နိုင်ငံခြားသား ဧည့်သည်တစ်ယောက် အလုပ်ကိစ္စနဲ့မြန်မာပြည်ရောက်တုန်း စကော့ဈေးထဲ ခြေဦးလှည့်ချင်တယ်ဆိုတာနဲ့ လိုက်ပို့ပေးဖို့ … ဗိုလ်ချုပ်လမ်းအတိုင်းလျှောက်လာခဲ့ပါတယ် … ။ သူတည်းခိုတဲ့နေရာက ထရိတ်ဒါးဟိုတယ်မှာ ဖြစ်လို့ …. ဗိုလ်ချုပ်လမ်းအတိုင်းနောက်ပြန်လျှောက်ခဲ့ကြတ ယ် ။ တစ်ဖက်လမ်းကို ကူးဖို့ ကားရှင်းတဲ့ အချိန် ကျွန်မက မျဥ်းကြားရှာမနေတော့ပဲ အလွယ်သာ ကူးဖို့ ပြင်လိုက်ပါတယ် ။ သူ့ကိုလည်း ကူးဖို့ အသံပေးရင်း ကားအလစ်ဖြတ်ကူးမယ်အလုပ် … ကျွန်မကို လမ်းပေါ်က ဖြတ်မကူးဖို့ တားပြီး ရှေ့ဆက်လျှောက်ပါတော့တယ် …. ။ ဗိုလ်ချုပ်လမ်းလို နေရာမျိုးက ကားအသွားလာ ပြတ်တယ်လို့မရှိပါဘူး .. ကားလမ်းကူးလျှင် ကားသွားလာများတာကြောင့် …စိတ်ရှည်လက်ရှည်နဲ့ ကူးရတဲ့ လမ်းမျိုးဖြစ်တာမို့ … ကားလစ်တုန်းကူးဖို ့ပြင်ရတာပါ … ။ ထို […]