေးဖြစ်တဲ့ အကျင့်လေးရှိတာမို့ ဒီတစ်ခါလည်း စိတ်ထဲမှာ ပြင်းပြင်းပြပြဝေဒနာစွဲကပ်နေတာကြောင့် မျက်နှာပူပူနဲ့ပဲ ရွာထဲမှာ ရင်ဖွင့်ခဲ့ပါတယ် ။ ကျွန်မလက်တလောခံစားနေရတဲ့ ဝေဒနာက စွဲလမ်းမှုဝေဒနာပါ ။ ဒီလိုဝေဒနာမျိုး စိတ်ထဲ ပြင်းပြင်းပြပြခံစားနေရတာကြောင့် ကိုယ့်ကိုယ်ကိုတောင် အံ့ဩမိပါတယ် ။ စွဲလမ်းစိတ်နဲ့ ရူးချင်ချင်တောင်ဖြစ်နေမိတာ ပွင့်လင်းစွာနဲ့ ဝန်ခံပါတယ် ။ ပြောလျှင်တောင် ယုံကြမယ်မထင်ဘူး … ကျွန်မသူ့ကို တကြိမ်တစ်ခါမှ မမြင်ဖူးပဲနဲ့ အသံကြားရုံနဲ့ စွဲလမ်းမိပါတယ် ။ သူ့ကိုစွဲလမ်းတယ်လို့ ပြောရမှာထက် … သူ့အသံကို စွဲလမ်းမိတယ်လို့ ပြောလျှင ်ပိုမှန်ပါလိမ့်မယ် ။ ကြားလိုက်တာနဲ့ ကျွန်မအတွက်တော့ …. လန်းဆန်းပျော်ရွှင်စိတ်ကို ဖြစ်စေနိုင်တဲ့ အသံမျိုးပါ ။ သူ့အသံကြားရလျှင်ပဲ ရင်ခုန်နှုန်းတွေမြန်သွားပြီး ပျော်လာသလိုလို တဆက်တည်းခံစားမိပြန်တယ် […]


etoneJuly 31, 20121min25825
  ကျွန်မတို့နိုင်ငံက ယခုထက်ထိ ဖွံ ့ဖြိုးစဲနိုင်ငံအဖြစ်ရပ်တည်နေရသေးလို့လား မသိဘူး …. ပါ့ဘလစ်နေရာတွေမှာ ပရိုက်ဗိတ်ဆန်ဆန် ပြုမူနေတာတွေ တွေ့နေရတုန်းပါပဲ  ။ တွေ့မိမြင်မိတာ ၊ အကြိမ်ကြိမ်ဖြစ်လာတော့လည်း ပို့စ်ရေးပြီး အများမြင်အောင် ချပြချင်တဲ့စိတ်ဖြစ်လာမိပါတယ် ။ အကျိုးကြောင်းတိုက်ဆိုင်လို့ .. အဖြစ်ပျက်တူသူတွေထဲက ဖတ်မိလျှင်လည်း ၊ ပါ့ဘလစ်နဲ့ ပရိုက်ဗိတ်ခွဲခြားတတ်မယ်ဆိုလျှင် … တစ်ယောက်ပဲ ဖတ်မိစေဦးတော့ ……..ရေးရကျိုးနပ်တယ်လို့ မှတ်ယူပါမယ် …… ။ တိုက်ဆိုင်သူတွေက ဝိုင်းပြီး မေတ္တာပို့မယ်ဆိုလည်း … ကျိန်စာဝလေ လှလေလို့ သတ်မှတ်ပြီး ……ခံယူပါမယ် …. %%%%%%%%%%%%%%%%%% ဘိုးတော်ဘုရား လေးဘက်သွားတဲ့ ခေတ်တွေကတည်းက ဖက်ကြမ်းဆေးလိပ်သောက်လာရာကနေ … အခုဆို လမ်းမတွေပေါ်မှာ စီးကရက်လက်ကြားညှပ်လို့ သောက်နေတဲ့အမျိုးသားတွေ အရွယ်စုံ အတန်း စုံ […]